ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့
၂၀၀၈ အကြံပေးချက်တွေ မအောင်မြင်

သတင်းထောက် ဟန်တင်အောင် / ၁၆ ဖေဖော်ဝါရီ ၂၀၀၉
line

 

မြန်မာနိုင်ငံသို့ (၆) ရက်ကြာခရီး ရောက်ရှိနေသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်ကင်တားနား၏ ၂၀၀၈ ခုနှစ်က စစ်အစိုးရအပေါ် အကြံပေးချက်များ မအောင်မြင်ဟု ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်က ခေတ်ပြိုင်သို့ ပြောသည်။

၂၀၀၈ ခုနှစ်ခရီးစဉ်အတွင်း စစ်အစိုးရအား ပြုပြင်ရန် အချက် (၄) ချက်ကို ကင်တားနားက တင်ပြခဲ့သော်လည်း ယနေ့ စစ်အစိုးရလုပ်ရပ်များမှာ အဆိုပါ အကြံပေးချက်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်က ထောက်ပြသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားအား စစ်အစိုးရက ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့အား လိုက်လံပြသရန် မှန်းထားသော်လည်း၊ အောက်ခြေလူထုနှင့်တွေ့ခွင့်ရမှသာ အခြေအနေမှန် သိနိုင်မည်ဟု ဦးမင်းလွင်က ယူဆသည်။

၂၀၀၈ ခုနှစ် ကင်တားနား၏ စစ်အစိုးရအပေါ် အကြံပြုချက်များကိုကြည့်လျင်

မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များကို အခြေခံဥပဒေသစ်၊ နိုင်ငံတကာ တာဝန်ဝတ္တရားများ နှင့် အညီ ပြန်သုံးသပ်ရန်ဆိုသည့်အပိုင်းပါသည်။ အခြေခံဥပဒေသစ် အခန်း (၁) နှင့် (၈) တို့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ တွေးတောကြံဆခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးဖွဲ့စည်းခွင့် စသည့်အခွင့်အရေးများ ပေးထားသည်ဟု အမျိုးသားညီလာခံကျင်းပရေးကော်မရှင်နှင့် တွေ့ဆုံရာတွင် မစ္စတာကင်တားနားကို ပြောကြားခဲ့သည်။

ထိုအခွင့်အရေးများသည် လူ့အခွင့်အရေး ကြေညာစာတမ်းအပုဒ် (၁၉)၊ (၂၀) တို့တွင် ပေးထားသည့်အခွင့်အရေးနှင့်လည်း ကိုက်ညီသည်။ ထို့ကြောင့် မြန်မာပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲဖြစ်စဉ်၌ ထိုအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိကြောင်း တင်ပြထားသည်။ အဆိုပါအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် ပြည်တွင်းဥပဒေအချို့ကို သုံးသပ်ပြင်ဆင်ရန် အကြံပြုသည်။

သို့သော် စစ်အစိုးရဘက်ကမူ ၂၀၁၀ ရွေးကောက်ပွဲမှတဆင့် သူတို့ချမှတ်သည့် Road Map အတိုင်းသွားရန်ကိုသာ စိုက်လိုက်မတ်တတ်ပြောနေသည်။ ထို့ကြောင့် အန်အယ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရတို့၏ နိုင်ငံရေး ရည်မှန်းချက်မှာ မျဉ်းပြိုင်လိုဖြစ်နေ သည်ဟု ဦးမင်းလွင်က ပြောသည်။

“အစိုးရဘက်က ၂၀၁၀ ရွေးကောက်ပွဲကတဆင့် သူတို့ရုဒ်မက်အတိုင်းသွားမယ်။ ဒီဘက်က အန်အယ်လ်ဒီနဲ့ ကျနော်တို့လို ၀ါရင့်အဖွဲ့တွေက တွေဆုံဆွေးနွေးဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေ ဘယ်လိုပဲပြောပြော လမ်းပိတ်တဲ့နေရာရောက်ရင် သူတို့ပြန်လှည့်လာ ရမယ်လို့ ကျန်တော်တို့ ယုံကြည်တယ်။ ဒီအချိန်မှာ ဆွေးနွေးရမှာပဲ။ နောက်တချက်က စစ်ခေါင်းဆောင်တွေလဲ အသက်ကြီးပြီ။ အကြီးဆုံးပုဂ္ဂိုလ်ဆိုရင် (၇၀) ကျော်ပြီ။ တချိန်မှာ ငါတို့လွဲနေပါလားဆိုတဲ့ အသိမျိုးရလာနိုင်ပါတယ်။ ဒါ အတွေ့အကြုံနဲ့ဆိုင်တယ်” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်က သူ့အမြင်ကို ပြောသည်။

ထိုအကြံပြုချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံက ထုတ်ပြန်သည့် မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် မစ္စတာကင်တားနားက ဖော်ပြထားခြင်း ဖြစ်ပြီး မြန်မာစစ်အစိုးရအနေဖြင့် အခြေခံဥပဒေအား ပြန်လည် သုံးသပ်ပြင်ဆင်မှုများကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဆောင်ရွက်ရန်လည်း မစ္စတာ ကင်တားနားက တိုက်တွန်းခဲ့ သည်။ မစ္စတာ ကင်တားနားသည် ၂၀၀၈ ခုနှစ် သြဂုတ် (၃) ရက်မှ (၇) ရက်ထိ မြန်မာသွား ရောက်ခဲ့သည့် ခရီးစဉ်အပြီး စက်တင်ဘာလ၌ ယင်းအစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်ခရီးစဉ်က ကင်တားနား၏ အကြံပေးချက်များကို စစ်အစိုးရက မလိုက်နာသည့် အတွက် ၂၀၀၉ ယခုတခေါက်တွင် ကင်တားနား၏ အကြံပေးချက်များကို စစ်အစိုးရဘက်က လိုက်လျောရန် အခွင့်အလမ်း နည်းပါးနေသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်များက ယူဆသည်။

voice (ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်၏ ၂၀၀၈ အကြံပေးချက်များနှင့် ပတ်သတ်ပြီး ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်နှင့် ခေတ်ပြိုင် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် နားဆင်ရန်)

 

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook