ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 


NEJ / ၂၄ ဧပြီ ၂၀၀၉
(အယ်ဒီတာ့အာဘော်)
line

 

လွန်ခဲ့သည့် သင်္ကြန်ကာလ ထိုင်းအရေးအခင်းဆန္ဒပြပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို လျော်ကြေးပေးဖို့ ထိုင်းအစိုးရက ဆုံးဖြတ်သည်မှာ သာဓုခေါ်စရာကောင်း၏။

စင်စစ် ထိုင်းမှာဖြစ်ပွားခဲ့သည့် အရေးအခင်းသည် လက်ရှိအစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသည့် ဆန္ဒပြပွဲဖြစ်၏။ ထိုဆန္ဒပြပွဲမှာ အနီဝတ်ဆန္ဒပြသူတွေ ဘန်ကောက်တမြို့လုံးကို မီးလောင်တိုက်သွင်း၏။ ၀န်ကြီးချုပ်အာဘီဆစ် ကားကိုပင် ရက်ရက်စက်စက်တိုက်ခိုက်၏။

သို့သော် ထိုဆန္ဒပြပွဲများကာလအတွင်း ဒဏ်ရာရသူများ၊ သေပျောက်သူများကို ထိုင်းအစိုးရက လျော်ကြေးပေးမည် ဆိုတော့ မြန်မာစစ်အစိုးရ၏ ပြည်သူတွေအပေါ် သဘောထားနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်၏။

ထိုင်းအစိုးရပြောဆိုချက်အရ ဆန္ဒပြပွဲကာလအတွင်း ဒဏ်ရာအနည်းအကျဉ်းရသူများကို တဦး ဘတ်ငွေ (၂၀,၀၀၀) လျော်ကြေးပေးမည်ဖြစ်၏။ အတွင်းလူနာအဖြစ် ကုသရမည့်သူတွေကို တဦး ဘတ် (၆၀,၀၀၀) ပေးမည်။ အတွင်းလူနာအဖြစ် ကုသပြီး ဆေးရုံမှာ ရက် (၂၀) ထက်ပိုနေရသူများကို တဦး ဘတ် (၁၀၀,၀၀၀) ပေးမည်။ ဆန္ဒပြပွဲမှာ ထိခိုက်ပြီး မသန်မစွမ်းဖြစ်သွားသူတွေကို တဦး ဘတ် (၂၀၀,၀၀၀) ပေးမည်။ သေဆုံးသူများအတွက် တဦးကို ဘတ် (၄) သိန်း ပေးမည်။

ယင်းသို့ တကြိမ်လျော်ကြေးအပြင် မသန်မစွမ်းဖြစ်သွားသူများအတွက် မသေမချင်း လစဉ်ထောက်ပံ့ကြေး ဘတ် (၃,၀၀၀) ထိ ပေးသွားဦးမည်ဆို၏။ ထိုမျှသာမကသေး။ မသန်မစွမ်းဖြစ်သူများ၊ သေဆုံးသူများ၏ ကလေးများကိုပင် ဘွဲ့ရသည်ထိ ထောက်ပံ့ကြေးပေးသွားဖို့ ထိုင်းအစိုးရက ဆုံးဖြတ်သည်။

မြန်မာပြည်မှာ တကြိမ်မျှမကြားဖူးသည့် လျော်ကြေးပေးသည့်ကိစ္စမျိုးဖြစ်သည့်အတွက် လူကို မည်မျှတန်ဖိုး ထားကြောင်း ပေါ်လွင်၏။ ပြည်သူကို အစိုးရက မည်မျှအလေးထားကြောင်း ထင်ရှား၏။

ဘန်ကောက်မြို့တွင်း ကားတွေ မီးရှို့ဖျက်ဆီးသူများအား ၀န်ကြီးချုပ်အာဘီဆစ်အစိုးရက အရေးယူဖို့ ဆောင်ရွက်နေသည့်အချိန်တွင် ဆန္ဒပြကာလအတွင်း ထိခိုက်ဒဏ်ရာရသူများကို လျော်ကြေးပေးဖို့စီစဉ်ခြင်းဖြစ်၏။
သဘောမှာ လူတဦး၏ တန်ဖိုး၊ ပြည်သူတဦး၏ တန်ဖိုးကို အစိုးရက မည်မျှ သဘောထားကြီးကြောင်း ပြလိုက်ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် သံဃ့ာအရေးအခင်းကို ပြန်ကြည့်လျှင် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ စစ်အစိုးရ ပြောလိုသည့် အရေအတွက်ထက် များနေသည်ဟု ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ပီညဲရိုးက ကုလသမဂ္ဂကို တင်သွင်းသည့်အစီရင်ခံစာမှာ ဖော်ပြခဲ့သည်။ ထိုအရေးအခင်းမှာ လူ (၃၁) ဦးသေပြီး လူ (၄,၀၀၀) အဖမ်းခံရရုံမက (၁,၀၀၀) အဖမ်းခံနေရဆဲဖြစ်သည်ဟု ထိုအစီရင်ခံစာမှာ ထောက်ပြခဲ့သည်။

ပြောရမည်ဆိုလျှင် လူ့တန်ဖိုးမထားသည့် မြန်မာစစ်အစိုးရ လုပ်ရပ်များအတွက် သက်သေအထောက်အထား မြောက်မြားစွာရှိ၏။ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးအပေါ် အယူအဆမတူသူတွေ အများအပြားရှိ၏။ ထိုအယူအဆမတူသူတွေကို ထိုင်းအစိုးရက အကြောင်းမဲ့ သတ်ဖြတ် ဖမ်းဆီးခြင်းမလုပ်ရုံမက ယနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၀န်ကြီးချုပ် အာဘီဆစ်က လောဆော်နေသည်။

မြန်မာစစ်အစိုးရကမူ အယူအဆမတူသူ မှန်သမျှ ရန်သူဟု သတ်မှတ်၏။ စစ်အစိုးရလျှောက်သည့်လမ်းပေါ်က လှုပ်ရှားသူမှန်သမျှကို ထောင်သွင်းအကျဉ်းချ၏။ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ကျုးလွန်ခြင်းကို ထမင်းစားရေသောက်ကိစ္စကဲ့သို့ စစ်အစိုးရက သဘောထား၏။

ထိုင်းနိုင်ငံရေး ဆန္ဒပြပွဲတွေမှာ လက်ရှိအာဘီဆစ် အစိုးရ မည်သို့ကိုင်တွယ်ဆောင်ရွက်ခဲ့သည်၊ ပြည်သူအပေါ် မည်မျှတန်ဖိုးထားသည် ဆိုသည့်အချက်ကို မြန်မာစစ်ခေါင်းဆောင်တွေ အလေးထားဖို့ ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo