ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား
၂ ဖေဖော်ဝါရီ ၂၀၀၉

line

 

အိုင်ယာလန်ညီလာခံမှ မြန်မာအတိုက်အခံအမတ်များ၏ မဲဆွယ် မဲဝယ် ဇာတ်လမ်းကြားရတော့ လောလောလတ်လတ် ထိုင်းနိုင်ငံရေးမှ ခြံခုန်အမတ်များ ဇာတ်လမ်းကို အတုခိုးလေသလားဟုပင် ထင်မှတ်ရ၏။

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို နှစ်ပေါင်းများစွာ သစ္စာခံခဲ့သည့် နေ၀င်းချစ်ချော့အုပ်စုမှ အမတ် (၂၃) ဦးက ဒီမိုကရက်ပါတီဘက်ကို ခြံခုန်လိုက်ပြီးနောက် တပ်ဆင်ကြိုးကိုင်ထားသည့်ပါတီ အာဏာလက်လွတ်ခဲ့ရ၏။ ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ပြီး အာဘီဆစ် ၀န်ကြီးချုပ်ဖြစ်လာခဲ့၏။ ထို့ကြောင့် အာဘီဆစ်အစိုးရက ထိုအမတ် (၂၃) ဦးကို သူကောင်းပြုရတော့မည်ဆိုသည်ကို ထိုင်းတနိုင်ငံလုံးက ရိပ်စားမိ၏။

တကယ်လည်း အာဘီဆစ်ခေါင်းဆောင်သည့် အစိုးရဖွဲ့ပြီဆိုတော့ အရေးပါသည့် ထိပ်တန်းဝန်ကြီး ရာထူးအချို့ကို ထိုခြံခုန်အမတ် (၂၃) ဦးအား ခွဲပေးရ၏။ Bangkok Post သတင်းစာ၏ ရေးသားချက်အရ ဆိုရလျှင် ပြည်ထဲရေး ဒု-၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးနှင့် ပို့ဆောင်ရေး ဒု-၀န်ကြီး စသည့် ရာထူးများကို ထိုခြံခုန် အမတ်အုပ်စုအား ခွဲပေးခဲ့ရ၏။

ထိုမျှသာမကသေး။ ယနေ့ဆိုလျှင် အဆိုပါ ခြံခုန်အမတ် (၂၃) ဦးကို တလ ထောက်ပံ့ကြေးငွေ ဘတ် (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၆,၀၀၀ နီးပါး) ပေးထားရသည်ထိ သူကောင်းပြုနေရသည်ဟု Bangkok Post က ထောက်ပြ၏။

ထိုခြံခုန်အမတ် (၂၃) ဦးကို ကိုင်ထားသည့် နေ၀င်းချစ်ချော့က လွှတ်တော်ပြန်မစခင် သူ့အမတ်တွေ အပန်းဖြေဖို့အတွက် အမတ် (၂၃) ဦးကို မိသားစုတွေ၊ သူတို့ လက်ထောက်တွေအပါအ၀င် တရုတ်နိုင်ငံသို့ သွားရောက် အနားယူစေ၏။ လေယာဉ်စရိတ်၊ တည်းခိုစရိတ်ကအစ အားလုံးစရိတ်ငြိမ်းဖြစ်အောင် နေ၀င်းချစ်ချော့ စီစဉ်ပေး၏။ ဒါတင်မက အသေးသုံး သုံးရအောင်ဆိုပြီး အမတ် (၂၃) ဦး အိတ်ကပ်တွေပါ ဖောင်းနေအောင် ပေးလိုက်သေးသည်ဟု Bangkok Post ကရေး၏။

မြန်မာအမတ်များ၏ အိုင်ယာလန် ညီလာခံပုံစံကတော့ တမျိုးဖြစ်၏။ မြန်မာစစ်အစိုးရသံအမတ် ဖယ်ရှားရေးကိစ္စအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဝင် အမတ်တွေ မဲခွဲဆုံးဖြတ်ကြသတဲ့။ တနည်းပြောရလျှင် ဘုံရန်သူဆိုပြီး ကင်ပွန်းတပ်ထားသည့် စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့် သူဟူ၍ ရွှေဥာဏ်တော်စူးရောက်ပြီး မဲခွဲဆုံးဖြတ်ကြခြင်းဖြစ်၏။ အံ့သြစရာပင်။

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် (၅) ဦး စင်ပြိုင်အစိုးရဟောင်းက မြန်မာစစ်အစိုးရ သံအမတ်ဖယ်ရှားရေးကိစ္စ သဘောမတူ။ မည်သည့်အကြောင်းကြောင့် သဘောမတူသည်ဖြစ်စေ မလုပ်ချင်၍ ထိုင်နေလျှင် ပြဿနာမရှိ။ လုပ်ချင်သူတွေက ဆက်လုပ်ဖို့သာရှိသည်။

ယခုတော့ စစ်အစိုးရကိုတိုက်မည့် ကမ်ပိန်းတခုအတွက် မြန်မာအမတ်တွေ ညီလာခံကြီးကျင်းပပြီး ထောက်ခံမလား၊ ကန့်ကွက်မလား မဲခွဲရသည့်အဖြစ်မှာ ကျော်မကောင်း ကြားမကောင်း။ နောင်ဆိုလျှင် မြန်မာသံရုံးရှေ့ ဆန္ဒပြမည့်ကိစ္စမျိုး၊ စစ်အစိုးရကို ဝေဖန်ရှုတ်ချသည့် ထုတ်ပြန်ချက်ထုတ်မည့် ကိစ္စမျိုးကိုပင် မဲခွဲဆုံးဖြတ်ရမည့်ကိန်း ဖြစ်နေ၏။

ပို၍ဆိုးသည်မှာ ထိုကမ်ပိန်းကြီးကို တချိန်က တက်တက်ကြွကြွ ထောက်ခံသူ အမတ်အချို့က တိုးချဲ့စင်ပြိုင်အစိုးရတွင် ၀န်ကြီးရာထူးရသည့်အခါ ကန့်ကွက်မဲ ပေးလိုက်သည့်အတွက် ကန့်ကွက်မဲမျက်နှာကြောင့် ၀န်ကြီးရာထူးပေးသည့်ကိန်း ဖြစ်သွားသဖြင့် ကြားရသူတိုင်း စိတ်မသက်မသာ ဖြစ်ကုန်ပြန်၏။

ထိုကဲ့သို့သော ၀န်ကြီးအမျိုးအစားများနှင့် ဖွဲ့ထားသည့် စင်ပြိုင်အစိုးရအပေါ် ပြည်သူတွေ၊ အတိုက်အခံတွေ မည်သို့ ယုံယုံကြည်ကြည် အားထားရမလဲ ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာ၏။

ပို၍ စိတ်မကောင်းစရာဖြစ်ရပ်မှာ အဆိုပါ အိုင်ယာလန်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း တလုံးတပါဒမျှ ဒေါ်လာစား အမတ်မင်းများ ဆွေးနွေးပြောဆိုခြင်းမရှိဟု ခေတ်ပြိုင်က စုံစမ်းသိရှိရ၏။ ထိုအချက်ကို ရှင်းပြဖို့ ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရမှာ တာဝန်ရှိသည်ဟု ခေတ်ပြိုင်က ယူဆ၏။

(ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo