ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် တခုတည်းသော တပ်မတော်
NEJ / ၂၆ အောက်တိုဘာ ၂၀၀၉

 

ယခုအခါ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုအားလုံးသည် စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်လျက်ရှိကြပေသည်။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်သည့်အခါ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြမည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်ရန်အတွက် ယခုရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို စုစည်းပြီး ညီညွတ်သည့် တခုတည်းသော တပ်မတော်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည်ဆိုသည်ကိုလည်း အားလုံးက ကိုယ်စီကိုယ်င လက်ခံသဘောတူကြပေသည်။ မည်သို့မည်ပုံ စနစ်တကျ ပြင်ဆင်ဖွဲ့စည်းတည်ထောင်မည် ဆိုသည်ကိုသာ ၀ိုင်းဝန်းစဉ်းစား အကောင်အထည်ဖော်ကြရမည်ဖြစ်ပေသည်။

ထို့နည်းတူ ယနေ့လက်ရှိတွင် နိုင်ငံတော်အာဏာကို လက်နက်အားကိုးနှင့် မတရားရယူသိမ်းပိုက်ထားသည့် နအဖစစ်အုပ်စုကလည်း သူတို့စိတ်ကြိုက်ရေးဆွဲပြီး လိမ်လည်အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း တိုင်းပြည်ကို စစ်ကျွန်ပြုနိုင်ရေးအတွက် သူတို့ ရာသက်ပန် ကြိုးကိုင်ခြယ်လှယ်နိုင်မည့် “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တခုတည်းသော မျိုးချစ်တပ်မတော်” ဆိုသည်ကို ထူထောင်နိုင်ရန် အစွမ်းကုန် စိုင်းပြင်းနေသည်ကို တွေ့ရပေသည်။

နအဖစစ်အုပ်စုသည် သူတို့ ရာသက်ပန်ကြိုးကိုင်ခြယ်လှယ်နိုင်မည့် တခုတည်းသော စစ်တပ်ကို ထူထောင်နိုင်ရေးအတွက် လွန်ခဲ့သည့် အနှစ် (၂၀) ခန့်က အပစ်အခတ်ရပ်စဲထားခဲ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရန် အပူတပြင်း ဖိအားပေးလုပ်ဆောင်နေသည်။

န၀တ/နအဖစစ်အုပ်စုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးနောက် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများကို အချိန်ယူဖြိုခွဲနိုင်ရေးအတွက် နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စီးပွားရေးလုပ်ပိုင်ခွင့် မက်လုံးပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးကာ အပစ်အခတ်ရပ်စဲရေးများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ တနည်းအားဖြင့်ဆိုရလျှင် ရေရှည်၌ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များအားလုံး စီးပွားရေးလောဘဇောတိုက်ပြီး အောက်ခြေထုနှင့် ကင်းပြတ်ကာ ရေမြွေများဖြစ်သွားမည်ဟု စစ်အုပ်စု မျှော်လင့်ခဲ့ပုံပေါ်သည်။ ထိုသို့ရေမြွေဖြစ်ချိန်ကျမှ အလွယ်တကူ ခြေမှုန်းနိုင်ရန် ရည်ရွယ်ပြီး ဉာဏ်နီဉာဏ်နက်ထုတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ယခုအခါ နအဖစစ်အုပ်စုမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အတင်းအကျပ် ဖိအားပေး လုပ်ဆောင်လာသည့်အခါတွင် စီးပွားရေးလောဘဇောတိုက်ကာ ရေမြွေဖြစ်သွားခဲ့ကြသည့် အပစ်ရပ်တပ်ဖွဲ့အများစုက နအဖ၏ လိုလားချက်ကို အလွယ်တကူ လိုက်လျောခဲ့ကြရပြီး တင်းခံနေသည့် အဖွဲ့များထဲမှ အင်အားအနည်းဆုံးဖြစ်သော ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံလူမျိုးစုများဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု (MNDAA) ကိုလည်း နအဖက အင်အားသုံးတိုက်ခိုက်ပြခဲ့ပြီဖြစ်သည်။

ဆက်လက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကူးပြောင်းရန် ငြင်းဆန်နေသည့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလားအဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ကိုလည်း အတင်းအကျပ် ဖိအားပေးလုပ်ဆောင်ရန် နအဖစစ်တပ်မှ စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရပေသည်။

သို့သော် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံရန် ကျန်ရှိနေသည့် အပစ်ရပ်တပ်ဖွဲ့များမှာ အင်အားကိုယ်စီကိုယ်င ရှိကြသည့်နည်းတူ အလွယ်တကူ အညံ့ခံမည့် အနေအထား မတွေ့ရသည့်အတွက် ဗိုလ်သန်းရွှေ ဦးစီးသည့် နအဖစစ်အုပ်စုက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားရူးရူးကာ အတင်းအဓမ္မ မဆင်မခြင် ထိုးစစ်ဆင်တိုက်ခိုက်မည်ဆိုလျှင် တိုင်းပြည်အနေဖြင့် ပြည်တွင်းစစ်မီး အကြီးအကျယ်တောက်လောင်ပြီး အလုံးစုံပျက်သုဉ်းကြေမွမည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်ပေသည်။

ထိုသို့သော အခြေအနေဆိုးကြီးကို ရှောင်ရှားနိုင်ရန်နှင့် စစ်အုပ်စု၏ အနာဂတ်ထွက်ပေါက် ကောင်းမွန်လှပစေရန်အတွက် နအဖအနေဖြင့် တိုင်းပြည်အား စစ်ကျွန်ပြုရေးစီမံကိန်းကို စွန့်လွှတ်ဖျက်သိမ်းပြီး တိုင်းရင်းသားလူမျိုးစုအားလုံးက လက်ခံသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး အပြောင်းအလဲတရပ် အမြန်ဆုံးဖော်ဆောင်ရန် အကြံပြုလိုပေသည်။

ထို့နောက် အင်အားစုအသီးသီးက လက်ခံသည့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရတရပ်ပေါ်ပေါက်ရေး ၀ိုင်းဝန်းကြိုးပမ်းပြီး ထိုအစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းရင်းသားအင်အားစုအသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီး၏ ကောင်းမွန်သော အကြံပြုမှုများဖြင့်သာ တခုတည်းသော စုစည်းညီညွတ်သည့် ပြည်သူ့တပ်မတော်ကို ၀ိုင်းဝန်းထူထောင်ကြပါစို့ဟု ခေတ်ပြိုင်က တိုက်တွန်းရေးသားလိုက်ရပေသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook