ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / မတ်လ(၂၃) ရက်၊ ၂၀၀၉
line

 

ကနေဒါနိုင်ငံရှိ (ကျုံယွမ်) ဦးကျော်မြင့်ဖွဲ့စည်းထားသော ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သည် ၎င်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ခေတ်ပြိုင်နှင့် သီးသန့် ဆက်သွယ်မေးမြန်းရာတွင် ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက ငြင်းဆိုလိုက်သည်။

သို့သော် ဦးသုဝေသည် အဆိုပါပါတီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ၏ ၀ဂ်ဆိုက်ဖြစ်သည့် http://udpmyanmar.blogspot.com/ တွင် ဦးသုဝေ၏ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ အဆိုပါ ၀ဂ်ဆိုက်တွင် UDP ပါတီမှ ဦးကျော်မြင့်၏ ရာထူးကို Ex Vice Chairman ဟု ဖော်ပြထားသည်။

ဦးကျော်မြင့်၏ UDP ပါတီနှင့် မပတ်သက်ကြောင်း ဦးသုဝေကငြင်းဆိုသော်လည်း UDP ပါတီက ထုတ်ပြန်ထားသော မူဝါဒသဘောထားနှင့် UDP ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းစာတမ်းများကို ဦးသုဝေကိုယ်တိုင် ရန်ကုန်တွင် ဖြန့်ဝေမှုများ ပြုခဲ့သည်ဟု ရန်ကုန်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက ခေတ်ပြိုင်သို့ပြောသည်။

ထို့ပြင် ရန်ကုန်မြို့မှ ရှေ့နေဦးရဲထွန်းမှတဆင့် ဦးကျော်မြင့်နှင့် အဆက်အသွယ်ရခဲ့ကြောင်း၊ ပါတီဖွဲ့စည်းရေးကိစ္စ များ ဆွေးနွေးခဲ့ကြောင်းကိုမူ ဦးသုဝေက ၀န်ခံပြောဆိုသည်။

ရန်ကုန်ရှေ့နေ ဦးရဲထွန်းနှင့် ကနေဒါနိုင်ငံရောက် ဦးကျော်မြင့်တို့ မည်သို့အဆက်အသွယ်ရခဲ့ကြောင်းကိုမူ ဦးသုဝေက ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ သို့သော် မြန်မာနိုင်ငံတွင် အဆိုပါပါတီ ထောင်သည့်အချိန်၌ ဦးကျော်မြင့်က ငွေကြေးထောက်ပံ့နိုင်ကြောင်း ပြောခဲ့သည်ဟု ဦးသုဝေက ပြောသည်။

လောလောဆယ်တွင်မူ ပါတီဖွဲ့စည်းရေးအတွက် ဦးရဲထွန်းနှင့် ၎င်းတို့ နှစ်ဦးသာ လှုပ်ရှားနေပြီး ပါတီဖွဲ့ဖြစ်ပါက ၀န်ကြီးချုပ်ဟောင်း ဦးနု သမီး ဒေါ်သန်းသန်းနု၊ ဦးကျော်ငြိမ်းသမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးဘဆွေသမီး ဒေါ်နေရီဘဆွေတို့ ပါဝင်မည်ဟုလည်း ဦးသုဝေက အတိအလင်း ပြောဆိုသွားသည်။

ဦးသုဝေသည် ၂၀၀၅ ခုနှစ်မှစပြီး နိုင်ငံကူးလက်မှတ်ထုတ်မပေးရမည့် နာမည်ပျက်စာရင်း အသွင်းခံထားရ သော်လည်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) နှင့် ပတ်သက်ကြောင်း သတင်းများထွက်ပေါ်ပြီးမကြာခင် စစ်အစိုးရက ဦးသုဝေအား နိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့သည်။ မကြာခင် ထိုင်းနိုင်ငံသို့ ဆေးကုသွားမည်ဟု ဦးသုဝေက ပြောသည်။

ယင်းခရီးစဉ်ကို ဦးရဲထွန်းထံ အသိပေးသွားမည်ဖြစ်ရာ ဦးရဲထွန်း၏ ဆက်သွယ်မှုကြောင့် ဦးကျော်မြင့်နှင့်လည်း တွေ့ဆုံကောင်း တွေ့ဆုံနိုင်သည်ဟု အာဏာပိုင်များက ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးသုဝေက ပြောသည်။

ဦးသုဝေ၏ ဇနီးမှာ ထိုင်းနိုင်ငံသားဖြစ်နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိ ခေတ်ပြိုင်က မေးမြန်းရာ ရွေးကောက်ခံတဦး မဖြစ်နိုင်သော်လည်း နိုင်ငံအကျိုးအတွက် ဆက်လုပ်သွားမည်ဟု ဦးသုဝေက ပြောသည်။

ဦးသုဝေသည် ယခုရက်ပိုင်းအတွင်း မန္တလေးသို့ရောက်ရှိနေသည်။ ရန်ကုန်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီးတဦးက ပါတီစည်းရုံးရေးအတွက် သွားခြင်းဖြစ်သည်ဟု ပြောသော်လည်း ဦးသုဝေကမူ အလည်အပတ်ကိစ္စလည်းပါကြောင်း မယုတ်မလွန်ပြောကြားခဲ့သည်။

(၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေနှင့် ခေတ်ပြိုင် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် နားဆင်ရန်)
 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook