ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဗမာပြည်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲနှစ်ရဲ့အရေးပါမှု

ရဲဘော်ဖိုးသံချောင်း

၁၃ ဇန်န၀ါရီ ၂၀၁၀
line
 

အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရတို့ရဲ့ တာဝန်ရှိသူတွေက နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ်မှာ သံသယရှိကြောင်း ထုတ်ပြော နေကြတုန်းမှာပဲ နအဖခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ သူ့ရဲ့လွတ်လပ်ရေးနေ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။ တဆက်တည်းပဲ ဂျပန် အဆာဟိရှင်ဘွန်း သတင်းစာမှာလည်း ရွေးကောက်ပွဲကို ဒီနှစ် အောက်တိုဘာ (၁ဝ) ရက်မှာ လုပ်မယ်လို့ သတင်းပါလာတယ်။ ဗမာပြည်ရဲ့ ၂ဝ၁ဝ ခုနှစ် နိုင်ငံရေးဟာ ဒါနဲ့ပဲ အစဖွင့်လိုက်တယ်လို့ ဆိုကြပါစို့။

အခု နအဖနဲ့ ရင်ဆိုင်နေရတာကို ဒုတိယလွတ်လပ်ရေးတိုက်ပွဲလို့ ပြောကြတာကို မကြာခဏကြားရပါတယ်။ အနှစ်သာရချင်း မတူပါဘူးထင်ပါတယ်။ နယ်ချဲ့သမားကို တွန်းလှန်ရတာနဲ့ ကိုယ့်နိုင်ငံသားချင်းကို တွန်းလှန်ရတာ မတူပါဘူး။ ကိုယ့်နိုင်ငံသားချင်း အကြားမှာဖြစ်ပွားတဲ့ ကိုယ့်နိုင်ငံသားချင်းဖြစ်နေလို့ကို ပဋိပက္ခဟာ ပိုမိုရှုပ်ထွေးပြီး သဘောမပေါက်တာ၊ မျက်စိလည်တာတွေ အများအပြား ဖြစ်ပေါ်တတ်ပါတယ်။ ကိုလိုနီခေတ်တုန်းကတော့ ကိုလိုနီလုပ်ထားတဲ့နိုင်ငံက အင်အားကြီး နိုင်ငံဖြစ်နေတော့ တခြားနိုင်ငံတွေက ဝင်စွက်ဖက်တာနည်းပါတယ်။ သူတို့ချင်း စစ်ဖြစ်ကာမှဖြစ်ရောပါ။ ဒါပေမယ့် ဒီနေ့လို အနေအထားမှာကျတော့ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေ များတတ်ပါတယ်။

ဒါပေမယ့် အခုအရေးတော်ပုံမှာ လွတ်လပ်ရေးတိုက်ပွဲတုန်းကလို အမြင်ကြည်လင် ပြတ်သားမှုရှိကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ လိုပါတယ်။ အာဏာပလ္လင်ပေါ်မှာ ရာစုနှစ် တဝက်ကျော် အခြေကျနေတဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ဖိနှိပ်တဲ့အတွေ့အကြုံ၊ သပ်လျှိုဖြိုခွဲတဲ့၊ အကြမ်းဖက် ဖြိုခွဲတဲ့ အတွေ့အကြုံတွေ အင်မတန်ကြွယ်ဝတယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။ တဆက်တည်းမှာပဲ တခြားနိုင်ငံနဲ့ အတိုက်အခံအဖွဲ့အစည်းတွေထဲမှာ သူတို့လူတွေ မြှုပ်နှံတဲ့အတွေ့အကြုံလည်း ရာစုနှစ်တဝက်စာ ရှိတယ်ဆိုတာကို အမြဲနှလုံးသွင်းထား ရမှာပါ။ နောက်ပြီး အင်အား (၅) သိန်းနီးပါးရှိတဲ့ စစ်တပ်ကြီး။

ဒီလိုအင်အားကြီးပြီး လူသတ်တာ လက်ယဉ်နေတဲ့ အစိုးရတရပ်ကို ရင်ဆိုင်ဖို့ဆိုရင် ၁၉၄၆ ခုနှစ်တုန်းကထက်မလျော့တဲ့ လူထု အင်အားမျိုးကို စုစည်းဖို့လိုပါတယ်။ ခေါင်းဆောင်မှုဟာလည်း ၁၉၄၅-၄၆ တုန်းက ဖဆပလအဖွဲ့ကြီးလို သွေးစည်းညီညွတ်ပြီး တောင့်တင်းရပါမယ်။ ဒါ့အပြင် ဖက်ဆစ်ဂျပန် တော်လှန်ရေးတုန်းကလို လိုအပ်ရင် တိုက်ပွဲသဏ္ဌာန်မျိုးစုံကို ပြောင်းလဲဆင်နွှဲတဲ့ အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက်များလည်း ရှိရပါမယ်။

ဒီ ၂ဝ၁ဝ ခုနှစ်ဟာ ဗမာပြည်အတွက် အရေးကြီးတဲ့ နှစ်တနှစ်ဖြစ်တယ်ဆိုတာကို ဘယ်သူမှမငြင်းပါဘူး။ ဗိုလ်သန်းရွှေတို့ အနေနဲ့ မျိုးဆက်လက်သစ်ကို လက်လွှဲတာလုပ်မလား၊ လုပ်ရင်ကော ရှောရှောရှူရှူဖြစ်ပါ့မလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖစီစဉ်တဲ့အတိုင်း လက်မခံသေးတဲ့ အပစ်ရပ်အဖွဲ့တွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဗိုလ်ချုပ်တွေမှာ “အပြတ်” ကိုင်ဖို့ အင်အား ရှိနေပြီလား။ အမေရိကန်နဲ့ ရွှေလမ်းငွေလမ်းဖောက်တာ အောင်မြင်မလား၊ အောင်မြင်သွားရင် တရုတ်ပြည်က ဘယ်လိုခြေလှမ်းမျိုး လှမ်းလေမလဲ။ အနေဆင်းရဲ၊ အသေဆင်းရဲဖြစ်နေကြတဲ့ ရဟန်းရှင်လူပြည်သူအပေါင်းကရော ဘာလုပ်ကြ မလဲ။ တလောကဖြစ်ပေါ်လိုက်တဲ့ သပိတ်မျိုးတွေကနေ သပိတ်ကြီးတွေ ပေါ်လာမလား။ အချိန်ပေးပြီး ထိုင်စိတ်ကူးယဉ် နေရင်တောင် အတော်အတွေးနယ်ချဲ့လို့ကောင်းတဲ့ အနေအထားတွေဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်သူမှ စိတ်ကူးယဉ်နေလို့မရတဲ့ ၂ဝ၁ဝ ခုနှစ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ နအဖအဖို့ ဗမာပြည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီတည်ရှိနေတဲ့ ဒုတိယမြောက်စစ်အာဏာရှင်စနစ် ဖြစ်ဖို့လုပ်ရတာဖြစ်ပါတယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို ရေရှည်ထိန်းသိမ်းသွားရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သမိုင်းဝင်အကွေ့အပြောင်းဖြစ်ပါတယ်။ အကွေ့မတော်ရင် အာဏာသိမ်းပွဲ တွေတောင် ဖြစ်လာနိုင်တဲ့အဆင့်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင်လည်း ခေါင်းဆောင်မှု ပြန်လည်ဖွဲ့စည်းတဲ့ အချိန်မှာ နအဖရဲ့ အဆိုးဝါးဆုံးဖိနှိပ်ခံရနိုင်တဲ့ကိန်းနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ့်ကို အစမ်းသပ်ခံရမယ့် နှစ်ပါ။ အပစ်ရပ်အဖွဲ့တွေ အတွက်ကတော့ အထူးပြောစရာမလိုပါဘူး။ ကိုးကန့်ကံကြမ္မာအတိုင်းဖြစ်မလား၊ ကျားပေါ်ခွစီးထားရာ ကနေ အောက်ကို ဆင်းတော့မလားဆိုတာကို ရင်ဆိုင်ရပါတော့မယ်။ နောက်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူဌေးဖြစ် ဖြစ်ကြဲဖို့ ပြင်ဆင်ထားကြသူတွေဆိုရင်လည်း သူတို့ရဲ့ဘဝတခုလုံး ပုံအောထားတာတွေ အဖြေထွက်မှာဖြစ်ပါတယ်။

ဒီတော့ နအဖအနေနဲ့ ဒီနှစ်ထဲ၊ ဒီတပွဲမှာ အကြမ်းအနု၊ အပစ်အခတ် အညစ်အပတ်တွေနဲ့ ချဲတော့မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကမူးရှူးထိုးလုပ်တာ၊ ရှက်ရမ်းရမ်းတာတွေကိုတောင် ကြုံရကောင်းကြုံရနိုင်ပါတယ်။ သူတို့ မြှုပ်ထားတဲ့ အင်အားတွေကို ထုတ်သုံးတာ၊ ထိုးကျွေးတာတွေလည်း လုပ်လာနိုင်ပါတယ်။ တနည်းပြောရရင် သူတို့လည်း ဒီတပွဲမှာ ပုံအောလာနိုင်ပါတယ်။ ဒါကို ရင်ဆိုင်တဲ့အခါမှာ အတိုက်အခံတွေဟာ နအဖစစ်အာဏာရှင်တွေကို စက္ကူကျားလို့ မြင်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ စက္ကူကျားလို့ ဆိုလိုက်တော့ ဒီအသုံးအနှုန်းကို ထပ်ပြန်တလဲလဲကြားဖူးနေတာမို့ နှာခေါင်းရှုံ့ကောင်း ရှုံ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုသေနင်္ဂဗျူဟာအမြင်၊ ရေရှည်အမြင်မရှိရင် နအဖစစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အစိုးရကို ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။ အခုတတိယအင်အားလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေသူတွေနဲ့ နအဖအတွက် ရှေ့နေလိုက် သဘောတရား ထုတ်ပေးနေသူတွေအထဲက အများစုကြီးဟာ တချိန်က နအဖကို ဆန့်ကျင်တဲ့အင်အားစုတွေ၊ လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ဖူးတယ်ဆိုတာ မှတ်မိကြပါလိမ့်မယ်။ ဒါပေမယ့် တိုက်ပွဲအချိန်ကြာလာတော့ သူတို့ဟာ နအဖစစ်အုပ်စုကို စက္ကူကျားလို့ မမြင်တော့ဘဲ တကယ့်ကျားကြီးလို့ မြင်လာ၊ ရွံ့လာကြပါတယ်။ ဒီလိုနဲ့ နအဖကို ဆန့်ကျင်လို့ မရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုချပြီး ရပ်တည်ချက်ပြောင်းသွားကြတာဖြစ်ပါတယ်။ ဒါကြောင့် စက္ကူကျားလို့ ကြည့်မြင်တယ် ဆိုတာဟာ အခြေခံရပ်တည်ချက်ပြဿနာဖြစ်ပါတယ်။ ကိုယ့်ထက်အဆမတန် အင်အားကြီးတဲ့ စစ်အုပ်စုကို ရေရှည်ရင်ဆိုင် တိုက်ပွဲဝင်ဖို့အတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ပါတယ်။

စက္ကူကျားလို့ မြင်တယ်ဆိုတာနဲ့ တချိန်တည်းမှာ လက်တွေ့လုပ်ငန်းတွေကို အင်မတန် အလေးအနက်ထား၊ အစီအစဉ်ရှိရှိနဲ့ ချမှတ်လုပ်ကိုင်သွားဖို့ လိုပါတယ်။ ဗမာပြည်က စစ်အာဏာရှင်စနစ်ဟာ သူ့အလိုလိုပျောက်ပျယ်သွားမယ်လို့ စဉ်းစားလို့ လုံးဝ မဖြစ်ပါဘူး။ သူ့အင်အားနဲ့ ကိုယ့်အင်အားကို တွက်ချက်ပြီး လုပ်ငန်းတွေ သင့်တော်သလို ချမှတ်တတ်ဖို့လိုပါတယ်။ နောက် တချက်ပြောသင့်တာက တော်လှန်ရေးလုပ်တယ်ဆိုတာ ဆန်စင်ရာကျည်ပွေ့လိုက်၊ မီးစင်ကြည့်ကနေလို့ မဖြစ်ဘူးဆိုတာပါပဲ။ မှန်ပါတယ်။ လောလောဆယ်ပေါ်လာတဲ့ကိစ္စတွေကို ရင်ဆိုင်တာ၊ ဖြေရှင်းတာတွေ လုပ်ရပါတယ်။ ဒါပေမယ့် အဲဒါတွေက အဓိကလုပ်ငန်းဖြစ်မသွားဖို့၊ အဓိကလုပ်ငန်းကို ဖုံးလွှမ်းမသွားဖို့ သိပ်အရေးကြီးပါတယ်။

ဒီနည်းပရိယာယ်လုပ်ငန်းဟာ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းတဲ့အလျောက် သွက်သွက်လက်လက် လိုက်ပြောင်း နိုင်ဖို့လည်း အရေးကြီပါတယ်။ ဗမာပြည်လွတ်လပ်ရေးအတွက် လုပ်ကြတယ်ဆိုရာမှာ ၁၃ဝဝ ပြည့်သပိတ်ကြီးလိုဟာကနေ ဂျပန်ဖက်ဆစ်ကို လက်နက်ကိုင် တော်လှန်ခဲ့တာ၊ တခါ အဲဒီလက်နက်တွေကိုစွန့်ပြီး ၁၉၄၆ ခုနှစ် သပိတ်ကြီးဆင်နွှဲတာ၊ အချိန်မရွေး လက်နက်ကိုင်တိုက်နိုင်ကြောင်း အင်္ဂလိပ်တွေကို သတိပေးနေတာ စသဖြင့် အမျိုးအစားလုံးဝမတူတဲ့ တိုက်ပွဲသဏ္ဌာန်တွေကို ဆင်နွှဲခဲ့ကြလို့ အောင်ပွဲခံခဲ့ကြတာပါ။

လက်ရှိနိုင်ငံတကာအခြေအနေဟာ ဗမာပြည်သူတွေရဲ့ အရေးတော်ပုံအတွက် အကောင်းကြီးမဟုတ်ပေမယ့် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ တကယ်လို့ နအဖသာ လိမ့်လိမ့်လဲလဲဖြစ်ရင် ဘယ်နိုင်ငံကမှ လာကယ်မှာမဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းမှာ ကိုယ့်အင် ကိုယ့်အားနဲ့ လုပ်နိုင်ရင် ဘယ်သူကမှ ပြောမှာမဟုတ်ပါဘူး။ စွက်ဖက်မှာလည်းမဟုတ်ပါဘူး။ တခုပဲ။ နိုင်ငံတကာ အချက်အလက်ကို အသုံးချဖို့ ချဉ်းကပ်တာပဲ ဖြစ်သင့်ပါတယ်။ ဂျပန်တွေဝင်လာတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို ပြောတဲ့စကားကို မမေ့ကြဖို့ လိုပါတယ်။

ဂျပန်တွေ ၀င်လာတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်းကို ပြောတဲ့ “ဟေ့အောင်ဆန်း၊ မင်းပင့်လာတဲ့ဘုရားကို မင်းပြန်ခေါ်သွားနော်” ဆိုတဲ့ စကားကို မမေ့ကြဖို့ လိုပါတယ်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook