ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

နအဖသို့ နှစ်သစ်ဦးမေတ္တာစာ

မောင်သြ

၅ ဇန်န၀ါရီ ၂၀၁၀
line
 

၂၀၁၀ နှစ်သစ်ဦးသို့ ၀င်ရောက်လာခဲ့ပြီ။ မြန်မာ့နိုင်ငံရေးက ရေခဲတုံးပမာ အေးတိအေးစက်၊ ဘာမှမထူးခြား။ သို့သော် မြန်မာပြည်သူများကတော့ ချွေးစေးချွေးပေါက်များနဲ့ စိုရွှဲနေမြဲ၊ ပင်ပန်းနေမြဲ၊ ညည်းညူနေမြဲ …။

ရွေးကောက်ပွဲတဲ့ …။ နအဖ တကြော်ကြော်အော်နေတဲ့ အသံ။ စစ်ပြန်စစ်မှုထမ်းဟောင်းများ ညီလာခံမှာလည်း တကြော်ကြော်… ကြံ့ဖွံ့ညီလာခံမှာလည်း တကြော်ကြော်… မတ်လတော်လှန်ရေးနေ့၊ အမျိုးသားနေ့တွေမှာလည်း တကြော်ကြော်…။

အော်နေတဲ့အသံတွေ ကြားနေရသော်လည်း ၂၀၁၀ နှစ်ဦးရောက်တဲ့အထိ ရွေးကောက်ပွဲကျင်းပမယ့် နိမိတ်လက္ခဏာဆိုလို့ ဘာတခုမျှ အရိပ်အယောင်မတွေ့ရသေး။ ဘာတွေဖြစ်နေလို့လဲ နအဖတို့ရေ … လို့ စစ်ဗိုလ်ချုပ်ကြီးတွေကို အော်ဟစ်မေးလိုက်ချင်ပ။

“မင်းက ရွေးကောက်ပွဲကို သိပ်ဖြစ်ချင်နေလို့ ဒီလောက် တောင့်တောင့်တတ ဖြစ်နေတာလား” လို့မေးရင် … “ဟုတ်ကဲ့ ကျနော်က ခပ်မြန်မြန် ဖြစ်၊ ခပ်မြန်မြန် ပျက်၊ ခပ်မြန်မြန် ပြောင်းလဲချင်လို့ပါပဲ” လို့ ဖြေရမှာပါ။

ရွေးကောက်ပွဲကို ဒီအခြေအနေအတိုင်း ခပ်မြန်မြန် တွန်းလုပ်လေ ခပ်မြန်မြန် အလုံးစုံပျက်သုဉ်းရေးဘ၀ကို ရောက်လေလေပဲလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံရေးအနေအထားက နအဖစစ်အာဏာရှင်တွေအတွက် ဆုပ်လည်းစူး စားလည်းရူးနဲ့ အရူးမီးဝိုင်းခံနေရတဲ့ဘ၀၊ ပြည်သူတွေကလည်း နအဖအစိုးရအပေါ် အရူးမလင်လုပ်နေရသလို ဘ၀မျိုး ကြုံတွေ့နေရတဲ့ကိန်းဆိုက်နေလို့ပါပဲ။ ဒီတော့ နအဖစစ်အာဏာရှင်တွေက ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်း၊ လူ့အခွင့်အရေးကောင်စီ၊ အီးယူ၊ အာဆီယံများက တိုက်တွန်းပြောဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရန်မှတပါး အခြားမရှိနိုင်ဆိုတာကို နာလည်သဘောပေါက် လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ်။

အဓိကကတော့ All inclusive အားလုံးပါဝင်ရေးဆိုတဲ့ စကားလုံးက နအဖကို အကြီးအကျယ် တုန်လှုပ်ချောက်ချားစေတာပါ။ အဲဒါကို အဓိကမထားဘဲ မျက်ကန်းတစ္ဆေ မကြောက် ခေါင်းမာစွာနဲ့ ရွေးကောက်ပွဲကို ကျင်းပသွားမယ်ဆိုရင် ၂၀၁၀ နှစ်ဟာ နအဖအတွက် ကံဆိုးမိုးမှောင်ကျမှာ သေချာပါတယ်။ အခုလည်း ဗေဒင်၊ ယတြာတွေ ချေနေရတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်နေတယ်။ ဘာတဲ့ “ရန်ကုန်ရေမြုပ် … သန်းရွှေပြုတ်” တဲ့။

ဒါကြောင့် ရန်ကုန်မြို့တော်ဝန်ကို မိုးတွင်းရေမြုပ်တဲ့ နေရာတွေကို မြောင်းဖော်၊ မြောင်းဖို့အလုပ်တွေကို တရကြမ်း မောင်းခိုင်းနေတာ တွေ့နေရတာပေါ့။ နှစ်စဉ် မိုးတွင်းတိုင်း ရေမြုပ်တတ်တဲ့ လမ်းကြောင်းတွေကိုသာရွေးပြီး မြို့နယ်အလိုက် မြောင်းဖော် မြေဖို့ (ကွန်ကရစ်လမ်းတွေခင်း) လုပ်နေတာ တွေ့ရတာ သူ့ခမျာ အတော်ကလေး အိပ်မပျော်စားမ၀င် ခေါင်းဆင်နင်းတဲ့ဘ၀ ရောက်နေမှာပေါ့လေ။

အဲ … အာဏာရူး၊ အာဏာရူးတာ အတ္တ၊ လောဘ၊ ဒေါသ၊ မာန်မာနမီးတွေက ဗိုလ်သန်းရွှေတကိုယ်လုံးတွင်မက သူ့ဇနီး၊ သားသမီး၊ မြေး ပတ်ဝန်းကျင်တွေကိုပါ ကူးစက်လောင်နေတာ သိလျက်နဲ့ ၀ိပါက်ကြမ္မာငင်နေတာ များလားပေါ့လေ။

ဒီအကုသိုလ်မီးကို ဘယ်လိုငြိမ်းမလဲ …
သံဃာ့မဟာနာယက (၄၇) ပါးလည်း မတတ်နိုင် …
ဓမ္မစရိယ တရားဟောဆရာတော်ကြီးများလည်း မစွမ်းနိုင် …
ဘုရားစုံလျှောက်ဖူးနေခြင်းကလည်း မကယ်နိုင် …

၂၀၀၇ ခုနှစ်က သံဃာတော်များကို ပြစ်မှားထားတဲ့ ‘ပဉ္စာနန္တရိယ’ ကံက ကံကြီးမှ ကြီးသကိုလို့ ပြောရမှာပါ။ ဒီအကုသိုလ်မီးက လောကီ၊ လောကုတ္တရာ နှစ်ဖြာသောဘ၀မှာ ပြေးမလွတ်အောင် လောင်နေမှာပါ။ လောကီဘ၀မှာတော့ ငြိမ်းသတ်ဖို့ မလွယ်ပါဘူး။ သူ့အတွက် အ၀ီစိငရဲတံခါးဟာ ထာဝရဖွင့် ကြိုဆိုနေမှာပါ။ ကောင်းပြီ၊ လောကီမျက်မှောက်ဘ၀မှာ တမီးငြိမ်းချင်တယ်ဆိုရင်တော့ …

၁။ ပြစ်မှားကျူးလွန်မိခဲ့တဲ့ ရဟန်သံဃာတော်များကို ရှိခိုးဝန်ချတောင်းပန်ရန်။
၂။ အန်အယ်လ်ဒီက ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပူးပေါင်းလိုက်နာဆောင်ရွက်ရန်။
၃။ တကမ္ဘာလုံးက မကြိုက်တဲ့ လူသတ်လက်နက်ပစ္စည်းများဝယ်ယူခြင်း၊ နျူကလီးယားလက်နက်များ၊ စက်ရုံများ တည်ဆောက်ခြင်းမပြုရန်။
၎။ အာဏာအခွင့်အရေးနှင့် မတရားသိမ်းယူတည်ဆောက်ထားသော နိုင်ငံပိုင်ပစ္စည်းဥစ္စာအဆောက်အအုံများ အားလုံးကို နိုင်ငံတော်သို့ ပြန်အပ်ရန်။
၅။ မိမိမတရားပြုကျင့်ခဲ့၍ ထောင်ကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားအားလုံး၏ ဒုက္ခများကို လျော်ကြေးပေးဆပ်ရန် … စတဲ့ အချက်တွေကို ဗိုလ်သန်းရွှေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ မျက်မှောက်ဘ၀က လောင်မီးတမီး ငြိမ်းနိုင်ပါတယ်။ နတ်လူသာဓုခေါ်နိုင်ပါတယ်။

ဘ၀ကူးကောင်းအောင် မိမိပြုခဲ့ဖူးသော ကုသိုလ်များကို သတိရ သာဓုခေါ်နိုင်ရင် အညံ့စားနတ်ပြည် (ဂန္ဓဗ္ဗနတ်မျိုး) တော့ ရောက်နိုင်ပါသေးတယ်။ အကယ်၍များ ဘ၀ကူးခါနီး မိမိပြုလုပ်ခဲ့တဲ့ အကုသိုလ်ဒုစရိုက်တွေဖြစ်တဲ့ …
- သံဃာတော်များကို ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီးထောင်ချခဲ့တာတွေ …
- နိုင်ငံပိုင်ပစ္စည်းဥစ္စာများ မတရားခိုးယူခဲ့တာတွေ …
- တံစိုးလက်ဆောင်များ မတရားတောင်းယူခဲ့တာတွေ …
- နိုင်ငံရေးသမား၊ ကျောင်းသားပြည်သူများကို ငါနှင့်မတူ ငါ့ရန်သူ သဘောထားနဲ့ အငြိုးအာဃာတကြီးစွာ သတ်ဖြတ်၊ ညှဉ်းဆဲ၊ ထောင်ချခဲ့တာတွေ … ဒါတွေကို သတိရမြင်ယောင်နေမယ်ဆိုရင်တော့ ဘ၀ကူးမကောင်းဘဲ “၀ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတာလို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ... အပယ်လေးဘုံမှာ သံသရာလည်နေမှာ သေချာနေပါပြီ။

နအဖခေါင်းဆောင် ဗိုလ်သန်းရွှေမှာလည်း အသက် (၈၀) နားကပ်နေပါပြီ။ ဇာတိ၊ ဗျာဓိ၊ မရဏတရားကို မလွန်ဆန်နိုင်ပါ။ တရားသံဝေဂရသင့်ပြီး နိုင်ငံနဲ့ ပြည်သူကောင်းကျိုးဆိုတဲ့ သမိုင်းကောင်းများ ကျန်ရစ်စေချင်ပါတယ်။ သို့သော်လည်း ဘယ်သူမပြု မိမိမှုဆိုတာလို မိမိမိုက်ကြွေး၊ ဆိုးကျိုးများကိုတော့ မိမိက ပြန်ပေးဆပ်ရန် တာဝန်ရှိနေပါသေးတယ်။

“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏” … ဆိုတဲ့ ကဗျာဆရာကြီး ဆရာဇော်ဂျီရဲ့ကဗျာလို ဗိုလ်သန်းရွှေရဲ့ သမိုင်းကြောင်းလုပ်ရပ်များဟာ အခြေတိုးမြင့် ကျန်ရစ်ခဲ့သလားဆိုတာ စဉ်းစားစရာပါ။

ဒါ့ကြောင့် နအဖစစ်ခေါင်းဆောင်များနဲ့ တပည့်လူမိုက်များဖြစ်ကြတဲ့ ကြံ့ဖွံ့/စွမ်းအားရှင်များကို ပြောချင်တာက … နှစ်သစ်ကူးခဲ့ပါပြီ။ နှစ်ဟောင်းက နံစော်ပုပ်ဟောင်နေတဲ့ မိမိတို့ရဲ့ အညစ်အကြေးများ၊ မိုက်ကြွေးမိုက်ပြစ်များကို နှစ်ဟောင်းမှာ ထားရစ်ခဲ့ပါ။ နှစ်သစ်ကို သယ်ဆောင်မလာကြပါနဲ့တော့။

အမှားတွေထားခဲ့၊ အမှန်ကို သယ်ခဲ့ပါ။
အမှားတွေ တွေ့လို့၊ အမှန်ကို ပြင်ကြပါ။
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေကြပါ။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း …

သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ …

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo