ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၇ မေ ၂၀၀၉

line

 

နာဂစ်မုန်တိုင်းကျသည်မှာ တနှစ်ပြည့်သွားပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်ခံရသူများသည် ဘ၀ပျက်နေဆဲ ဖြစ်ပါသည်။ နာဂစ်လေဘေးဒုက္ခကို သက်ဆိုးရှည်အောင် လုပ်နေသူမှာ ဗမာစစ်အစိုးရဖြစ်ကြောင်း နိုင်ငံတကာက သိပါသည်။ အကူအညီပေးမည့်သူကို စစ်ဆေးမေးမြန်း ချုပ်ချယ်ကန့်သတ်သော ဗမာစစ်အစိုးရကို သည်းခံပြီး အပြည်ပြည်ဆိုင်ရာက အကူအညီပေးပါသည်။ သို့သော်လည်း ပျက်စီးသည့်အတိုင်းအတာ ကြီးမားလွန်းသည့် အတွက် မလုံလောက်ပါ။

(၁) သိန်းခွဲသေဆုံး၍ (၂) သန်းကျော် အိုးမဲ့အိမ်မဲ့ ဘ၀ပျက်သွားသည်ဟု ခန့်မှန်းကြသည်။ ယနေ့ ကမ္ဘာ့စီးပွားရေး ကျဆင်းနေသည့်အတွက် လေဘေးဒုက္ခထောက်ပံ့ငွေလည်း နည်းပါးလာပါသည်။ ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ဒေါ်လာ သန်း (၇၀၀) လိုအပ်ကြောင်း လွန်ခဲ့သော ဖေဖော်ဝါရီလက ကြေညာပြီး အလှူခံကြပါသည်။ သို့သော်လည်း ယခုချိန်အထိ အလှူငွေထည့်ဖို့ ကတိပေးထားသည်မှာ ဒေါ်လာ သန်း (၁၀၀) သာ ရှိပါသေးသည်။ ကုလသမဂ္ဂလိုအပ်သော ၀န်ထမ်းများကို အကန့်အသတ်မရှိ ပြည်ဝင်ခွင့် ပေးထားသည်ဟု သိရပါသည်။

ဗမာစစ်အစိုးရ၏ ချုပ်ချယ်ကန့်သတ်မှုကြောင့် နိုင်ငံခြားသတင်းထောက်များ သွားခွင့်မရသဖြင့် နာဂစ်လေဘေး အတိုင်းအတာကို ကမ္ဘာက မသိဟု ဆိုပါသည်။ နိုင်ငံခြားကယ်ဆယ်ရေး အေဂျင်စီများ ရှိသော်လည်း ၎င်းတို့ လုပ်ပုံကိုင်ပုံကို လူသိနည်း၏။ ဗမာစစ်တပ်သည် သူများပစ္စည်း အလွဲသုံးစားလုပ်ရာတွင် နာမည်ရထားသဖြင့် “သူခိုးရှိရာကို ၀န်ထုပ်ဝန်ပိုးနဲ့သွား” ဆိုသည် မြန်မာစကားပုံကို နိုင်ငံခြားသားတွေ သဘောပေါက်ထားကြပုံရသည်။ ဤသည်မှာ အလှူငွေနည်းရသည့်အကြောင်းရင်း ဖြစ်၏။

မြန်မာပြည်တွင်းရောက်သွားသည့်အခါတွင် ကယ်ဆယ်ရေးဝန်ထမ်းတိုင်း ဗမာစစ်ဗိုလ်ဆီက ခွင့်ပြုချက်တောင်း ရသည်။ မိမိမကူညီနိုင်သည့်ကိစ္စ၌ သူများက ကူညီနေသည်ကို ဗမာစစ်ဗိုလ်က အနှောင့်အယှက်ပေးနေခြင်း ဖြစ်သည်။ ကောက်ရိုးပုံစောင့်သည့်ခွေးပမာ ကိုယ်မစားနိုင်သည့်ကိစ္စတွင် ဟောင်ပြနေခြင်းဖြစ်၏။ ထိုကြောင့် နာဂစ်လေဘေး သက်ဆိုးရှည်ပြီး ပြန်လည်ထူထောင်ရေး နှောင့်နှေးနေခြင်း ဖြစ်သည်။ နာဂစ်မုန်တိုင်းကို သတိပေးရန် ၀တ္တရားပျက်ကွက်သည့် မိုးလေ၀သ ညွှန်ချုပ် ရာထူးမပြုတ်ပါ။ တာဝန်ကျေပွန်ဖို့ထက် စစ်ဗိုလ်အမိန့်နာခံရန် ပို၍ အရေးကြီးနေပါသည်။

၂၀၀၄ ခုနှစ်၌ အင်ဒိုနီးရှားနိုင်ငံ အာချေကျွန်းတွင် ဖြစ်ပွားသည့် ဆူနာမီရေဘေးနှင့် နာဂစ်လေဘေး အပျက်အစီးခြင်း အတူတူခန့် ဖြစ်သော်လည်း နာဂစ်လေဘေးအကူအညီသည် အာချေဆူနာမီ၏ ဆယ်ပုံတပုံသာ ရှိကြောင်း သိရသည်။ နိုင်ငံခြား အကူအညီရရှိမှုကို တဦးချင်းအနေဖြင့် တိုင်းတာမည်ဆိုပါက မြန်မာ (၃) ဒေါ်လာ၊ လာအို (၄၉) ဒေါ်လာ၊ ဆူဒန် (၅၅) ဒေါ်လာရရှိပါသည်။ နိုင်ငံခြားအလှူရှင်ကို ချုပ်ချယ်ကန့်သတ်မှူကြောင့် ဤသို့ဖြစ်ရခြင်း ဖြစ်သည်။ ဗိုလ်ချုပ်များသည် အစိုးရနဲ့ ကုမ္ပဏီကြီးများထံမှ ငွေရနိုင်သည်။ စစ်သားနဲ့ စစ်ဗိုလ်လေးများကမူ ကယ်ဆယ်ရေးပစ္စည်းကို ခိုးကြသည်။ ခိုးသည့်ကိစ္စ၌ စစ်အစိုးရခွင့်ပြုပြီးသားဖြစ်၍ ခွင့်ပြုချက်တောင်းစရာမလိုပါ။

ခွင့်ပြုချက်မတောင်းဘဲ ကယ်ဆယ်ရေးသွားလုပ်သည့် စေတနာရှင် အရပ်သား (၂၀) ကျော်မှာမူ ထောင်ဒဏ် (၃၅) နှစ်အထိ ကျခံနေရပါသည်။ ဤကဲ့သို့ ယုတ်မာရက်စက်သော အစိုးရမျိုးကို ဒဏ်ခတ်ရုံကလွဲ၍ အခြားနည်းလမ်း မရှိတော့ပြီဟု ယူဆသူတွေများလှပါသည်။ ကယ်ဆယ်ရေးကို ဦးဆောင်သည့် ဟာသဆရာ ဇာဂနာကို ထောင်ဒဏ် (၅၉) နှစ်ချမှတ်ပြီးမှ သက်ညှာသည့်အနေဖြင့် (၃၅) နှစ်အထိ လျှော့ပေးလိုက်သည်။ ခွင့်ပြုချက်မတောင်းဘဲ လေဘေးကယ်ဆယ်ရေးလုပ်မှုကြောင့် ရရှိကြသော ထောင်ဒဏ်သည် သူများနိုင်ငံရှိ လူသတ်မှုထက်ပင် များနေပါသည်။ နိုင်ငံခြား ကယ်ဆယ်ရေး အေဂျင်စီတွေက ဒုက္ခသည်တွေကို မနားမနေကူညီနေသလို ဗမာစစ်အစိုးရကလည်း မနားမနေ နှောင့်ယှက်လေ၏။ ဖိနှိပ်မှုနှင့် နှောင့်ယှက်မှုကိုသာ နားလည်သော အစိုးရ ဖြစ်ပေသည်။

ကုလသမဂ္ဂ-အာဆီယံ-နအဖ သုံးပွင့်ဆိုင် နာဂစ်လေဘေးကယ်ဆယ်ရေး အစီအစဉ်အရ ဆိုပါက နိုင်ငံခြားမှ အလှူငွေရသည့် ပမာဏအတိုင်း နအဖအစိုးရကလည်း အလှူငွေ ထည့်ဝင်ရမည်ဖြစ်၏။ သို့သော်လည်း ကြပ်ပြေးနေပြည်တော်၌ လျှို့ဝှက်ရုံးထိုင်သော နအဖသည် ဤကိစ္စတွင် နှုတ်ဆိတ်နေသည်။ သဘာဝသယံဇာတ ရောင်းစား၍ ရထားသော နိုင်ငံခြားသုံးငွေ ဒေါ်လာ သန်း (၃,၅၀၀) ခန့် နအဖတွင် ရှိသည်ဟု ခန့်မှန်းကြသည်။  ဤငွေကို ကြပ်ပြေးအတွက်သာ သုံးနေပုံရသည်။

မိမိနိုင်ငံသူ နိုင်ငံသားများ၏ တိုးတက်ဖွံ့ဖြိုးရေးကို ဂရုမစိုက်သော အစိုးရသည် အစိုးရမဟုတ်ဘဲ သူခိုး ဓားပြသာ ဖြစ်ပေသည်။ အင်ဒိုနီးရှားအစိုးရနှင့် ဗမာသူခိုးဓားပြ အလွန်ကွာခြားကြောင်း နာဂစ်လေဘေးက သက်သေပြနေပါသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook