ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

အပြောင်းအလဲအတွက် လူထုသဘောထား ဖော်ထုတ်သင့်ပြီ
NEJ/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉

line

 

၂၀၀၈ ခုနှစ်မှသည် ၂၀၀၉ ခုနှစ်အထိ သယ်ဆောင်လာခဲ့ရသော စကားလုံးတရပ်ရှိသည်။ ထိုသည်မှာ “အပြောင်းအလဲ” ဟူ၏။

အမေရိကန် စီးပွားရေးကျဆင်းလာချိန်တွင် “အပြောင်းအလဲ” ဟူသော စကားလုံးသည် အမေရိကန် လူထုအကြား ရေပန်းအစားဆုံး စကားလုံးဖြစ်လာသည်။ ယခုအခါ အမေရိကန်လူထုသည် ၎င်းတို့၏ စီးပွားရေး အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ရသော အစိုးရတရပ်ကို ပြောင်းလဲလိုက်နိုင်၏။

၁၉၆၂ ခုနှစ်မှသည် ၂၀၀၉ ခုနှစ်အထိ မြန်မာလူထုအတွင်း မပျက်ပြယ်သေးသော တောင့်တချက်တရပ် ရှိသည်။ ထိုသည်မှာလည်း “အပြောင်းအလဲ” ပင်ဖြစ်၏။

လူထုနှင့်ဆိုင်သော အပြောင်းအလဲတရပ်ဖြစ်ပေါ်လာရန် (၁) လူထု၏ပြောင်းလဲလိုစိတ်၊ (၂) အပြောင်းအလဲ တရပ် ပေါ်ထွန်းရန် လိုအပ်လာသော အခြေအနေ အချိန်အခါ၊ (၃) အပြောင်းအလဲဆီသို့ ခေါ်ဆောင်သွားနိုင် စွမ်းရှိသည့် အဖွဲ့အစည်း၊ (၄) အပြောင်းအလဲအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းတို့ လိုအပ်ပေသည်။

(၁) ၁၉၆၂ ခုနှစ်မှစ၍ ဒီမိုကရေစီစနစ် ပျောက်ဆုံးခဲ့ရသော မြန်မာလူထုသည် ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ ပြန်လိုချင်ပြီဟု အတိအလင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။ တဖန် ၂၀၀၇ ခုနှစ်တွင်လည်း အစိုးရလောင်စာ ဆီ ဈေးနှုန်းမြှင့်တင်မှုကို ပြန်လည်လျှော့ချပေးရေး တောင်းဆိုရာမှ အစပြုကာ ဒီမိုကရေစီအရေးအတွက် ရဟန်းသံဃာများပါမကျန် ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြင့် ဒီမိုကရေစီ စနစ်သို့သာ ပြောင်းလဲလိုကြောင်း သက်သေပြုခဲ့ကြပြီးဖြစ်၏။

(၂) ယခုအချိန်သည် ဒီမိုကရေစီလိုလားသူများအနေဖြင့် အပြောင်းအလဲဆီသို့ မရောက်ရောက်အောင် တွန်းရွှေ့ရတော့မည့် အခြေအနေ အချိန်အခါလည်းဖြစ်သည်။ သို့မဟုတ်ပါက နအဖစိတ်ကြိုက် ရေးဆွဲထားသော စစ်အာဏာတည်မြဲရေး အခြေခံဥပဒေနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မျက်ကွယ်တွင် ထင်သလိုပြုမူမည့် ၂၀၁၀ ရွေးကောက်ပွဲကို တွေ့ကြုံ ကြရပေတော့မည်။

(၃) ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီ (၇) ခုနှင့် ပူးတွဲထုတ်ပြန်ချက် ၁/၀၁/၀၉ အပေါ် ပြည်သူလူထုတရပ်လုံး ပါဝင်ထောက်ခံကြရန် ထုတ်ပြန်ကြေညာချက် ၂/၀၁/၀၉ ကို ထပ်မံထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကို ထိန်းသိမ်းထားခြင်းသည် မိမိတို့နိုင်ငံတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အထွေထွေအကျပ်အတည်းများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာကြရန်အတွက် အဟန့်အတားဖြစ်စေပါ သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ကိုလည်း လူထုက ၀ိုင်းဝန်းထောက်ခံကြရန် တိုက်တွန်းလိုက်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီ (၇) ခုတို့က လူထုကို အပြောင်းအလဲဆီသို့ ခေါ်ဆောင်သွားမည့် အဖွဲ့အစည်းအဖြစ် မြင်သာလာပြီဖြစ်၏။

အထက်ပါအချက်သုံးရပ်နှင့် ပြည့်စုံပြီးဖြစ်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ကြိုးပမ်းရေး လုပ်ငန်းစဉ်တွင် အပြောင်းအလဲအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းသာ ကျန်ရှိတော့သည်ဖြစ်ရာ မြန်မာ လူထုအနေဖြင့် ယခုကာလအတွင်း နိုင်ငံရေးမျက်ခြည်အပြတ်မခံဘဲ ဦးဆောင်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမှသာလျှင် ဒီမိုကရေစီစနစ်ဆီသို့ အမှန်တကယ် ကူးပြောင်းရောက်ရှိနိုင်မည် ဖြစ်ပေသည်။

မြန်မာလူထုက ဦးဆောင်အဖွဲ့အစည်းများနှင့်အတူ စစ်အစိုးရကို တော်လှန်လာချိန်တွင် ဒေသတွင်း နိုင်ငံများကလည်း မြန်မာ့အရေးအတွက် နှာစေးနေခြင်းမပြုဘဲ နအဖစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားသင့်ပေသည်။ သို့မဟုတ်ပါက ရိုဟင်ဂျာအရေး၊ စစ်ပြေးဒုက္ခသည်အရေးကဲ့သို့ ဒေသတွင်း နိုင်ငံများကိုပါ ၀န်ပိစေသော အဖြစ်မျိုးများက စစ်အစိုးရလွှမ်းမိုးနေသမျှ ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။

ထွက်ပြေးလာသူများကိုယ်တိုင် မြန်မာနိုင်ငံက ထွက်ခွာလာသူများဖြစ်ပါသည်ဟု ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့သတင်းမီဒီယာများသို့ ဖွင့်ဟပြောဆိုထားကြပြီးဖြစ်သည်။ သို့သော် မြန်မာစစ်အစိုးရကမူ ရိုဟင်ဂျာလူမျိုးမရှိဟု ပြတ်သားစွာ ငြင်းဆိုခဲ့သည်။ ရိုဟင်ဂျာအရေးကိစ္စကို အာဆီယံပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ပြုသင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ခြင်းသည် စစ်အစိုးရ မြန်မာ့အရေးကို နိုင်နင်းစွာ မကိုင်တွယ်နိုင်သမျှ အာဆီယံက မျှခံရမည့်အသွင် သက်ရောက်နေသည်။

မြန်မာ့အရေးကို မြန်မာတို့ နိုင်နင်းစွာကိုင်တွယ်နိုင်ရန် မြန်မာလူထုကြီးအနေဖြင့် ကိုယ့်အားကိုယ်ကိုးကာ စစ်အစိုးရအပေါ် မိမိတို့ လူထု၏ သဘောထားကို ပြတ်ပြတ်သားသားထုတ်ဖော်သင့်ပြီဖြစ်ကြောင်းနှင့် ဒေသတွင်းတည်ငြိမ်မှုကို လိုလားပါက ကျန်ကမ္ဘာ့နိုင်ငံများနည်းတူ အာဆီယံနိုင်ငံများကလည်း စစ်အစိုးရ အပေါ် တင်းမာစွာကိုင်တွယ်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပေသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook