ဥရောပဖလားချန်ပီယံ စပိန်တို့ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် သိမ်းပိုက်

NEJ   /   ၁၂ ဇူလိုင် ၂၀၁၀




ဇူလိုင်လ (၁၁) ရက် တနင်္ဂနွေနေ့က တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်ဂ်မြို့၊ ဆော်ကာစီးတီး အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဥရောပချန်ပီယံ စပိန်အသင်းက ဗိုလ်လုပွဲသို့ ရှုံးပွဲမရှိ တက်ရောက်လာခဲ့သည့် နယ်သာလန်အသင်းကို (၁) ဂိုး - ဂိုးမရှိဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားသမိုင်းတွင် ချန်ပီယံသစ်အဖြစ် မှတ်တိုင်သစ်စိုက်ထူလိုက်ပြီဖြစ်သည်။

နှစ်သင်းစလုံးသည် ပုံမှန်ပွဲကစားချိန် ပြီးဆုံးသည်အထိ တဘက်နှင့်တဘက် ဂိုးမသွင်းနိုင်ကြဘဲ အချိန်ပို ဒုတိယပိုင်း (၁၁၆) မိနစ်ကျမှ စပိန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ကွင်းလယ်လူ အန်းဒရက်စ် အင်နီယက်စတာက သွင်းယူခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် စပိန်ကွင်းလယ်ဗိုလ်ချုပ် ဇာဗီ ညာဘက်အခြမ်းမှ ကန်တင်ပေးသည့် ဘောလုံးကို နောက်ခံလူ ရာမို့စ် ခေါင်းတိုက်သွင်းယူရာ နယ်သာလန် ဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ခြင်း၊ ရာမို့စ် ဂိုးဧရိယာအတွင်း ညာဘက်ခြမ်းမှ ကန့်လန့်ဖြတ်ကန်သွင်းသည့် ဘောလုံးကိုလည်း နယ်သာလန် နောက်ခံလူက ဖျက်ထုတ်ရာ ဘောလုံး ဂိုးပေါ်ထောင်သွားခြင်း၊ နယ်သာလန် ဂိုးဧရိယာ၏ ညာဘက်ထောင့်အနီးမှ ထောင့်ဖြတ်တင်ပေးသည့် ဘောလုံးကို ဒေးဗစ်ဗီလာ ပိတ်ရာတွင်လည်း ဘေးပိုက်ကို ထိသွားခြင်းကြောင့် စပိန်တို့ ဂိုးရမည့် အခွင့်အရေးများ ဆုံးရှုံးခဲ့သည်။ နယ်သာလန်အသင်းမှ ရော်ဘင် ကန်သွင်းသည့် ဘောလုံးကိုလည်း စပိန်ဂိုးသမား ကားဆီးလက်စ် ပုတ်ထုတ်ကာကွယ်လိုက်သဖြင့် နယ်သာလန်အသင်း (၁) ဂိုး နစ်နာခဲ့ရသည်။

ဒုတိယပိုင်း (၆၂) မိနစ်တွင် လူကျွံဘောဖမ်းထားရာမှ လွတ်ထွက်လာသည့် နယ်သာလန် တောင်ပံကစားသမား ရော်ဘင်က စပိန်ဂိုးသမားနှင့် တဦးချင်းအတွေ့တွင် အပိုင်းကန်သွင်းသော်လည်း ဘောလုံးက ဂိုးသမား ကားဆီးလက်စ်၏ ခြေထောက်နှင့်ထိပြီး ဂိုးပြင်သို့ ထွက်သွားသဖြင့် နယ်သာလန်အသင်း အထူးနစ်နာခဲ့ရသည်။ နောက်တကြိမ် ရော်ဘင် လွတ်လွတ်ကျွတ်ကျွတ် ထိုးဖောက်လာသည့် ဘောလုံးကိုလည်း ကားဆီးလက်စ် ရော်ဘင်၏ ခြေထောက်ထဲမှ ဖမ်းယူကာကွယ်နိုင်ခဲ့သည်။

ထို့နောက် အချိန်ပို (၁၁၆) မိနစ်တွင် နယ်သာလန် ဂိုးဧရိယာအပြင်ဘက် ဘယ်ဘက်ခြမ်းရှိ စပိန်တိုက်စစ်မှူး တောရက်စ်မှ ဂိုးရှေ့သို့ တင်ပေးသည့် ဘောလုံးကို နယ်သာလန် နောက်ခံလူက ဖျက်ထုတ်ရာ စပိန်ကွင်းလယ်လူ ဖာဘရီဂက်စ်ထံ ရောက်သွားသည်။ ဖာဘရီဂက်စ်က ဘောလုံးကို ဂိုးဧရိယာအတွင်း ညာဘက်ခြမ်းရှိ ကွင်းလယ်လူ အင်နီယက်စတာထံ ထိုးပေးရာ အင်နီယက်စတာက ဂိုသမား တားဆီးနေသည့်ကြားမှ ဂိုး၏ ဘယ်ဘက်ထောင့်သို့ ညာခြေဖြင့် ပတ်ကန်ပြီး သွင်းယူလိုက်သဖြင့် စပိန်တို့ တလုံးတည်းသော အနိုင်ဂိုးကို ရရှိကာ ကမ္ဘာ့ဖလားကို လက်ဝယ်ပိုင်ပိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် နည်းပြ ဒယ်လ်ဘော့စကေး၏ စပိန်အသင်း၌ ဂိုး - အိုင်ကာကားဆီးလက်စ်၊ နောက်တန်း- ဆာဂျီယိုရာမို့စ်၊ ဂျရတ်ပီကေး၊ ကားလက်စ်ပူယိုးလ်၊ ဟွမ်ကက်ဒီဗီလာ၊ အလယ်တန်း - ဇာဗီအလွန်ဆို (ဆက်စ်ဖာဘရီဂက်စ် ၈၇ မိနစ်)၊ ဇာဗီ၊ အန်းဒရက်စ်အင်နီယက်စတာ၊ ဆာဂျီယိုဘတ်စ်ကွက်စ်၊ ပီဒရို (ဂျီးဆပ်စ်နာဗက်စ် ၆၀ မိနစ်)၊ ရှေ့တန်း - ဒေးဗစ်ဗီလာ (ဖာနန်ဒိုတောရက်စ ၁၀၆ မိနစ်) တို့ ပွဲထွက်ကစားခဲ့ကြသည်။

နည်းပြ ဗန်မာဝှစ်၏ နယ်သာလန်အသင်း၌ ဂိုး - မာတင်စတီကလန်ဘတ်ဂ်၊ နောက်တန်း - ဂရီဂိုရီဗန်ဒါဝေလ်၊ ဂျွန်ဟိုက်တင်ဂါ၊ ဂျိုရစ်မာသီစန်၊ ဂျီအိုဗန်နီဗန်ဘရွန်ခရော့စ် (အက်ဒ်ဆန်ဘရာဖ်ဟိတ်ဒ် ၁၀၅ မိနစ်)၊ အလယ်တန်း - ဒတ်ခ်ကူရစ် (အယ်လ်ဂျီယိုအီလီယာ ၇၁ မိနစ်)၊ မတ်ခ်ဗန်ဘွန်းမဲလ်၊ ၀က်စလေရှနိုက်ဒါ၊ နီဂယ်လ်ဒီဂျောင်း၊ အာဂျန်ရော်ဘင်၊ ရှေ့တန်း - ရော်ဘင်ဗန်ပါစီတို့ ပါဝင်ကစားခဲ့ကြသည်။

ကွင်းလယ်ဒိုင်လူကြီးအဖြစ် အင်္ဂလန်မှ ဟောင်းဝပ်ဝက်ဘ်က ဆောင်ရွက်ပြီး အချိန်ပို ဒုတိယပိုင်း (၁၀၉) မိနစ်တွင် နယ်သာလန်နောက်ခံလူ ဂျွန်ဟိုက်တင်ဂါ အနီကတ်ပြ ထုတ်ပယ်ခံရသည်။ ဗိုလ်လုပွဲသို့ ပရိသတ် ၈၄,၄၉၀ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
X
Your Name
Your Email
Your Friend Email
Your Messages
Email to friends | Print | Bookmark Share

Related News

Comments (1)

soe san dar

http://music.all-channel.com/ListenMyanmarMp3.aspx?a=874

Write your comment

စာဖတ်သူများ၏ မှတ်ချက် သဘောထားများကို လွတ်လပ်စွာတင်ပြရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကဏ္ဍအသီးသီးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ခေတ်ပြိုင်မှ ဖော်ပြပေးမည်မဟုတ်ပါ။
		
		Name	
		Email	
		Title	
		Comment	
			
		

မင်းဆိုးမင်းညစ်သန်းရွှေ
Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum

မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို

::: Copyright © 1992-2010 The New Era Journal :::