ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

လူမိုက်လက်သစ်လုပ်ရန် ကြံစည်နေသော စစ်အုပ်စုကို
အရေးယူရန် အချိန်တန်ပြီ

NEJ / ၁၃ ဇူလိုင် ၂၀၀၉

 

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်းကူပြောင်းရေးအတွက် စစ်အုပ်စုကို နားချရန် ကြိုးစားနေသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ သံတမန်ရေးနည်းလမ်းသည် လမ်းဆုံးပြီဟု ဆိုရမည့်ကိန်းဆိုက်နေသည်။

အင်းစိန်ထောင်တွင် မတရားအမှုဆင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံးလွှတ်ပေးရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ရာထူးအမြင့်ဆုံး အကြီးအကဲဖြစ်သော အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ဇူလိုင်လ (၃) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အစွမ်းကုန်ကြိုးပမ်းသော်လည်း အောင်မြင်မှုမရဘဲ ပြန်သွားခဲ့ရသည်ကို ကြည့်ခြင်းအားဖြင့် လမ်းဆုံးမည့်ကိန်းဆိုက်နေသည်ဟု ဆိုရခြင်းဖြစ်သည်။

အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မြန်မာနိုင်ငံတွင် နှစ်ရက်ကြာနေထိုင်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ရရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့သည်။ သို့သော် မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားစီရင်ရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု အကြောင်းပြကာ တွေ့ခွင့်ပေးရန် ငြင်းပယ်ခဲ့သည့်အတွက် အတွင်းရေးမှူးချုပ်၏ လာရင်းခရီးစဉ် မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်းက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့စဉ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်ခွင့်ရရေးအတွက် လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်ဟု မြန်မာပြည်မှ မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ပြောဆိုခဲ့သည်။

သူ့အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ပွင့်လင်းမှုရှိကြောင်း ပြသနိုင်သည့် အခွင့်အလမ်းများကို မြန်မာစစ်အစိုးရအနေဖြင့် လက်လွတ်အဆုံးရှုံးခံခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အလယ်၌ ပို၍ အထီးကျန်ဖြစ်အောင် လုပ်ဆောင်သလို ဖြစ်လိမ့်မည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် မစ္စတာဘန်ကီးမွန်းက သတိပေးစကား ပြောကြားခဲ့သည်။

မစ္စတာဘန်ကီမွန်းနှင့် မိနစ်ပိုင်းမျှ တွေ့ခွင့်ရခဲ့သည့် အန်အယ်လ်ဒီပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း နအဖအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နအဖထံ တောင်းဆိုထားသည့် အခြေအနေများကို ဘန်ကီမွန်းအား တင်ပြခဲ့သည်ဟု ဆိုသည်။

အီတလီနိုင်ငံတွင် ကျင်းပခဲ့သည့် စက်မှုထိပ်သီး (၈) နိုင်ငံ ခေါင်းဆောင်များ၏ အစည်းအဝေးမှလည်း မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ပွင့်လင်းမြင်သာသည့် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးရန် ဇူလိုင်လ (၈) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။

ဇူလိုင်လ (၈) ရက် ဒေသစံတော်ချိန် ညနေပိုင်းက ကုလသမဂ္ဂ နယူးယောက်ဌာနချုပ်၌ ကျင်းပပြုလုပ်သည့် အတွင်းရေးမှူးချုပ်၏ မြန်မာ့မိတ်ဆွေနိုင်ငံများ တံခါးပိတ်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီက အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြခဲ့သည်။

တံခါးပိတ်အစည်းအဝေးတွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က လုံခြုံရေးကောင်စီအတွင်း မြန်မာ့အရေးကို တရားဝင်ဆွေးနွေးဖို့ တောင်းဆိုခဲ့ကြသည်။ တံခါးပိတ်အစည်းအဝေးသို့ မစ္စတာဘန်ကီမွန်း မတက်ရောက်နိုင်သော်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်းအဝေး ကျင်းပသည့်အခါ လုံခြုံရေးကောင်စီဝင်များရှေ့မှောက်၌ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သည့် သူ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းမည်ဟုဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးသည့်အပေါ် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့က အထူးစိတ်ဆိုးဒေါသထွက်ခဲ့ကြသည့်အတွက် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

ထိုသို့ မြန်မာစစ်အစိုးရအပေါ် ပိုမိုဖိအားပေးမည့် သတင်းများ ထွက်ပေါ်နေသော်လည်း  စစ်အုပ်စုကမူ အလျှော့ပေးမည့် အရိပ်အယောင်မပြဘဲ ဆက်လက်တင်းကျပ်မြဲ၊ ဆက်လက်ဖိနှိပ်မြဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ရုံးတင်စစ်ဆေးမြဲ စစ်ဆေးနေသည်ကိုသာ တွေ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အတိုက်အခံအများစုအား ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဘဲ သူတို့စိတ်ကြိုက်ရွေးချယ်ထားသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့်သာ တဖက်သတ် ကျင်းပသွားမည့် အနေအထားမျိုး တွေ့နေရသည်။

ထို့အပြင် မြန်မာစစ်အုပ်စုသည် ကမ္ဘာ့ထိပ်သီးလူမိုက် မြောက်ကိုရီးယားအစိုးရနှင့် မိတ်ဖွဲ့ပေါင်းဖက်ကာ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် လူမိုက်လက်သစ်နိုင်ငံဖြစ်ရေးအတွက် အပူတပြင်း ကြိုးစားလုပ်ဆောင်နေသည်ကိုလည်း မကြာသေးမီ က ထွက်ပေါ်လာသည့် ဓာတ်ပုံအထောက်အထားများ၊ အစီရင်ခံစာများအရ သိရှိရပေသည်။ 

ထိုသို့ သံတမန်ရေးအရ အမြင့်ဆုံးကြိုးပမ်းခဲ့မှုကို အာခံခဲ့သည့်အပြင် ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်နိုင်သည့် အနေအထားဖြစ်အောင် ကြံစည်လုပ်ဆောင်နေသည့် နအဖစစ်အုပ်စုအား ပြင်းထန်သည့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှု များမှသည် မြန်မာနိုင်ငံ၌ အစိုးရအပြောင်းအလဲ (Regime change) ဖြစ်ပေါ်သည့် အနေအထားသို့ ရောက်ရှိသည်အထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန် ခေတ်ပြိုင်မှ တောင်းဆိုလိုက်ရပေသည်။
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook