ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

သေနတ်ကြားက မဲတပြား

ရဲဘော်ဖိုးသံချောင်း

၎ ဒီဇင်ဘာ ၂၀၀၉
line
 

၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင်ရောက်တော့မယ်။ ဒါပေမယ့် နအဖစစ်အစိုးရဟာ သူတို့လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကော်မရှင်လည်းမဖွဲ့နိုင်သေး၊ ဥပဒေလည်းမကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်းသံလှတဲ့ မီဒီယာတွေထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာသံတွေ မကြားရသေးဘဲ အလိုတော်ရိမျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက်သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။

အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက်ချရပါတော့မယ်။

နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ်ဆိုတာ ဘာမှသံသယရှိစရာမလိုပါ။ ဖွဲ့စည်းပုံဥပဒေနောက်ခံရှိတယ်ဆိုတဲ့ လွှတ်တော်ပေါ်ထွက်ရင် နိုင်ငံတကာအလယ်မှာ သူတို့အတွက် ဘယ့်ကလောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ သူတို့သိပါတယ်။ နောက်ပြီး အမေရိကန်၊ အီးယူတို့နဲ့လည်း “မြူမှောင်ဝေကင်း” ဆက်ဆံနိုင်တော့မယ်လို့ သူတို့တွက်ပါတယ်။ ဒီတော့ နအဖအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မဖြစ်မနေ မုချကို လုပ်ရတော့မယ့်ကိစ္စဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေရှိပါတယ်။ အဲဒါက (၄) သိန်းအင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့မရတဲ့ အကျပ်အတည်းဖြစ်ပါတယ်။

အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာဝင်ပါအောင် လုပ်လို့မရတာဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် ရာခိုင်နှုန်း (၈ဝ) ကျော် (၉ဝ) ရဲ့ မဲတွေရထားတဲ့ ပါတီကြီးက ဝင်မပြိုင်ဘူးဆိုရင် အတော်ကို အဓိပ္ပာယ်မဲ့သွားမယ်ဆိုတာ သူတို့သိပါတယ်။ အထူးသဖြင့် နိုင်ငံတကာအမြင်မှာ ပြောစရာဖြစ်မှာပါ။ နအဖရဲ့ လက်သုံးတော် စာရေးဆရာများကတော့ ဒီချုပ်မပါလည်း ဂရုစိုက်စရာ မလိုဘူးလို့ ပြောကောင်းပြော၊ ရေးကောင်းရေးကြမှာပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ဘရာဇီးမပါတဲ့ ကမ္ဘာ့ဖလားပွဲထက် အများကြီး ပိုမပြည့်စုံဘူးလို့ ပြောနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်းခံနေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စဖြစ်နေတော့ နအဖအစိုးရအဖို့ တပြားသားမှ လျှော့မပေးနိုင်တဲ့ကိစ္စ ဖြစ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကကြည့်ရင်လည်း ဒါလောက်လေးမှ တင်းမခံရင် သူတို့ပါတီရော၊ ဗမာပြည်ရဲ့အနာဂတ်ရော ရေစုံမျောပြီဆိုတာ ရှင်းနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ဆုပ်ကိုင်ထားသရွေ့ ရွေးကောက်ပွဲထဲကို ကျုံးသွင်းလို့မရဘူးဆိုတာ ရှင်းနေပါတယ်။ တဖက်မှာတော့ အဖွဲ့ချုပ်ကလည်း ဒီကြေညာချက်အပေါ်မှာပဲ ခံတပ်ကို ခိုင်မာအောင်တည်ဆောက်နေတဲ့သဘော တွေ့ရပါတယ်။ ခံတပ်တခုဟာ အတွင်းမှာစည်းလုံးညီညွတ်ကြမှ ခိုင်မာတောင့်တင်းတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေ နားလည်တယ်လို့ ယုံကြည်ပါတယ်။

ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လိုဖြစ်နေပါပြီ။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလိုလူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘဲ ဈေးမဆစ်နဲ့လို့ ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် တချိန်က လက်နက်နဲ့ ဒီမိုကရေစီလဲရေး စာတမ်းရေးခဲ့သူကြီးဟာ အခုတော့ လက်နက်မရှိရင် နိုင်ငံရေးဈေးဆစ်အားမရှိဘူးလို့ ပြောနေပါကလားလို့သာ မှတ်ချက်ချမိပါတယ်။ တကယ်ကျတော့ အထက်မှာ ပြောခဲ့သလို နအဖမှာ အခက်အခဲတွေတွေ့ရလေလေ ဒီလိုလူတွေက အတိုက်အခံတွေအပေါ် မာန်ဖီပြလေဖြစ်နေတာပါ။

နောက်ပြဿနာတခုက အပစ်ရပ်အဖွဲ့အစည်းတွေကိစ္စဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နအဖထင်သလောက် မီးမသေတာတော့ ရှင်းနေပါပြီ။ ကိုးကန့်ကို နှိပ်ကွပ်ပြလိုက်လို့လည်း ပြဿနာက မပြေလည်ပါဘူး။ စကားအားဖြင့် နယ်ခြားစောင့်တပ်ဘဝကို လက်ခံတယ်လို့ ပြောနေကြပေမယ့် ဈေးဆစ်နေကြပါတယ်။ ချုပ်လိုက်ရင် သူတို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာပါပဲ။ ညောင်နှစ်ပင်ညီလာခံတုန်းက အညစ်ခံထားရတာကို အပစ်ရပ်အဖွဲ့တွေအနေနဲ့ အဲဒီတုန်းက ပြန်ပြောခွင့်မသာလို့ ငုံ့ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံးအဆင့်မှာတော့ သူတို့လည်း အမောက်ထောင် ပြကြရတော့တာပါပဲ။

ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖထိပ်သီးပိုင်းအတွင်းပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေးအရရော၊ အသက်အရွယ်အရပါ အပြောင်းအလဲတွေ လုပ်ကိုလုပ်ရတော့မယ့် အချိန်ကိုရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင်ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ကင်းကွာသွားမှာကို သူတို့အားလုံးလန့်ကြပါတယ်။ ဘာကောင်ကြီးဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့အသိဆုံးပါ။ ဦးနေဝင်း သေပန်းမလှခဲ့တာကို သူတို့မမေ့ပါဘူး။ သူတို့သာ လက်ရှိရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိစည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ထိပ်ပိုင်းမှာ ဒီမျက်ခွက်ကြီးတွေပဲ ပြန်တွေ့နေရရင် လူရီစရာဖြစ်မယ်ဆိုတာကိုလည်း ဒီဗိုလ်ချုပ်တွေ မစဉ်းစားလို့မဖြစ်ပါဘူး။

ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာလွှဲပေးလိုက်ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ်ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့တပ်ထဲမှာ သြဇာမရှိတာတော့အမှန်ပါ (ဒါကြောင့်လည်း အခုသူတို့အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင်လုပ်လို့ မရသေးတာဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှမီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံးပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ်တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်းတိုင်းနေကြတာတွေ အများကြီးရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုလည်း မကြေညာနိုင်၊ ရွေးကောက်ပွဲဥပဒေဆိုတာလည်း ထုတ်မပြောနိုင်ဖြစ်နေတော့ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ရွေးကောက်ပွဲဝင်ဖို့ခဲထားသူတွေ၊ ဗမာပြည်သားတွေကို ရွေးကောက်ပွဲမှာ မဲပေးနည်း သင်တန်းပေးမယ်လို့ အားခဲထားသူတွေ၊ ဒီရွေးကောက်ပွဲကနေပေါ်လာတဲ့ “စပေ့စ်” ထဲမှာ မျောက်က…ကရမယ်လို့ တရားဟောနေသူတွေ အားလုံးပဲ စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတယ်။ နောက်ပြီး သူတို့မှာ ပြောစရာတွေကလည်း ကုန်လာတယ်ဆိုတော့ စောင့်ရုံမှတပါး အခြားမရှိလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တချို့ကတော့ နအဖကိုတောင် စောင်းပါးရိပ်ခြည်၊ ချိတ်ပြီးဝေဖန်တာတွေ တွေ့လာရပါတယ်။

ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာမဟုတ်ပါဘူး။ အားလုံးမှာရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲတွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တောသံတမန်ရေးကြောင့် ဗမာပြည်နိုင်ငံရေးပြောင်းသွားပြီဆိုပြီး ကိုယ့်နိုင်ငံရေးဘဝတခုလုံးကို ရွေးကောက်ပွဲထဲမှာ ပုံအောလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့ကဆိုနေပါတယ်။ အဲဒီလိုပြောနေသူတွေထဲမှာ ရွေးကောက်ပွဲမလုပ်ဘဲ နအဖဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ်ဆိုတာထက်တောင်ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook