ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မတ်လ(၁၈) ရက်၊ ၂၀၀၉
line

 

ကျမက လက်ဖက်တောင်မှာ ကြီးပြင်းခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်သလို ကျမရဲ့ ဘိုးဘွားမိဘတွေက လက်ဖက်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုခဲ့သူတွေပါ။ ပလောင်ပြည်သူတွေလည်း များသောအားဖြင့် လက်ဖက်နဲ့ပဲ အသက်မွေး ၀မ်းကျောင်း ပြုကြပါတယ်။

နအဖ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ စစ်ဆေးချက်အရ “လက်ဖက်တံဆိပ် (၄၃) မျိုးမှာ အစားအသောက်တွေမှာ သုံးစွဲရန်မသင့်လို့ သတ်မှတ်ထားတဲ့ အ၀ါရောင်ဆိုးဆေး (Auramine O) ပါဝင်နေကြောင်း၊ အဆိုပါဆိုးဆေးသည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေ များကို အရောင်းဆိုးတဲ့ ဓာတုဆေးဖြစ်ကြောင်း၊ စားသုံးသူတွေကို လတ်တ လော အဆိပ်အတောက်မဖြစ်စေပေမယ့် ရေရှည်မှာ အသည်းနှင့်ကျောက်ကပ်ရောဂါ ဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှု ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် ကြေညာထားတဲ့ လက်ဖက်တံဆိပ် (၄၃) မျိုးကို တားမြစ်ရတာလို့ မတ်လ (၁၂) ရက်နေ့၌ နအဖ မြန်မာ့အလင်းသတင်းစာထဲမှာ ကြေညာချက်ထုတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

ကျမတို့ ပလောင်လူမျိုးတွေဟာ လက်ဖက်ပိုင်ရှင်ဖြစ်ပေမယ့် များသောအားဖြင့် ကုန်ကြမ်းလောက်သာ ထုတ်လုပ် နိုင်ပါတယ်။ ပွဲစားကတဆင့် ကျမတို့ ပြန်ရောင်းပါတယ်။ ပွဲစားတွေကတဆင့် မန္တလေးတို့၊ အောက်မြန်မာပြည်ကို ပို့ကုန်အဖြစ်ပို့ကြပါတယ်။ ထို့မှတဆင့် လက်ဖက်ကုန်ချောကို ထပ်မံပြီး ထုတ်လုပ်ကြပါတယ်။

ကျမတို့ လက်ဖက်ပိုင်ရှင်တွေက လက်ဖက်စိုကို ခက်ခက်ခဲခဲနဲ့ တဆင့်ပြီးတဆင့် ပြုလုပ်ရပါတယ်။ လက်ဖက် လုပ်တဲ့အချိန်မှာလည်း သန့်သန့်ရှင်းရှင်းနဲ့ လုပ်ကိုင်ရပါတယ်။ လက်ကိုလည်း ဆီတွေမပေအောင်၊ လက်ဖက်ထဲမှာ မြေကြီး၊ ကျောက်ခဲတွေမပါအောင်၊ လက်ဖက်ထဲမှာ ရေအများကြီး ထည့်လိုမရပါဘူး၊ ရေထွက်လာအောင်လည်း အပေါက်တွေ လိုအပ်ပါတယ်။ သတိထားပြီး လုပ်ရပါတယ်။ မသန့်ရှင်းတဲ့ ဒီပစ္စည်းတွေ ပါလာရင် ကျမတို့ လက်ဖက်စိုဟာ လုံးဝအထားမခံသလို လက်ဖက်ပျော့ပြီး ပျက်သွားနိုင်ပါတယ်။

လက်ဖက်ထည့်တဲ့ နေရာမှာလည်း ၀ါးကို ပုပ်နဲ့လုပ်ပြီး (သို့) ပလတ်စတစ် သန့်သန့် (သို့) ငှက်ပျောရွက်နှင့် ခံထားပြီးမှ လက်ဖက်သိပ်ထားရပါတယ်။ တချို့ကျတော့ မြေတွင်းကို ကျင်းတူးပြီးမှ ငှက်ပျောရွက်ခံပြီး လက်ဖက်ကို ထည့်ထားပါတယ်။ လက်ဖက်ဝယ်တဲ့ပွဲစားပေါ် မူတည်ပြီး ရောင်းပါတယ်။

တချို့ကျတော့ (၅) လတန်သည် (၁၀) လ တန်သည်အထိ ထားပါတယ်။ လက်ဖက်ပိုင်ရှင်တွေဟာ လက်ဖက်ခြံ ဘယ်လောက်ပဲ ဧကကြီးကြီး၊ လက်ဖက်စို ဘယ်လောက်ပဲလုပ်လုပ် အ၀ါရောင်ဆေးကို သုံးလေ့မရှိပါဘူး။ မူရင်း လက်ဖက်စိုအရောင်ဟာ တောက်ပြောင်လှပပြီး ဖြစ်ပါတယ်။

တောင်ပေါ်မှာ လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းက အ၀ါရောင် ဆိုးဆေးဆိုတာ ရှိတော့ ရှိတယ်။ ရှားရှားပါးပါးပဲ တွေ့ရပါတယ်။ ပွဲစားတွေလည်း ဆေးဆိုးတာ မရှိသလောက်ပါဘဲ။ ဒါပေမယ့် များသောအားဖြင့် ၂၀၀၃ ခုနှစ် နောက်ပိုင်းမှာ ပွဲစားတွေက အ၀ါရောင်ဆိုးဆေး သုံးလာတာ တွေ့ရှိရပါတယ်။

ဒီဆိုးဆေးတွေ ဘယ်ကလာသလဲဆိုတာ ကျမတို့ အရင်းအမြစ် ရှာမှဖြစ်မယ်။ ကျမတို့ ပလောင်တောင်ပေါ်ဒေသကို ဒီဆိုးဆေးတွေ ဘယ်လိုရောက်လာသလဲ၊ ဘယ်ကလာသလဲ အစရှိသည်ကို အသေးစိတ် သုတေသန လုပ်ရမှာ ဖြစ်ပါတယ်။

ကျမတို့ ပလောင်လူမျိုးတွေက ဒီဆိုးဆေး တီထွင်ကြံဆပြီး ထုတ်လုပ်ထားတာ မဟုတ်သလို အထူးသဖြင့် ပြောချင်တာကတော့ ကျမတို့ တောင်ပေါ်မှာ လက်ဖက်ပိုင်ရှင်၊ လက်ဖက်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင် စားသောက်နေတဲ့ ပလောင်ပြည်သူလူထုတွေဟာ ဆိုးဆေးကို လုံးဝ မသုံးတတ်ပါဘူး။ ဒါပေမယ့် တောင်ပေါ် ဒေသမှာရှိတဲ့ လက်ဖက်ပွဲစားတွေသာ ဆိုးဆေးကို အသုံးပြုတာဖြစ်ပါတယ်။

ကျမတို့ ပလောင်လူမျိုးတွေဟာ လက်ဖက်ကို နှစ်ပေါင်းများစွာဖြင့် စားသုံးလာကြသူဖြစ်ပါတယ်။ လက်ဖက်ခြောက် ဆိုရင် အမျိုးသမီးအတွက် ရင်သားကင်ဆာကို ကာကွယ်ပေးသလို၊ ရင်ကျပ်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ဒီဆိုးဆေးကြောင့် တကယ်ပဲ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်တယ်ဆိုရင် ကျမတို့လည်း ဆိုးဆေးတွေကို ဆက်လက် အသုံးမပြုဖို့ တားမြစ်ရမှာဖြစ်ပါတယ်။

အခုတလော သတင်းမီဒီယာထဲမှာ လက်ဖက်အကြောင်း တော်တော်လေးကို သတင်းပြန့်ကျဲနေတာကို ကြားနေရ ပါတယ်။ လက်ဖက်နဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့ ကျမတို့ ပလောင်ပြည်သူလူထုအတွက် စိုးရိမ်စရာဖြစ်သလို စီးပွားရေးကျပ်တည်းနေတဲ့အချိန်ကာလ ခေတ်ကာလမှာ ပလောင်ပြည်သူလူထုတွေ လုံးဝ ဒုက္ခရောက်သွားနိုင် ပါတယ်။

အခုလက်ရှိ ကျမတို့ဆီမှာ ရွှေဖီချိန်ကျရောက်တဲ့ အချိန်ဖြစ်သလို ၀င်ငွေရှာဖွေ စုဆောင်းရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်လေးမှာ လက်ဖက်ဈေး ထပ်မံပြီး လျော့ဈေးနဲ့ပေးရင် ကျမတို့ ပလောင်ပြည်သူလူထု လုံးဝ ဒုက္ခရောက်နိုင်ပါတယ်။

ကျမတို့ ပလောင်ပြည်သူလူထုတွေမကပါဘူး။ အောက်မြန်မာပြည်က အညာသားတွေအတွက်လည်း ထိခိုက်နိုင် ပါတယ်။ အဘယ်ကြောင့်ဆိုသော် များသောအားဖြင့် အညာသားတွေက ရွှေဖီချိန်ဆိုရင် လက်ဖက်လာခူးကြတယ်။ သူတို့တွေမှာလည်း ဒုက္ခရောက်နိုင်ပါတယ်။

အဓိက လက်ဖက်ဝယ်စားနေတဲ့ ဧရာဝတီတိုင်းက နာဂစ်ကြောင့် လက်ဖက်ဝယ်ယူစားသုံးမှု သိပ်မရှိသလောက် ဖြစ်နေချိန်မှာ နမ့်ဆန်မြို့နယ် နအဖဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းထွန်းက လက်ဖက်ဈေးကို ချုပ်ကိုင်ပြီး လျှော့ဈေးနဲ့ ပေးထားပါတယ်။ ဒီသတင်းတွေကြောင့် ကျမတို့ လက်ဖက်ကို ၀ယ်ယူစားသုံးသူ နည်းပါးသွားနိုင်တယ်။

ကျမတောင်းဆိုချင်ပါတယ်။ (၁) သတင်းမီဒီယာတွေက လက်ဖက်ပွဲစား၊ ပွဲရုံများကို မေးမြန်းဖို့လိုတဲ့အပြင် ကျမတို့ ပလောင်တောင်ပေါ်ဒေသမှာ လက်ဖက်နဲ့ အသက်မွေးကျောင်းပြုလုပ်စားသုံးနေတဲ့ ပလောင်ပြည်သူ ပြည်သား တွေရဲ့ ခံစားချက်ကိုလည်း မေးမြန်းပေးပါ။ (၂) လက်ဖက်ဈေးကို ချုပ်ကိုင်နေတဲ့ နအဖနှင့် ပွဲစားများ လက်ဖက်ဈေး နှုန်းကို တိုးမြင့်ပေးပါ။ (၃) ဆိုးဆေးကြောင့် ပလောင်ပြည်သူလူထုရဲ့ စီးပွားရေး များစွာ ထိခိုက်နစ်နာပါတယ်။ ဒါကြောင့် ရိုးရိုးသားသားနှင့် လုပ်ကိုင်စားသောက်တဲ့ ပလောင်ပြည်သူလူထုတွေကို အကူညီပေးကြပါဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook