ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote

တတိယအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ
ထုတ်ပြန်ကြေညာချက်

(၁) တတိယအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကို သက္ကရာဇ် ၂၀၀၄ ခုနှစ်၊
ဇန်န၀ါရီလ (၂၈) ရက်နေ့မှ ဖေဖော်ဝါရီလ (၂) ရက်နေ့အထိ ကော်သူးလေ၊ လော်ခီးလာစခန်း
တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြပါသည်။ ယင်းနှီးနှောဖလှယ်ပွဲကြီးသို့ တိုင်းရင်းသား
လူမျိုးများ၏ တပ်ပေါင်းစုများ၊ ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနှင့် လေ့လာသူ
များ အပါအ၀င် စုစုပေါင်း (၆၁) ဦးတက်ရောက်ကြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(၂) တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
(ENSCC) ၏ နှစ်နှစ်တာလုပ်ငန်းအစီရင်ခံစာအပြင် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးတပ်
ပေါင်းစုများ၊ ပါတီအဖွဲ့အစည်းများမှတင်သွင်းသော “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” နှင့်
“တိုင်းရင်းသားလူမျိုးများ၏ သွေးစည်းညီညွတ်ရေး” အပေါ် အမြင်နှင့် သဘောထားစာတမ်းများ
ကိုလည်း တင်သွင်းဆွေးနွေးခဲ့ကြသည်။

(၃) ဤနှီးနှောဖလှယ်ပွဲကြီးမှ ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သော “မယ်သရောထာ” ပထမအကြိမ်
တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီး၏ သဘောတူညီချက်များဖြစ်သော သုံးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးရေးဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရေးနှင့်
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များကို ဆက်လက်၍
အခိုင်အမာကိုင်စွဲသွားရန် သဘောတူခဲ့ကြသည်။

(၄) ယနေ့ နအဖစစ်အုပ်စုက စစ်အာဏာရှင်စနစ်ကို ရေရှည်နှင့် တရားဝင်ဆက်လက်ကျင့်သုံး
နိုင်ရေးအတွက် လှည့်စားဖန်တီးနေသော အဆင့် (၇) ဆင့်ပါ လမ်းပြမြေပုံသည်လည်းကောင်း၊
၁၉၉၆ ခုနှစ်တွင် ယာယီရပ်ဆိုင်းထားသည့် အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူရေးသည်
လည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို
ဦးတည်စေနိုင်မည်မဟုတ်သည့်အတွက် စုပေါင်းဆန့်ကျင်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

(၅) ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု
စနစ် အမြန်ဆုံးတည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အမြန်ဆုံးဖြစ်ပေါ်လာ
နိုင်ရန်အတွက် အောက်ပါအချက်များပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
စီမံချက်” ကို လုပ်ဆောင်သွားရန် သဘောထားချမှတ်ခဲ့ကြသည်။

(က) ၁၉၉၄ ခုနှစ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ နှစ်စဉ်ဆုံးဖြတ်သည့်အတိုင်း
သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပရန်၊
(ခ) သုံးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်အပေါ် အခြေခံ၍ နအဖစစ်အုပ်စု၊ ၁၉၉၀ ရွေးကောက်ပွဲတွင်
အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားနိုင်ငံရေးပါတီများနှင့်
တိုင်းရင်းသားလူမျိုးများ အချိုးတူပါဝင်သော ကြားဖြတ်အစိုးရကို ဖွဲ့စည်းရန်၊
(ဂ) ကြားဖြတ်အစိုးရက အများလက်ခံနိုင်သော အမျိုးသားညီလာခံတရပ်ကို ခေါ်ယူကျင်းပ
ပေးရန်၊
(ဃ) အမျိုးသားညီလာခံ၏ သဘောတူညီချက်အတိုင်း ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ
နှင့် ပြည်နယ်များ၏ ဖွဲစည်းပုံအခြေခံဥပဒေများကို ကော်မရှင်အသီးသီးဖွဲ့စည်း၍ ရေးဆွဲရန်၊
(င) ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲကိုသော်လည်းကောင်း၊ ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အတည်ပြု
ပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်နယ်အသီးသီး ဆန္ဒခံယူပွဲများကိုသော်လည်းကောင်း ခေါ်ယူ
ကျင်းပရန်၊
(စ) အသစ်ရေးဆွဲပြဋ္ဌာန်းသော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်ရန်သော်လည်းကောင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းသော ပြည်နယ်
များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ပြည်နယ်အစိုးရများကို ဖွဲ့စည်းနိုင်ရန်သော်လည်း
ကောင်း သက်ဆိုင်ရာရွေးကောက်ပွဲများကို ခေါ်ယူကျင်းပရန်၊
(ဆ) ရွေးကောက်ပွဲပြီးလျှင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးခေါ်ယူပြီး အနိုင်ရပါတီအသီးသီး
က သက်ဆိုင်ရာအစိုးရအသီးသီးကို ဖွဲ့စည်းသွားရန်၊

(၆) ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုများမှ မြန်မာနိုင်ငံ၏အရေးခင်းများတွင်
ပါဝင်ပတ်သက်မှုကို ကြိုဆိုထောက်ခံသည့်အပြင် ထိုင်းအစိုးရက ကြိုးပမ်းဆောင်ရွက်နေသော
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ကြိုဆိုထောက်
ခံကြသည်။

(၇) ယနေ့မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ တောင်းဆိုမှုအရ မိမိတို့ တိုင်းရင်းသားလူမျိုးစုများ
၏ စုစည်းညီညွတ်သောအသံ (One ethnic voice) သို့ ဦးတည်နိုင်စေရန် အခြေခံစုဖွဲ့မှုဖြစ်သော
“တိုင်းရင်းသားလူမျိုးများကောင်စီ” (Ethnic Nationalities Council) ကို ဤညီလာခံကြီးမှ
အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြသည့်အပြင် လုပ်ငန်းကော်မတီဖြစ်သော “တိုင်းရင်းသားလူမျိုးများ
သွေးစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ENSCC) ” ကိုလည်း ဆက်လက်
ဖွဲ့စည်းထားရှိသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

(၈) ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရေရှည်ရင်ဆိုင်နေရသော ပြဿနာပေါင်းစုံကို ဖြေရှင်း
နိုင်ရန်အတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ထားသည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းခြင်းနည်း
ဖြင့်သာ ပြီးပြည့်စုံသောပြေလည်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းတည်ငြိမ်မှုကို ရရှိနိုင်
မည်ဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆင်မှုအားလုံးကို ချွင်းချက်မရှိရပ်စဲ
ပြီး တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါ
အ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်လွှတ်ပေးရန်၊ ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်နှင့်
အညီ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးပြုလုပ်ရန် ဤနှီးနှောဖလှယ်ပွဲကြီးက
တောင်းဆိုလိုက်သည်။ ဤတောင်းဆိုချက်များကို ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများ
နှင့် တိုင်းရင်းသားလူမျိုးအားလုံးမှ တက်ညီလက်ညီ ၀ိုင်းဝန်းထောက်ခံ၍ ကြိုးပမ်းအကောင်
အထည်ဖော်သွားကြရန် လေးနက်တည်ကြည်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

သက္ကရာဇ် ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

Media Contact
(1) Rimond Htoo
Tel : 053 611573
Mobile : 018845441
E-mail : rphtooms@cscoms.com
(2) Khun Okker
Tel : 053 620260
Mobile : 019502158
E-mail : khunbwar@hotmail.com


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo