ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

အမေရိကန် သမ္မတကတော် ခရီးစဉ်နှင့် ပတ်သက်ပြီး
မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ဒေါက်တာ ဆင်သီယာမောင်နှင့် မေးမြန်းခန်း

NEJ/ ၇ သြဂုတ် ၂၀၀၈
line

 

sinအမေရိကန် သမ္မတကတော် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရောက်ရှိစဉ် မယ်တော် ဆေးခန်းကို သွားရောက်လေ့လာ ခဲ့သည်။ မဲတော်ဆေးခန်းမှ ဒေါက်တာ ဆင်သီယာမောင်အား ခေတ်ပြိုင်က အမေရိကန် သမ္မတကတော် လာရောက်ခြင်းကိစ္စမေးမြန်းရာ ဒေါက်တာ ဆင်သီယာမောင်က ယခုကဲ့သို့ စတင်ဖြေကြားသည်။

ဖြေ။     ။ ဟုတ်ကဲ့။ သူလာတဲ့ ရည်ရွယ် ချက်ကတော့ နယ်စပ်ဒေသမှာရှိနေတဲ့ ဒီရွှေ့ပြောင်းနေတဲ့ လူထုတွေပေါ့နော်။ ပြည်တွင်း ဒုက္ခသည်တွေ၊ ဒုက္ခသည် စခန်းမှာရှိနေတဲ့သူတွေ၊ ပြီးတော့ ဒီထိုင်း နိုင်ငံထဲမှာ အလုပ်သမားတွေပေါ့နော်။ ဒီအခြေအနေတွေကို ပိုပြီးတော့ ကြည့် ချင်လို့ လာတာလည်း ဖြစ်သလို ၈၈ ခုကနေပီးတော့ ဒီအနှစ် (၂၀) အတွင်းမှာပေါ့နော်။ အပြောင်းအလဲ နိုင်ငံရေးအပြောင်းအလဲ တစုံတရာ တိုးတက်မှုမရှိဘဲနဲ့ ပိုပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ် နေတဲ့အတွက်ကြောင့် သူ့အနေနဲ့ ဒါကို ဆန်းစစ်ချင်တဲ့အတွက်ကြောင့် လာတာဖြစ်ပါတယ်။

မေး။    ။ အမေရိကန်သမ္မတကတော်က ဆရာမရဲ့ဆေးခန်းမှာ တနာရီကျော်လောက်ကြာသွား တယ်လို့ကြားပါတယ်။ ဘာတွေပြောပြီးတော့ ဘာတွေလေ့လာသွားပါသလဲခင်ဗျ။

ဖြေ။     ။ ဒီဆေးခန်းထဲမှာတော့ မြေမြှုပ်မိုင်းကြောင့် ခြေအင်္ဂါမစုံတဲ့သူတွေ၊ ခြေအတုတတ် တဲ့နေရာကို လျှောက်ကြည့်တယ်။ ပြီးတော့ ဒီသားဖွားခန်းမှာပေါ့နော်။ မွေးကာစကလေးတွေနဲ့ ဆရာမတွေနဲ့ မိခင်တွေနဲ့ ဆုံတယ်။ ပြီးတော့ မျက်စိခွဲတဲ့ ဌာနမှာလည်း ဝေးဝေးလံလံကနေ လာပြီးတော့ ဒီမှာ မျက်စိလာခွဲတဲ့ လူတွေနဲ့ရော နောက်မျက်စိလာခွဲတဲ့ ဆရာဝန်တွေနဲ့လည်း သူတွေ့ဆုံစကားပြောဖြစ်ပါတယ်။ ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ပြီးတဲ့အခါကြတော့ ဒီလူမှုအဖွဲ့အစည်းတွေကနေပြီးတော့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့ အကျပ်အတည်းတွေ ကိုလည်း လေ့လာမှတ်သားသွားပါတယ်။

မေး။    ။ အမေရိကန်သမ္မတကတော်အနေနဲ့ အထူးသဖြင့် ဆရာမဒေါက်တာဆင်သီယာမောင်ကို သီးခြားများ ပြောဆိုသွားတာ ဘာများရှိပါသလဲခင်ဗျ။

ဖြေ။    ။ သီးခြားပြောဆိုတာတော့ မရှိပါဘူး။

မေး။    ။ ခြုံပြီးတော့ ပြောမယ်ဆိုရင် ဆရာမရဲ့ဆေးခန်းနဲ့ပက်သက်ပြီး သူမှတ်ချက် ဘယ်လိုပေး သွားပါလဲခင်ဗျ။

ဖြေ။  ။ ကျမတို့ဆေးခန်းတခုတည်းအနေနဲ့လည်း မဟုတ်ပါဘူး။ ဒီနယ်စပ်မှာရှိတဲ့ လူမှုအဖွဲ့အစည်း တွေရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ သူ ဂုဏ်ယူအားပေးတယ်ဆိုတာမျိုးရယ်၊ နောက်တော့ ဒီလုပ် ငန်းမျိုးက ဆက်လက်ပြီးတော့ ကူညီနိုင်ဖို့ဆိုတာမျိုးရယ်။

မေး။    ။ နောက်တခုက ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းနဲ့ပက်သက်ပြီး သူ အကူအညီပေးဖို့ ကတိပြုသွားတာတွေ ရှိပါလားခင်ဗျ။

ဖြေ။    ။ အဲလိုမရှိပါဘူး။ ကျမတို့ U.S aid အနေနဲ့တော့ ဆေးခန်းမှာ ပံ့ပိုးနေတာတော့ ကြာပါပြီ။ (၁၀) နှစ်ကျော်ပါပြီ။

မေး။    ။ သူ့ရဲ့ခရီးစဉ်ပေါ်မှာ ဆရာမ ထူးထူးခြားခြား ဘာများမြင်မိပါလဲခင်ဗျ။ ဆရာမရဲ့ ကိုယ်ပိုင် အယူအဆပေါ့လေ။

ဖြေ။    ။ သူ့ခရီးစဉ်မှာတော့ ကျမတို့ ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေအားလုံးအတွက်တော့ ဒီပံ့ပိုးမှု တစုံတရာ အားရကျေနပ်ရတယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ သူက ကျောင်းဆရာမ တယောက်ဖြစ်တဲ့အတွက်ကြောင့် အထူးသဖြင့် ဒီကလေးတွေရဲ့ အနာဂတ်ကိစ္စကိုလည်း သူ လေးလေးနက်နက် လေ့လာဆွေးနွေးသွားပါတယ်။

မေး။    ။ အဲဒီတော့ သတင်းစာရှင်းလင်းပွဲရော လုပ်သွားပါသေးလားခင်ဗျ။

ဖြေ။    ။ ဟုတ်ပါတယ်။ သူ ဒီမှာရှိတဲ့ Press တွေနဲ့ လုပ်သွားပါတယ်။

မေး။    ။ သမ္မတကတော်အနေနဲ့ ဒီမယ်လဒုက္ခသည်စခန်းကို သွားရောက်လေ့လာတဲ့အခါမှာ ဒီဒုက္ခသည်စခန်းနဲ့ ပက်သက်ပြီး  ဘာများ ထူးထူးခြားခြား ပြောပါလဲခင်ဗျ။

ဖြေ။   ။ ဒီဒုက္ခသည်စခန်းအကြောင်းကိုတော့ ကျမတို့ဆီမှာ မပြောသွားပါဘူး။ အဓိကတော့ ကျမတို့ ဒီဆေးခန်းထဲမှာ သူတွေ့ဆုံခဲ့ရတဲ့ မြင်ကွင်းတွေရယ်၊ ကျမတို့လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစကား ပြောရတဲ့အခါမှာ တွေ့ရတဲ့ လုပ်ဆောင်မှုတွေ၊ ရလဒ်တွေအကြောင်းနဲ့ နောက်သူ့ရဲ့ အားပေးကူညီမှုအကြောင်း သူပြောသွားပါတယ်။

မေး။    ။ ခုလို အမေရိကန်သမ္မတကတော် အခုထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ။ ဆရာမဆေးခန်းရောက်ရှိလာတဲ့အခါမှာ အားလုံး ဒီဆရာမဆေးခန်းရဲ့ဝန်ထမ်းတွေ အပါအ၀င် မြို့ခံတွေက သို့မဟုတ် အတိုက်အခံတွေဘက်က ဘယ်လိုများယူဆကြလဲ။ ဘယ်လိုများ မြင်ကြလဲခင်ဗျ။

ဖြေ။    ။ ကျမတို့ဆေးခန်းမှာရှိတဲ့ ၀န်ထမ်းတွေကတော့ ဒါ အမေရိကန်သမ္မတကတော် လာတဲ့အ တွက်ကြောင့် ဒါကျမတို့ရဲ့လုပ်ငန်းတွေကို အားပေးကူညီတဲ့အနေနဲ့ လက်ရှိ ကျမတို့မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ပိုပြီးတော့ လေ့လာနိုင်တဲ့ အခွင့်အလမ်း ရတယ်ဆိုတဲ့ အပေါ်မှာ အဓိက ပြင်ဆင်ကြပါတယ်။ သိသင့် သိထိုက်တယ် ဆိုတာမျိုးတွေပေါ့။

မေး။    ။အမေရိကန်သမ္မတဘုရှ်ကလည်းပဲ ပြောတယ်။ ဒီမြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုတွေ အဆုံးသတ်အောင်လုပ်မယ်။ အမေရိကန်သမ္မတကတော်ကလည်း ခုအားပေးသွား တယ်။ မြန်မာ့အရေးမှာ ကူညီသွားမယ်ဆိုပြီး အားပေးမယ်လို့ပြောတယ်။ ဆရာမအမြင်မှာ သူတို့ တကယ်ပဲ မြန်မာနိုင်ငံမှာ အမေရိကန်က ဒီမိုကရေစီရအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည် သလားခင်ဗျ။

ဖြေ။    ။ အဲဒါတော့ အမေရိကန်နိုင်ငံတခုတည်းအနေနဲ့မရပါဘူး။ အမေရိကန်နိုင်ငံနဲ့ တခြားအင် အားကြီးတဲ့ နိုင်ငံတွေက အများကြီးပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ တညီတညွတ်တည်း ဆောင်ရွက် ကြဖို့လည်းလိုပါတယ်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook