ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

အဖြေမရှိသည့် ၂၀၁၀ ပဟေဠိပုစ္ဆာ
NEJ /၂၅ ဇန်န၀ါရီ ၂၀၁၀

 

နအဖစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၉ ခုနှစ် တပ်မတော်နေ့အခမ်းအနားတွင်လည်းကောင်း၊ စစ်မှုထမ်းဟောင်း ညီလာခံတွင်လည်းကောင်း၊ ကြံ့ဖွံ့ပြည်လုံးကျွတ်ညီလာခံတွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင်လည်းကောင်း ၂၀၁၀ ခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တရပ်ကို ကျင်းပပေးမည်ဖြစ်ကြောင်း ထပ်တလဲလဲ ထုတ်ဖော်ပြောကြားခဲ့လေ၏။

နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတိုင်းလည်း နအဖစစ်အုပ်စုဝင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့က လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်ပေးမည်ဟူ၍ အကြိမ်ကြိမ် အလီလီ အာမဘန္တေခံခဲ့လေ၏။

သို့သော် ၂၀၀၈ ညောင်နှစ်ပင်အခြေခံဥပေဒပါ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော အချက်အလက်များကို တွေ့ဆုံညှိနှိုင်း ပြင်ဆင်ပေးပါမှ ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟူသည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ (ပြည်သူ့မန်းဒိတ်ရ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ တောင်းဆိုချက်ကို နအဖစစ်အုပ်စုက တုံ့ပြန်ခြင်းမရှိဘဲ လျစ်လျူရှု မျက်ကွယ်ပြုနေဆဲဖြစ်၏။

ထို့အပြင် ၂၀၁၀ ခုနှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည့် ယခုချိန်အထိလည်း နအဖစစ်အုပ်စုဘက်မှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ်ကို ကျင်းပပြုလုပ်နိုင်မည့် အခင်းအကျင်းများဖြစ်သည့် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ ပါတီအဖွဲ့အစည်း ထူထောင်ခွင့်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်နှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေနေဆဲဖြစ်၏။

မီဒီယာလွတ်လပ်ခွင့် ပေးရမည့်အစား မလှလှဝင်းကဲ့သို့သော မီဒီယာသမားကို အနှစ် (၂၀) နှစ်ရှည်ထောင်ဒဏ် ချမှတ်အပြစ်ပေး နေ၏။ အခြားမီဒီယာသမားများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့် စစ်ဆေး ဖမ်းဆီးနေ၏။ အင်တာနက်၊ ဂြိုဟ်တုစလောင်း အသုံးပြု ကြည့်ရှုသူများကို ပို၍ ပို၍ ချုပ်ချယ်ကန့်သတ်မှုများ ပြုလုပ်နေ၏။

ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်၍ လွတ်လပ်စွာ ပါတီဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့် ပြုရတော့မည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ အပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ဆက်လက်ဖမ်းဆီး နှိပ်စက် ထောင်ချ အပြစ်ပေးနေဆဲဖြစ်၏။

အပြစ်မဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်နေသည့် အဖွဲ့အစည်း၊ ယန္တရားများကို သိသိသာသာ လျှော့ချပစ်ရမည့်အစား ကြံ့ဖွံ့၊ စွမ်းအားရှင်များကို တုတ်ရိုက်သင်တန်း၊ အဓိကရုဏ်း ဖြိုခွဲနှိမ်နင်းနည်းသင်တန်းများ သင်ကြားပို့ချနေ၏။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ပရောက် အတိုက်အခံဒီမိုကရေစီအင်အားစုများ ဥပဒေဘောင်အတွင်းသို့ အေးချမ်းစွာ ပြန်လည်ဝင်ရောက်နိုင်စေရန် တန်းတူရည်တူ ညှိနှိုင်းဆွေးနွေး အဖြေရှာရမည့်အစား ကလိန်ကကျစ် နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဖြိုခွဲ ဖဲ့ထုတ်ရန် ကြိုးစားနေ၏။

တနည်းအားဖြင့် ပြောရမည်ဆိုလျှင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ရွေးကောက်ပွဲကျင်းပမည်ဟု ကတိပေးထားသည့် ၂၀၁၀ ခုနှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လေလေ စစ်အုပ်စုဘက်မှ ပို၍ ဖိနှိပ်၊ ပို၍ ချုပ်ချယ်၊ ပို၍ ကန့်သတ်၊ ပို၍ ဖြိုခွဲလာသည်ကိုသာ တွေ့မြင်ကြားသိနေရပေ၏။

စစ်အုပ်စုအနေဖြင့် တဘက်တွင် ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများကို အပီအပြင် နှိပ်ကွပ်နေသော်လည်း အခြားတဘက်တွင်မူ သူတို့၏ လက်ကိုင်တုတ် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ သူတို့နှင့် ပလဲနံပသင့်သော မဆလကို အရေခွံလဲထားသည့် တစညပါတီ၊ အမျိုးသားနိုင်ငံရေးအင်အားစုကဲ့သို့သော ပြည်သူ့ချဉ်ဖတ် အဖွဲ့အစည်းများကို ကြိုတင်စည်းရုံးလှုပ်ရှားခွင့်ပြုနေလေ၏။

ထိုသို့ အပြောနှင့်အလုပ် မညီညွတ်ဘဲ ‘ပါးစပ်က ဘုရား၊ လက်က ကားယား’ ဆိုသလို ပြုမူကျင့်ကြံနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါ နအဖစစ်အုပ်စုဝင်များကို “ဘာတွေ လွတ်လပ်၊ ဘာတွေ မျှတ၊ ဘယ်လိုဘယ်ပုံ အားလုံးပါဝင်နိုင်မှာမို့ လျှာအရိုးမရှိ လျှောက်ပြောနေရတာလဲ” ဟု မေးခွန်းထုတ်မည်ဆိုလျှင် ခွေးအကြီး လှည်းနင်းသလိုသာ ဖြစ်လိမ့်မည်ဟု ခေတ်ပြိုင်က ယူဆမိပေ၏။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo