ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တရားမျှတမှုနှင့် တရားဥပဒေလေးစားမှု
NEJ / ၁ ဇူလိုင် ၂၀၀၉
line

 

တရားမျှတမှုနှင့် တရားဥပဒေကို ရိုသေလေးစားမှုသည် ဒီမိုကရေစီ၏ အခြေခံတခုပင်ဖြစ်သည်။ လက်နက်အားကိုး မကြီးစိုးဘဲ တရားဥပဒေအတိုင်း ဆောင်ရွက်ရသည့်ဓလေ့ အင်္ဂလန်နိုင်ငံတွင် ၁၂၁၅ ခုနှစ်မှာ စတင်ကျင့်သုံးသည်ဟု သိရသည်။ မက်ခ်နာခါတာ Magna Carta ဟူသော လက်တင်ဝေါဟာရသည် မဟာပဋိညာဉ်စာချုပ် Great Charter ဟု အဓိပ္ပာယ်ရသည်။ စာပိုဒ် (၆၃) ပိုဒ်ပါသော စာချုပ်ဖြစ်ပြီး ဘုရင့်လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ မက်ခ်နာခါတာ၌ ပါရှိသော စာပိုဒ်အချို့သည် ခေတ်သစ်တရားမျှတရေးစနစ်၏ အခြေခံဖြစ်လာသည်။ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခြင်းမပြုရန် အစိုးရကို ပိတ်ပင်တားမြစ်လိုက်သည့် ပဋိညာဉ်စာချုပ်ပင်ဖြစ်ပေသည်။

တရားဥပဒေအတိုင်း ဆောင်ရွက်မှုကို ရှေးခေတ်ဗုဒ္ဓဘာသာ မြန်မာ့လူ့အဖွဲ့အစည်း၌ တန်ဖိုးထားခဲ့ပါသည်။ မဟာပရိနိဗ္ဗာနသုတ်၊ သတ္တနိပါတ်၊ အင်္ဂုတ္တနိကယ်၊ အဋ္ဌကထာ စသည့်ကျမ်းများတွင် ဖော်ပြသော ‘အပရိဟာနိယတရား’ (၇) ပါးသည် တိုင်းပြည်ကို တိုးတက်ချမ်းသာအောင် ပြုလုပ်ရာတွင် အစိုးရမင်းတို့ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းပင်ဖြစ်၏။

အစိုးရသည် ရှေးကတည်းက ပြဋ္ဌာန်းခဲ့သော တရားဥပဒေထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ရမည်၊ မိမိစိတ်ကြိုက် ဥပဒေပြု၍ မစီရင်ရဟု သတ်မှတ်ထား၏။ မိမိအမှုနိုင်အောင် ကပ်ယပ်ပြောဆိုမှု၊ လက်ဆောင်ပဏ္ဍာအပေးအယူ လုပ်မှု၊ မျက်နှာကြီးငယ် လိုက်မှု၊ ကြိုတင်ညှိနှိုင်းတိုင်ပင်၍ စည်းဝါးရိုက်မှု စသည့်အပြုအမူများ ကင်းရှင်းရမည်လို့ ‘အပရိဟာနိယတရား’ က ဆိုပါသည်။ အသက်အရွယ်ကြီးရင့်သော ပညာရှင်များ၏ ပြောဆိုချက်များကို လေးစားရမည်ဟု ဆိုပါသည်။ ဤနေရာတွင် အသက်နှင့်ပညာ ကို ဆက်စပ်ထားသည်ကို တွေ့ရ၏။ အသက်ကြီးတိုင်း အသုံးကျသည်မဟုတ်ပါ။ အသက်ကြီးသော်လည်း လူမိုက်စကား ပြောသော ခေါင်းဆောင်များရှိသည့်အတွက် အသက်အရွယ်ကြီးရင့်သော ပညာရှိ၏စကားကို လေးစားရန်သာ အဆိုအမိန့်ရှိထားခြင်းဖြစ်သည်။

‘အပရိဟာနိယတရား’ ကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော သိုးဆောင်းလူမျိုးများသည် သူများထက်ပို၍ တိုးတက် ဖြစ်ထွန်းသည် ဟု ကျမ်းဂန်များတွင် ဖော်ပြပါသည်။ သိုးဆောင်းလူမျိုးဆိုသည်မှာ အနောက်တိုင်းသား ဥရောပတိုက်သားကို ဆိုလိုခြင်းဖြစ်၏။ တိုင်းပြည်အကျိုးအတွက် အစိုးရအရာထမ်းများသည် မိမိရဲ့ယူဆချက်ကို အမှန်အတိုင်းပြောဆို၍ တညီတညွတ်တည်း သဘောတူချက်ရယူနိုင်မှု၊ နိုင်ငံသားတို့၏ သဘောထား ရိုသေလေးစားမှု စသည်တို့ကို မြန်မာ့ထုံးတမ်းစဉ်လာ ဥပဒေ၌ တန်ဖိုးထား၏။

လူ့အဖွဲ့အစည်းတခုတွင် စာဖြင့် ရေးသားပြဋ္ဌာန်းသော တရားဥပဒေနှင့် ဓလေ့ထုံးစံဟူ၍ ဥပဒေနှစ်မျိုးရှိပါသည်။ ဓလေ့ထုံးစံ ဥပဒေသည် ရိုးရာယဉ်ကျေးမှုသဘော သက်ရောက်သည့်အတွက် ဤဥပဒေမျိုးကို မကြာခဏ ချိုးဖျက်နေသော လူ့အဖွဲ့အစည်းသည် ပျက်စီးရန် အလားအလာများသည်။ မြန်မာ့လူ့ဘောင်တွင် တိုင်းသူပြည်သားနှင့် အစိုးရတို့အကြား ထားရှိသော ဓလေ့ထုံးစံဥပဒေ ရှိပါသည်။

ဤဥပဒေသဘောတရားကို ရှေးဟောင်းဗုဒ္ဓဘာသာ ကျမ်းဂန်များတွင် တွေ့နိုင်သည်။ တရားမျှတမှုကို လိုလားသော အစိုးရသည် သင်္ဂဟတရား (၄) ပါးကို လိုက်နာရပါသည်။ (၁) သဿမေဓ (၂) ပုရသမေဓ၊ (၃) သမ္မာပါသ၊ (၄) ၀ါစာပေယျ စသည့်တရားများ ကို လေ့လာပါက အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန်ထားရှိသော တာဝန်ဝတ္တရား ကတိစကားများကို တွေ့နိုင်ပါသည်။ ဤသည်ကို လူမှုပဋိညာဉ်သဘောတူချက် Social Contract ဟု ခေါ်နိုင်ပါသည်။

လူ့အဖွဲ့အစည်းသည် ပညာရှိသုခမိန်ကို မဟာသမ္မတအဖြစ် ပထမဆုံး အများသဘောတူ တင်မြှောက်သည်ဟု ဆိုပါသည်။ မဟာသမ္မတမင်းသည် တရားမျှတစွာအုပ်ချုပ်မည်ဟု ကတိပေးရပါသည်။ အုပ်ချုပ်သည့်အဖိုးအခအဖြစ် လူ့အဖွဲ့အစည်းသည် ဆယ်ရာခိုင်နှုန်း သမ္မတမင်းကို အခွန်ပေးဆောင်ရန် သဘောတူပါသည်။ ဒဿမဘာဂ-ဆယ်ဖို့ တဖို့။ ဆယ်ခိုင်တခိုင်၊ ဆယ်ဖီးတဖီး၊ ဆယ်လုံးတလုံး၊ ဆယ်ပွင့်တပွင့် အစိုးရမင်းကို ပေးဆောင်မည်ဟု ကတိပေးရပါသည်။

ဤသို့ အစိုးရမင်းနှင့် ပြည်သူလူထုအကြား အပြန်အလှန် ပဋိညာဉ်ခံဝန်ကတိစကား ထားပြီးသည့်အခါတွင် မင်းလောင်းမင်းလျာ ကို ဘိသိက်သွန်းလောင်းပြီး မင်းမြှောက်သည်ဟု ဆို၏။ မဟာသမ္မတဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ သဘောတူတက်မြှောက် ထားသော မင်းဖြစ်ပါသည်။ မင်းကို ခတ္တိယဟုလည်း ခေါ်ပါသည်။ အဓိပ္ပာယ်မှာ လယ်ယာကို အုပ်စိုးသောမင်းဖြစ်သည်။ ရာဇာ၏ အဓိပ္ပာယ်မှာ တရားသဖြင့် စီရင်ညွှန်ပြဆုံးမတတ်တဲ့မင်းဖြစ်သည်။ ထိုမှတဆင့် တဖြည်းဖြည်း မင်းကျင့်တရား (၁၀) ပါး ပေါ်ပေါက်လာသည်ဟု သိရှိရပါသည်။

မင်းကျင့်တရား (၁၀) ပါးသည်လည်း မဟာသမ္မတမင်း စတင်ပေါ်ပေါက်ကတည်းက မင်းနဲ့ပြည်သူအကြား ထားရှိခဲ့သော အပြန်အလှန် ပဋိညာဉ်သဘောတူချက်ကို သတိပေးထားပါသည်။ မင်းကျင့်တရား (၁၀) ပါးထဲ၌ ‘အ၀ိရောဓန’ တရားကို ကုန်းဘောင်ခေတ်စာပေ၌ အထူးဖော်ပြပါသည်။ အဓိပ္ပာယ်မှာ အုပ်ချုပ်မင်းလုပ်သူသည် ရဟန်းရှင်နှင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ မလုပ်ရဟူ၏။

ပြည်သူ့ဆန္ဒ ဆန့်ကျင်သောအစိုးရကို ပြည်သူလူထုကပင် ဖျက်ဆီးလိမ့်မယ်လို့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးသားသည့် ရာဇဓမ္မသင်္ဂဟကျမ်း၌ ဖော်ပြပါသည်။ ဤကျမ်းဟာ နောက်ဆုံးဗမာမင်းဖြစ်သော သီပေါမင်းကို ဆုံးမရန်အတွက် ရေးသားခဲ့သော ကျမ်းပင်ဖြစ်သည်။ မြန်မာမင်းများသည် အာဏာယစ်မူးနေသည်ကများပြီး အစဉ်အလာ တရားဥပဒေများကို နားမလည်သည့်အတွက် ဘုရင်စနစ်နိဂုံးချုပ်ရခြင်းဖြစ်သည်ဟု ဆိုရိုးရှိပါသည်။

မိမိထုတ်ပြန်သော ဥပဒေကိုပင် လေးစားရမှန်းမသိသော စစ်အစိုးရ ကာလကြာရှည် အာဏာရနေသဖြင့် တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးမှုသည် မြန်မာပြည်၌ အသစ်အဆန်းကဲ့သို့ ဖြစ်နေရပါသည်။ မြန်မာပြည်တွင် ယနေ့ရင်ဆိုင်နေရသော ပြဿနာမှာ တရားဥပဒေမရှိသော ပြဿနာမဟုတ်ပါ။ ရှိနေသော တရားဥပဒေကို စစ်အစိုးရက မလေးစားသော ပြဿနာဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီကို (၁၄) နှစ် ကျင့်သုံးခဲ့သည့်တိုင်းပြည်၌ ဒီမိုကရေစီအခွင့်အရေးကို ကာကွယ်သောဥပဒေများ ရှိပါသည်။ စစ်တပ်က အာဏာမသိမ်းခဲ့ပါက တရားဥပဒေစိုးမိုးရေး မြန်မာပြည်တွင် အတော်အားကောင်းမည်ဟု ပြောကြပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ရေးလိုက်ဖျက်လိုက် လုပ်နေသောနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးကိစ္စသည် ရယ်စရာဖြစ်နေ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်များ ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေကို စစ်တပ်က ၁၉၆၂ တွင် ဖျက်သိမ်းလိုက်ပါသည်။ ထို့နောက် ၁၉၇၄ ခုနှစ်တွင် တပါတီဆိုရွယ်လစ်အခြေခံဥပဒေသစ်ကို စစ်တပ်က ရေးဆွဲသည်။ ဤဆိုရှယ်လစ်အခြေခံဥပဒေကိုလည်း ၁၉၈၈ ၌ စစ်တပ်ကပင် ဖျက်သိမ်းလိုက်ပြန်ပါသည်။ အခြေခံဥပဒေ (၂) ခုစလုံးကို စစ်တပ်က ဖျက်ဆီးပြီးသောအခါ၌ စစ်တပ်ခေါင်းဆောင်သည့် အခြေခံဥပဒေကို ရေးဆွဲပြန်ပါသည်။

အာဏာယစ်မူးနေသော စစ်ခေါင်းဆောင်များက အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ၍ အမြဲတမ်းအာဏာရနေရန် ကြိုးပမ်းသောလုပ်ရပ်သည် မြန်မာ့ဓလေ့ထုံးစံဥပဒေနှင့်ရော၊ အပြည်ပြည်ဆိုင်ရာဓလေ့ထုံးစံဥပဒေနှင့်ရော ဖီလာ ဆန့်ကျင်ဖြစ် နေပါသည်။ ဤသို့သော တိုင်းပြည်၌ တရားမျှတမှုနှင့် တရားဥပဒေ ရိုသေလေးစားမှု မရှိနိုင်ပါ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook