လမ်းဘေးဈေးသည် စီမံချက် မအောင်မြင်

မျိုးဝင်းဇော်   /   ၂၁ ဇူလိုင် ၂၀၁၀


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ဦးအောင်သိန်းလင်း၏ လမ်းဘေးဈေးသည်များ ဖယ်ရှားရေး စီမံချက် အောင်မြင်မှုမရှိကြောင်း စည်ပင်ဝန်ထမ်းများနှင့် ဈေးသည်များက ပြောကြားသည်။

ကျောက်တံတားမြို့နယ် (၃၈) လမ်း၊ အနော်ရထာလမ်းပေါ်တွင် တာဝန်ကျသည့် စည်ပင်အရာရှိတဦးက “လမ်းဘေးဈေးသည်တွေ စနစ်ကျဖို့၊ အချို့ဖယ်ရှားဖို့ ဆိုပြီး ဒီဇူလိုင်လ ပထမပတ်ကတည်းက စလုပ်တယ်။ လမ်းဘေးဈေးဆိုင်တွေကို ညနေမှ ခင်းရမယ်ဆိုတာကို ဈေးသည်တွေက မလိုက်နာနိုင်ကြဘူး။ ကျနော်တို့ကလည်း စည်းကမ်းအတိုင်း လုပ်ရင် နေ့တိုင်း၊ နေရာတိုင်းမှာ ရန်ပွဲတွေ ဖြစ်ဖို့ပဲရှိတယ်။ နောက် ကျနော်တို့ စည်ပင်၊ ရဲ ဝန်ထမ်းအားလုံး လမ်းဘေးဈေးသည်တွေဆီကပဲ မှီခိုစားသောက်နေရတော့ ဘယ်သူမှ မပြောချင်ကြဘူး။ ဒါကြောင့် အောင်မြင်မှု မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၇) ရက်မှစတင်ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် မနက် (၆) နာရီမှ ည(၆) နာရီအတွင်း လမ်းဘေးဈေးသည်များ ဈေးရောင်းချခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိတ်ပင်တားမြစ်ခဲ့သည်။ ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေခြင်း၊ ယာဉ်ကြောပိတ်ဆို့စေခြင်းတို့ကြောင့် ဖြစ်သည်ဟု အကြောင်းပြပြောဆိုကာ မြို့နယ်အသီးသီးတွင် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ညနေခင်း လမ်းဘေးဈေးမှ ဈေးသည်တဦးက “ကျမ လွန်ခဲ့တဲ့ (၁ဝ) နှစ်ကျော်ကတည်းက (၃၈) လမ်းဈေးထဲမှာ ဈေးရောင်းတာ။ နောက်ပိုင်း ကျမတို့ ဈေးကိုဖျက်ပြီး အေးရှားပလာဇာ အဆောက်အဦကြီး ဆောက်လိုက်တယ်။ အဲဒီ အဆောက်အဦထဲမှာလည်း သားငါး ဟင်းသီးဟင်းရွက်ဈေး မထားတော့ဘူး။ အဲဒီကစ ဒီ လမ်းဘေးကို ရောက်လာတာ ဒီနေ့ထိပဲ။ ဒီမှာ နေ့တိုင်း စည်ပင်ရဲနဲ့ ရန်ဖြစ်တယ်။ ပစ္စည်းသိမ်းမယ်ဆိုပြီး သူလု ကိုယ်လု လုကြတယ်။ ဈေးမရောင်းနဲ့ဆိုပြီး အင်အားအများကြီးနဲ့လည်း လာ ခြိမ်းခြောက်ဖူးတယ်။ ဒါပေမယ့် ကျမတို့ဘဝက ဒါပဲ လုပ်စားတတ်တယ်။ ဒီလောက်ပဲ အရင်းအနှီးရှိတော့ သူတို့စည်းကမ်းကို မလိုက်နာနိုင်ဘူး၊ ဖမ်းချင်လည်းဖမ်း ဆိုပြီး ရောင်းနေတာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့လယ် ဧရိယာတွင် လွန်ခဲ့သည့် (၂) နှစ်ခန့်ကနှင့် နှိုင်းယှဉ်ပါက လမ်းဘေးဈေးသည် ဦးရေ (၂) ဆမက တိုးတက်များပြားလာပြီး ဈေးရောင်းချသည့် ဧရိယာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

ပြည်သူအများစုသည် စီးပွားရေး ပိုမိုကျပ်တည်းလာသဖြင့် လွယ်ကူသည့် လမ်းဘေးဈေးသည်အလုပ်ကို ပိုမို လုပ်ကိုင်လာကြကြောင်း၊ ထို့အပြင် မြို့လယ်ခေါင် မြေညီထပ် တိုက်ခန်းငှားခများ ဈေးမြင့်လာခြင်းကြောင့်လည်း ယခင်က ဆိုင်ခန်းဖြင့် ဈေးရောင်းသူ အများအပြား လမ်းဘေးဈေးသည်ဘဝ ရောက်သွားသူများလည်း ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “လမ်းဘေးဈေးသည်တွေကို နိုင်ငံတကာမှာလို စနစ်တကျ ပြုလုပ်လို့ မရတာနိုင်တာကတော့ ရန်ကုန်မြိ့တော် စည်ပင်သာယာရေး အဖွဲ့ကိုယ်တိုင်က စီမံခန့်ခွဲမှု အားနည်းတာ၊ အမြော်အမြင် နည်းတာ၊ စည်ပင်ဝန်ထမ်းတွေကိုယ်တိုင် နေ့စဉ် လမ်းဘေးဈေးသည်တွေကို မှီခိုစားသောက်နေရလို့ အခုလိုဖြစ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်များကလည်း မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်းက (၃) လ အတွင်း လမ်းဘေးဈေးသည်များကို ရှင်းမည်၊ (၆) လအတွင်း အပြီးပြတ် ရှင်းမည်၊ ထိထိရောက်ရောက် အရေးယူကိုင်တွယ်မည် စသဖြင့် ကြိမ်းဝါးခဲ့သော်လည်း တကြိမ်မှ အောင်မြင်မှု မရခဲ့သေးပေ။
X
Your Name
Your Email
Your Friend Email
Your Messages
Email to friends | Print | Bookmark Share

Related News

Comments (1)

ကိုသူရ

ကျနော်တို့ ငယ်စဉ်ကတည်းက ရှိခဲ့တဲ့ ဒီလို လမ်တွေပေါ်က ဈေးသည် အလုပ်သမားတွေ အလုပ်သမတွေဆိုတာ ယဉ် ကျေးမှုတစ်ခုလိုပါပဲ။ အခြေခံပြည်သူလူထုသာ မက အလွှာ စုံတွေကတောင် တချို့ သို့ မဟုတ် အလုံးစုံ အားကိုးနေရ တာတွေ မှီခိုအားထားနေရတာတွေ ရှိတာပဲ။ အခုတောင် သူ တို့ ကို သမမယ့် စည်ပင် မှုထမ်းရာထမ်းဝန်ထမ်းတွေ တောင် အားထားနေရရင် အခြားနည်းလမ်း ကောင်း စဉ်း စားပေးကြပါဗျာ။ သူတို့ ကို မနှိပ်ကွပ်ပါနဲ့ မနှိပ်စက်ပါနဲ့ ။ ဈေးသည်တော်ကြီးများအားလုံးလဲ ကိုယ့်ကို နှိပ်စက်နှိပ် ကွပ်လာနေတဲ့ ရန်စွယ်ကို စုပေါင်းစုရုံးအားနဲ့  ပြန်လည် တွန်းလှန်ကြတာပေါ့ဗျာ

Write your comment

စာဖတ်သူများ၏ မှတ်ချက် သဘောထားများကို လွတ်လပ်စွာတင်ပြရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကဏ္ဍအသီးသီးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ခေတ်ပြိုင်မှ ဖော်ပြပေးမည်မဟုတ်ပါ။
		
		Name	
		Email	
		Title	
		Comment	
			
		

မင်းဆိုးမင်းညစ်သန်းရွှေ
Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum

မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို

::: Copyright © 1992-2010 The New Era Journal :::