ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 


NEJ / ၁၈ ဇွန် ၂၀၀၉
line

 

ယခုလ (၂) ရက်နေ့ကစတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသ ဘားအံခရိုင်အတွင်း နအဖနှင့်ဒီကေဘီအေပူးတွဲထိုးစစ်ကြောင့် လှိုင်းဘွဲနှင့်ပိုင်ကျုံ မြို့နယ်တို့မှ ရွာသားများ (၄,၀၀၀) ခန့် ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့ကြရသည့် အခြေအနေများနှင့်ပတ်သက်၍ ဘားအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲပြည်တွင်းဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း။

မေး။  ။ တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် အရေအတွက် ဘယ်လောက်ရှိပါသလဲ။

ဖြေ။  ။ တိုက်ပွဲဖြစ်တာ လတ၀က်ကျော်သွားပြီး ကရင်စစ်ပြေးဒုက္ခသည်တွေ ထိုင်းဘက်ထွက်လာကြတာ အခုဆိုရင် (၄,၀၀၀) ကျော်ရှိပြီ။ သုံးချိုးတချိုးက ကလေးတွေဖြစ်တယ်။ တိုက်ပွဲတွေ မပြီးဆုံးသရွေ့တော့ ဒီလူတွေ ထိုင်းမှာပဲ ဆက်ပြီးခိုလှုံနေရဦးမှာ ဖြစ်တယ်။

မေး။  ။ ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ထိုင်းဘက်က ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်စခန်း (၃) ခု သတ်မှတ်ပေးထားတယ်။ နောင်ဘိုး၊ အူးသူးထာ့နဲ့ မဲ့စလေရွာတို့မှာဖြစ်တယ်။ နေရေးထိုင်ရေးကတော့ အခြေအနေအရ အဆင်ပြေသလိုပဲ နေကြရတယ်။ စားသောက်ရေးကတော့ ပြဿနာမရှိပါဘူး။ TBBC၊ KRC အခြားလူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းတွေက လာရောက်ကူညီကြလို့ အဆင်ပြေပါတယ်။

မေး။  ။ စစ်ပွဲကြောင့် ဒီရက်ပိုင်းအတွင်း ထပ်ရောက်လာတဲ့လူတွေ ရှိပါသလား။

ဖြေ။  ။ လွန်ခဲ့တဲ့ (၃) ရက်က ပိုင်ကျုံမြို့နယ် ၀ါးမီကလားရွာက ရွာသား (၃၀၀) လောက် ထပ်ရောက် လာတာရှိတယ်။ ရွာသားတွေပြောတာက သူတို့ကို ဗမာစစ်တပ်က ပြောတယ်တဲ့။ ပိုင်ကျုံမြို့နယ်ထဲမှာ ဗုံးတလုံးပေါက်ကွဲတယ်ဆိုရင် ရွာသားတွေမှာ တာဝန်ရှိတယ်တဲ့။ ဒါကြောင့် အကြပ်ကိုင်မယ်ဆိုတော့ ဘယ်သူမှမနေရဲတော့လို့ ဒီဘက်ထွက်လာ ကြတာ ဖြစ်တယ်။

မေး။  ။ အခုနယ်စပ်မှာ နအဖနဲ့ဒီကေဘီအေရဲ့ အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ကျနော်တို့ရဲ့ ပြည်တွင်းဒုက္ခသည်စခန်း လယ်ပေါ်ဟဲမှာ အခု ဒီကေဘီအေက တပ်စွဲထားတယ်။ ဒီကေဘီအေက ထိုင်းလူမျိုးတချို့ကို ဆက်သွယ်ပြီး ထိုင်းဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာနေလို့ ရတယ်ဆိုပြီး လာစည်းရုံးခိုင်းတာတွေရှိသလို၊ မပြန်လာရင် ထိုင်းဘက်ခြမ်းထိ သွားဖမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေရှိတယ်။ ဒီကေဘီအေက နအဖရဲ့လက်ကိုင်တုတ်ဆိုတော့ နအဖခိုင်းတာ အကုန်လုပ်ရဲ ကိုင်ရဲတဲ့ သဘောရှိတယ်။ ဒါကြောင့် အခြေအနေကို အတော်လေးသတိထားရတယ်။

မေး။  ။ ဒုက္ခသည်တွေရဲ့ကျန်းမာရေးအခြေအနေ စောင့်ရှောက်မှုအနေအထား ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ထိုင်းကျန်းမာရေးဌာနကနေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကူအညီပေးပါတယ်။ ကိုယ်ပူတာ၊ ၀မ်းသွားတာ၊ ငှက်ဖျားဖြစ်တာတွေလောက်ပဲ ရှိပါတယ်။ ဒီနေ့အထိ ဒုက္ခသည်တွေ နေထိုင်မကောင်းဖြစ်လို့ အသက်ဆုံးရှုံးတာတွေ မရှိသေးပါဘူး။ လောလောဆယ်တော့ သူတို့အတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေး ကိစ္စတွေကိုပဲ စီစဉ်ပေးနေရတယ်။

မေး။  ။ ထိုင်းမှာရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့သဘောထားတွေ ဘယ်လိုရှိပါသလဲ။

ဖြေ။  ။ ရွာသားအများစုကတော့ ထိုင်းမှာ မပျော်ဘူးလို့ပြောကြတယ်။ နယ်မြေအေးချမ်းသွားရင် သူတို့ရွာမှာပဲ ပြန်နေချင်ကြတယ်။ နောင်ဘိုးဘုန်းကြီးကျောင်းမှာ နေရတဲ့လူတွေဆိုရင် လုံးဝမပျော်ဘူး။ နေရထိုင်ရတာ စိတ်ကျဉ်းကျပ်တယ်။ အခြေအနေကောင်းရင် ရွာကိုချက်ချင်းပြန်မယ်လို့ ပြောနေကြတယ်။ တချို့ကလေးငယ် တွေဟာ ကျောင်းပိတ်ပြီး ဒီဘက်ကို ထွက်ပြေးလာရတော့ စာလည်းမသင်ရတော့ဘူး။ ကျောင်းဆရာနဲ့ ကလေးတွေလည်း ဒီမှာပဲ။ လောလောဆယ်တော့ ကလေးတွေစာသင်ဖို့ အခြေအနေမပေးသေးတော့ သူတို့လည်း အိပ်လိုက်စားလိုက်နဲ့ ငြီးငွေ့လာပြီး ရွာပြန်နေဖို့ပဲ ပြောနေကြတယ်။ ဒါပေမယ့် တိုက်ပွဲတွေက ဒီနေ့အထိ နေ့တိုင်း ဖြစ်နေတော့ အခြေအနေကို ဘာမှမယ်မယ်ရရ ပြောလို့မရသေးဘူး။

မေး။  ။ အခုတပ်မဟာ (၇) ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ။  ။ အခုဖြစ်နေတဲ့စစ်ပွဲဟာ ဗမာက ကရင်တွေကို မျက်နှာအိုးမဲသုတ်ပြီး တိုက်ခိုင်းနေတဲ့စစ်ပွဲဖြစ်တယ်။ နှစ်ဖက်သေကျေဒဏ်ရာရတဲ့လူတွေဟာ ကရင်အမျိုးသားတွေချည်းပဲ။ တိုက်ပွဲကြောင့် ကရင်လူထုတွေ ထိုင်းဘက်ကို ထွက်ပြေးကြရတယ်။ ဒီကိစ္စ ကရင်လူမျိုးတွေအတွက် ဘာမှအကျိုးမရှိဘူး။ တိုက်ပွဲကို အဓိကဦးဆောင်တိုက်နေတဲ့ ဒီကေဘီအေ (၉၉၉) အဖွဲ့က ဗိုလ်ချစ်သူတို့၊ ဗိုလ်ဆန်ပြုတ်တို့ကို ပြောချင်တာက ဒီကိစ္စကို သေသေချာချာစဉ်းစားဖို့
လိုတယ်။ ကိုယ့်ရဲ့ကိုယ်ကျိုးအတွက်ကိုပဲ မကြည့်ဘဲနဲ့ ကရင်လူမျိုးတွေရဲ့ အကျိုးကိုလည်း စဉ်းစားပေးကြဖို့ ပြောချင်ပါတယ်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo