ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

လွှတ်တော်ခေါ်ယူရေးနှင့်ပတ်သက်ပြီး ဆရာဒဂုန်တာရာနှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူဆက်သွယ်မေးမြန်းချက်
မင်းနိုင်သူ/ ၆ ဇန်န၀ါရီ ၂၀၀၉ 
line

 

(သေဆုံးပြီးသူများ အပါအဝင် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ကာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အသစ်များဖြင့် ၉ဝ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းပြီး လွှတ်တော်တရပ် ခေါ်ယူရန် စာရေးဆရာ ဒဂုန်တာရာက မကြာခင်က တိုက်တွန်းခဲ့သည်။ ဆရာဒဂုန်တာရာ၏ လွှတ်တော်ခေါ်ယူရေးသဘောတရားနှင့် ပတ်သက်ပြီး ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းခဲ့သည်။)

မေး။ ။ ဆရာ့အနေနဲ့ ပြည်တွင်းဂျာနယ်တခုဖြစ်တဲ့ ဖလားဝါးနယူးဂျာနယ်ပါ “နိုင်ငံရေးပါတီများနှင့် မြန်မာ့နိုင်ငံရေး မြင်ကွင်းသစ်’’ ဆိုတဲ့အထဲမှာ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာ အစားထိုးဖြည့်ဆည်းပြီး လွှတ်တော်တရပ် ခေါ်ယူဖို့ တိုက်တွန်းခဲ့တယ်ဆိုတော့ ၁၉၉၀ ပြည့်နှစ်ရလဒ်ကို မူတည်ပြီး ကျင်းပရမယ်လို့ ဆိုလိုတာလားဆရာ။

ဖြေ။ ။ ကျနော်ပြောတဲ့သဘောက ညီညွတ်ရေးသဘောပါ။ တပ်ပေါင်းစုဖွဲ့ပါ။ တပ်ပေါင်းစုက မပါတဲ့လူ မရှိရဘူး။ ပုဂ္ဂိုလ်ချင်းဖြစ်စေ၊ အဖွဲ့တွေဖြစ်စေ၊ နောက်ပြီးတော့ လွှတ်တော်ခေါ်ပါ။ ၁၉၉၀ ပြည့်နှစ်က လူတွေက မစုံတော့ ဘူးလေ။ တချို့လည်း ဆုံးကုန်ပြီ။ တချို့လည်း အသက်ကြီးကုန်ပြီ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ဗျာ။ အဲဒီနေရာတွေ လစ်လပ်နေတာပေါ့။ အခု ကျနော်တို့ ကလောမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်မရှိဘူး။ အဲဒီလစ်လပ်တဲ့နေရာတွေမှာ ကြားရွေးကောက်ပွဲဆိုပြီး ဟိုတုန်းကခေါ်တယ်ဗျ။ အခု နအဖက လုပ်တာကတော့ ကြားဖြတ်ရွေးကောက်ပွဲက လူတွေ မပါဘူးထင်တယ်ဗျ။ မပါခဲ့လည်းပဲ ညှိပြီးလုပ်ပေါ့ဗျာ။ ၁၉၉၀ ကတော့ အဟောင်းပဲထားပါတော့။ အဟောင်းနဲ့ အသစ်ပေါင်းထားတဲ့ ကိုယ်စားလှယ်အပြည့်ပါတဲ့ လွှတ်တော်ပေါ့။

မေး။ ။ ဟုတ်ကဲ့ …အဲဒါဆိုရင် အခု နအဖအလိုကျလိုက်လုပ်နေတဲ့ တစညတို့လို အမတ်တွေပါလာတဲ့အခါ ၁၉၉၀ ပြည့်နှစ်က အနိုင်ရထားတဲ့ လွှတ်တော်အမတ်တွေရဲ့ တွေ့ဆုံညှိနိုင်းမှုတွေဟာ အဆင်ပြေမယ်လို့ ဆရာ ယူဆပါသလား ။

ဖြေ။ ။ ဒါကတော့ ကျနော်ရဲ့ တင်ပြချက်ပဲဗျာ။ အများလက်ခံနိုင်အောင်လို့ ၁၉၉၀ ရယ်၊ အသစ်ရယ် ပေါင်းထားပြီး လွှတ်တော်ခေါ်ဖို့။ လွှတ်တော်ခေါ်ပြီးမှ ဖွဲ့စည်းပုံကို အတည်ပြုဖို့။ ဖွဲ့စည်းပုံက ဒီအတိုင်း အတည်ပြုလို့မရဘူး၊ လွှတ်တော်ခေါ်ပြီးမှ အတည်ပြုလို့ရတာ။ အဲဒီတော့ လွှတ်တော်အသစ်ပေါ့ဗျာ။ ကြားဖြတ်လွှတ်တော်တရပ် လိုအပ်နေတယ်။

မေး။ ။ ဆရာပြောသွားတဲ့အထဲမှာ လွှတ်တော်ခေါ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုပါဆိုတော့ အခု နအဖက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ အတည်မဟုတ်သေးဘူးလို့ ဆိုလိုတာလားဆရာ။

ဖြေ။ ။ ကျနော့်အတွေးကတော့ ဒါတော့ မပြောတော့ဘူးဗျာ။ လွှတ်တော်ကအတည်ပြုပါ။ စောစောကပြောတဲ့ အဟောင်းနဲ့ အသစ်ပေါ့ဗျာ။ အဲဒီလွှတ်တော်ကနေ အတည်ပြုပါ။ အဲဒါပဲ ကျနော်ပြောတာ။

မေး။ ။ အခုလို ဆရာ့ရဲ့ လွှတ်တော်ခေါ်ယူပြီးမှ ဖွဲ့စည်းပုံကို အတည်ပြုမယ်ဆိုတဲ့ တိုက်တွန်းချက်ကို နအဖက လက်ခံမယ်လို့ ယူဆပါသလားခင်ဗျ။

ဖြေ။ ။အဲဒါတော့ ကျနော်မသိနိုင်ဘူးဗျ။ သူတို့လက်ခံမယ် မခံမယ်မသိဘူး။ ကျနော်က ကြားလေ။ ၁၉၉၀ ပြည့်နှစ် ရလဒ်မပါဘဲနဲ့ လွှတ်တော်တခုခေါ်မယ်ဆိုရင် ပြဿနာမီးတွေ ပိုပွားလာမယ်ထင်လို့။

မေး။ ။ ဆရာ့ရဲ့ အကြံပြုချက် တိုက်တွန်းချက်တွေဟာ နအဖရဲ့ ဖိအားပေးမှုတွေကြောင့် များလားဆိုပြီး ယူဆကြတာတွေလည်းရှိပါတယ် ဆရာ။ ဒီအယူအဆတွေအပေါ်မှာရော ဆရာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ အယူအဆကတော့ ယူဆချင်သလို ယူဆလေ။ ကျနော်ကတော့ ဘာမှပြန်မတုံ့ပြန်ဘူး။ ဒါပေမယ့် ကျနော်ပြောတာက ကြားကနေ တင်ပြတာလေ။ ကြားကတင်ပြချက်ပေါ့ဗျာ။ နှစ်ဘက်စလုံး လက်ခံနိုင်မယ့် ကြားကတင်ပြချက်ပဲ။

မေး။ ။ ဒါဟာဆရာ့ရဲ့ ဆန္ဒအမှန်ကြောင့် ဖြစ်ပေါ်လာတာလား။ တစုံတရာသော တိုက်တွန်းမှုတွေကြောင့် များလား။

ဖြေ။ ။ ဘယ်သူမှ မပါဘူး။ အဲဒါတွေ သိတောင်မသိကြဘူး။

မေး။ ။ ဆရာ့ရဲ့ တိုက်တွန်းချက်တွေ အကြံပြုချက်တွေကို အတိုက်အခံအင်အားစုတွေရော၊ အခြားအင်အားစုတွေရော နားလည်အောင် ရှင်းလင်းအောင် ဘယ်လို ထပ်မံရှင်းလင်းပြောပြနိုင်မလဲခင်ဗျ။

ဖြေ။ ။အခု…အဲဒါရှင်းရှင်းပဲလေ။ ထပ်ပြီးရှင်းစရာမလိုတော့ဘူး။ လက်ခံနိုင်ရင် လက်ခံ၊ လက်မခံနိုင်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ဒါပဲ။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo