နိုင်ငံ့ဘဏ်ဝန်ထမ်းများ အလုပ်မထွက်ရေး အကျပ်ကိုင်

စိုးမိုး   /   ၂၁ ဇူလိုင် ၂၀၁၀


ပုဂ္ဂလိက ဘဏ်များတွင် နိုင်ငံ့ဘဏ်ဝန်ထမ်းများကို အလုပ်မခန့်ရန် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များနှင့် စစ်အစိုးရတို့ သဘောတူထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလက ဦးဇော်ဇော်၊ ဦးတေဇ၊ ဦးချစ်ခိုင်နှင့် ဦးနေအောင်တို့ကို ပုဂ္ဂလိက ဘဏ်လုပ်ပိုင်ခွင့်များ ချထားပေးပြီးနောက်ပိုင်း လိုအပ်လာသည့် ဘဏ်ဝန်ထမ်း နေရာတို့တွင် နိုင်ငံ့ဘဏ်ဝန်ထမ်းများကို အလုပ်မခန့်ရန် စစ်အစိုးရနှင့် လုပ်ငန်းရှင်များ သဘောတူထားခြင်းဖြစ်သည်။

“အလုပ်ထွက်ရင် နာမည်ပျက်စာရင်းသွင်းမယ်လို့ ဌာနတွင်း ပြောတယ်ဗျာ။ တရားဝင် စာတော့မထုတ်ဘူး။ အခု ဘဏ်မန်နေဂျာတွေကို ပြောတယ်။ မင်းတို့ အလုပ်ထွက်လည်း အပိုပဲ။ မင်းတို့ကို အလုပ်မခန့်ဖို့ သဘောတူထားပြီးသားဆိုတဲ့ အကြောင်း ပြောတယ်” ဟု မြန်မာ့စီးပွားရေးဘဏ်အရာရှိတဦးက ပြောသည်။

အစိုးရဘဏ်များဖြစ်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် စသည်တို့တွင် နိုင်ငံခြားငွေ ထိန်းချုပ်သည့် မြန်မာနိုင်ငံ၏ တခုတည်းသော နိုင်ငံခြားကုန်သွယ်မှုဘဏ် ၀န်ထမ်းများမှလွဲလျှင် ကျန်သည့် ဘဏ်ဝန်ထမ်းများ ၀င်ငွေမကောင်းကြောင်း သိရသည်။

ယခု ဘဏ်အသစ်များသို့ အငြိမ်းစား အစိုးရ၀န်ထမ်းများနှင့် စစ်တပ်ပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များမှ ၀န်ထမ်းများ လျှောက်ထားမှုများပြားကြောင်း သိရသည်။

“လျှောက်ချင်တယ်။ အလုပ်က ရမရ မသေချာဘူး။ ဟိုက အလုပ်က မခန့်ရင် ဒီအစိုးရ အလုပ်ကလည်း ထွက်ခွင့်ရဖို့က စာတင်ရတာတို့ ဘာတို့ လုပ်ထားရမှာ ဆိုတော့ မသေချာတော့ မစွန့်စားရဲဘူး” ဟု မြန်မာ့စီးပွားရေးဘဏ်အရာရှိက ဆိုသည်။

ပုဂ္ဂလိက ဘဏ်သစ်များက ဘဏ်ဝန်ထမ်းများကို အခြေခံလစာ ကျပ် (၁) သိန်းနှင့် အခြား ခံစားခွင့်များကိုပါ မက်လုံးပေး ခေါ်ယူနေခြင်းကြောင့် နိုင်ငံတော်ပိုင် ဘဏ်များအပြင် ပုဂ္ဂလိကနှင့် ဖက်စပ်ဘဏ်များပါ ၀န်ထမ်း အပြောင်းအလဲများနှင့် ကြုံတွေ့ရနိုင်ကြောင်း အဆိုပါဘဏ်အရာရှိက ပြောကြားသည်။

အစိုးရက ၂၀၀၃ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်များဖြစ်သော အာရှဓန၊ မေဖလားဝါး ဘဏ်များကို ပိတ်သိမ်းခဲ့ပြီး အခြား ပုဂ္ဂလိကဘဏ်များကိုလည်း လုပ်ပိုင်ခွင့်များ ကန့်သတ်လိုက်သည့်နောက်ပိုင်း မြန်မာ့ဘဏ်လုပ်ငန်းတွင် ကျွမ်းကျင်ဘဏ်လုပ်သား အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။

ယင်းနောက်ပိုင်း မြန်မာ့ဘဏ်လုပ်ငန်း ဈေးကွက်တွင် ကျွမ်းကျွင် ဘဏ်လုပ်သားမျိုးဆက် ပြတ်သွားသည်ဟု ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းက ဆိုသည်။

“တကယ်တမ်းသာ အစိုးရ၀န်ထမ်းတွေ အလုပ်ထွက်ပြီး ပုဂ္ဂလိကအလုပ်မှာ ၀င်ရင်တော့ အစိုးရယန္တရား ရပ်သွားမှာပေါ့ဗျာ။ ဘဏ်လုပ်ငန်းကလည်း ရပ်နေတာကြာပြီ ဆိုတော့ ဈေးကွက်ထဲမှာက လေ့ကျင့်ပြီးသား ကျွမ်းကျင်ဝန်ထမ်းက ရှားတာကို မဟုတ်ဘူး၊ မရှိဘူးလို့ ပြောလို့ရတယ်” ဟု ပုဂ္ဂလိက ဘဏ်တခုမှ အကြံပေးအရာရှိဟောင်းက ဆိုသည်။

စစ်အစိုးရက ဦးဇော်ဇော် (ဧရာဝတီဘဏ်)၊ ဦးတေဇ (Asia Green Development ဘဏ်)၊ ဦးချစ်ခိုင် (မြန်မာ့ရှေ့ဆောင်ဘဏ်)၊ ဦးနေအောင် (ယူနိုက်တက် အမရာဘဏ်) တို့ကို လုပ်ကိုင်ခွင့် ချထားပေးပြီးဖြစ်သည်။

၂၀၀၃ ခုနှစ် ကတည်းက စစ်အစိုးရက ပုဂ္ဂလိကဘဏ်များကို ဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်များ ကန့်သတ်ခဲ့ပြီးနောက် (၇) နှစ်အကြာတွင် ယခုကဲ့သို့ ပုဂ္ဂလိကဘဏ် လုပ်ပိုင်ခွင့်များ ပြန်လည်ချထားပေးလိုက်ခြင်းကြောင့် ကန့်သတ်ခံထားရသည့် လက်ရှိ ဘဏ်လုပ်ငန်းဈေးကွက်တွင် လုပ်ပိုင်ခွင့် ပိုမိုရရှိလာနိုင်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းက သုံးသပ်သည်။
X
Your Name
Your Email
Your Friend Email
Your Messages
Email to friends | Print | Bookmark Share

Related News

Comments (1)

eh tha hser

I am very glad as you give and send me a good news.

Write your comment

စာဖတ်သူများ၏ မှတ်ချက် သဘောထားများကို လွတ်လပ်စွာတင်ပြရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကဏ္ဍအသီးသီးနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ခေတ်ပြိုင်မှ ဖော်ပြပေးမည်မဟုတ်ပါ။
		
		Name	
		Email	
		Title	
		Comment	
			
		

မင်းဆိုးမင်းညစ်သန်းရွှေ
Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum

မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို

::: Copyright © 1992-2010 The New Era Journal :::