English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


 
 

ပြဒါးတလမ်း သံတလမ်း
line

 

၂၀၀၈ ခုနှစ် မဟာသင်္ကြန် ရက်ပိုင်းအတွင်း ကျရောက်တော့မည်ဖြစ်၏။ မကြာခင် မြန်မာနှစ် ဆန်းတော့မည်။

ဤတွင် ၂၀၀၆ မြန်မာနှစ်ဆန်းတရက်နောက်ဆုံးထား အကြောင်းပြန်ရန် စစ်အစိုးရအပေါ် တောင်းဆိုခဲ့သည့် အန်အယ်လ်ဒီ အထူးကြေငြာချက်ပါ အကြံပြုချက်များကို ခေတ်ပြိုင်က သုံးသပ်ကြည့်မိ၏။

၂၀၀၆ ခု ပြည်ထောင်စုနေ့တွင် အန်အယ်လ်ဒီပါတီက အထူးကြေငြာချက်တရပ် ထုတ်ပြန်၏။ ထိုကြေငြာချက်ကို အနှစ်ချုပ်ကြည့်လျှင်-

-စစ်အစိုးရအနေနှင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို အခြေခံ၍ လွှတ်တော်တရပ် ခေါ်ပေးလျှင် ထိုလွှတ်တော်ကနေ လက်ရှိ တရားမ၀င် အုပ်ချုပ်နေသည့် စစ်အစိုးရကို (အန်အယ်လ်ဒီ အသုံးအနှုန်းအရ) ဥပဒေအရ အုပ်ချုပ်သော ကောင်စီ (dejure) ဖြစ်လာစေရန် ကြေငြာပေးမည်။

-ထိုအစိုးရက ၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်များနှင့် ဖွဲ့စည်းသည့် အစိုးရတရပ် ပေါ်ထွန်း
သည်ထိ အသွင်ကူးပြောင်းရေးကာလအတွင်း တာဝန်ယူရမည်။ အသွင်ကူးပြောင်းရေးကာလကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းမည်။

-မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် ပေးရမည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု ဖော်ပြ၏။

-ထို့နောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရာ၌ ဖြန်ဖြေပေးမည့် ပုဂ္ဂိုလ်လိုသည်ဟု ယူဆလျှင် အာဆီယံအဖွဲ့မှ အများလက်ခံယုံကြည်သည့် နိုင်ငံ့ခေါင်းဆောင် ကြီးဖြစ်ရမည်ဟု အကြံပြု၏။

၂၀၀၈ ခုနှစ် မြန်မာနှစ်ဆန်းတရက်ဆိုလျှင် အန်အယ်လ်ဒီက အထူးကြေငြာချက် ထုတ်ပြန်တောင်း ဆိုခဲ့သည်မှာ (၂) နှစ်တင်းတင်း ပြည့်ပြီဖြစ်၏။၊ စစ်အစိုးရဘက်က လွှတ်တော်ခေါ်ပေးမည်ဟု ကတိပေး၏။ သို့သော် အန်အယ်လ်ဒီ အကြံပြုထားသည့် လွှတ်တော်မျိုးမဟုတ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ရက် (၉၀) မှာခေါ်မည့် လွှတ်တော်သည် စစ်အစိုးရ
Road Map အရ ထွက်ပေါ်လာမည့် လွှတ်တော်ဖြစ်၏။ စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်
(၂၅) ရာနှုန်းပါဝင်မည့် လွှတ်တော်ဖြစ်၏။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များကို လစ်လျူပြုထားသည့် လွှတ်တော်ဖြစ်၏။ နောက်ထပ် ရွေးကောက်ပွဲ
သစ် ကျင်းပမည်ဆိုသည့် စစ်အစိုးရ Road Map သည် စင်စစ် ၉၀ ရွေးကောက်ပွဲကို စစ်အစိုးရဘက်က လက်မခံဆိုသည့် သဘောဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ကြည်တို့ တွေ့ဆုံမှု ရှိသော်လည်း အမှန်တကယ် နိုင်ငံရေးဖြေရှင်းရန် ရည်ရွယ်သည့် တွေ့ဆုံမှုမျိုး မဟုတ်ဟု အန်အယ်လ်ဒီက ယူဆ၏။ ထိုတွေ့ဆုံမှုသည်လည်း အန်အယ်လ်ဒီတောင်းဆို၍ ဖြစ်လာသည်မဟုတ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မျက်နှာကောင်းရစေရန် ဟန်ပြ ဘုရားစူးတွေ့ဆုံမှုဟု အတိုက်အခံ
ဘက်က ယူဆ၏။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရာ၌ ဖြန်ဖြေပေးမည့်ပုဂ္ဂိုလ် လိုသည်ဟုယူဆလျှင် အာဆီယံအဖွဲ့မှ အများလက်ခံယုံကြည်သည့် နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်ရမည်ဆိုသည့် အန်အယ်လ်ဒီအကြံပြုချက်သည်လည်း စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုမျိုး မဖြစ်သည့်အတွက် ဖြန်ဖြေမည့်သူမရှိ ဖြစ်နေ၏။

၂၀၀၈ နှစ်သစ်မကူးမီ မြန်မာ့နိုင်ငံရေးကို ချုပ်ကြည့်လျင် သွေးထွက်သံယိုမှုတွေ၊ အဖမ်းအဆီး
တွေ၊ လောဘ ဒေါသတွေနှင့် ပြည့်နေ၏။ အစိုးရ၏ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အပေါ် ပြောဆိုချက်တွေက ဒေါသသံ အပြည့်ရှိ၏။ အန်အယ်လ်ဒီအပေါ် အစိုးရလေသံက မောက်မာ၏။ စစ်အစိုးရ လူထုဆန္ဒ ခံယူပွဲအပေါ် အတိုက်အခံတွေက ပြစ်တင်ရှုတ်ချ၏။ ဒီကြားထဲ အန်အယ်လ် ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အလျှော့မပေးရကောင်းလားဆိုပြီး တံတောင်နှင့် ထောင်းလို
သည့် ခါတော်မီ ပညာတတ်အချို့ ပေါ်ထွန်းလာ၏။

အန်အယ်လ်ဒီက စစ်အစိုးရ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကို အတိအလင်း ကန့်ကွက်သည့်
အတွက် ၂၀၁၀ ပြည့်နှစ် စစ်အစိုးရ ရွေးကောက်ပွဲဝင်ရန် အခွင့်အလမ်းနည်းသွား၏။ အကြောင်း
မှာ ၂၀၁၀ ပြည့် ရွေးကောက်ပွဲဝင်မည့် ပါတီတိုင်း စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရမည်ဟု ချုပ်ကိုင်ထား၏။ တနည်းဆိုရလျင် ၉၀ ရွေးကောက်ပွဲရလာဒ်ကိုသာ အန်အယ်လ် ဒီက ဆုတ်ကိုင်၏။ စစ်အစိုးရကလည်း ၉၀ ရွေးကောက်ပွဲရလာဒ်ကို အဓမ္မ မျက်ကွယ်ပြု၏။

ချုပ်ကြည့်လျင် လာမည့် နှစ်ဆန်း မြန်မာ့နိုင်ငံရေးမှာ ရင်လေးစရာဖြစ်၏။ မြန်မာနှစ်ဆန်း နောက်
ပိုင်း နောက်ထပ် သွေးထွက်သံယိုမှုများ မဖြစ်ပါစေနှင့်ဟုသာ ခေတ်ပြိုင်က ဆုတောင်းလို၏။      ။

 

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics