English Page
archive
newspaper
journalarchive
tinmoe
drsinthira

photoalbum

bloglogo

quote

Exchange Rate
US 1 $ = 1140 Ks
Thai Bht 1= 35.90 Ks
currency
1 May 2008


ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ
ရဲဘော် ဖိုးသံချောင်းနှင့်တွေ့ဆုံမေးမြန်းချက်
(၁၉-၂-၀၈)
အများသိကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုကြီးဟာ မဲစနစ်နဲ့ အင်အား ပြခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာပဲ။ အခုလည်း အဲဒါမျိုးလုပ်ဖို့ ပြည်သူလူထုရဲ့ ခေါင်းပေါ်မှာ ဒီတာဝန်ကြီး ကျလာပြီလို့ ကျနော်တို့ထင်တယ်။ ဒီနေရာမှာ
ကျနော်တို့ တိုက်တွန်းချင်တာတခုက ဒီလိုတိုင်းပြည်ရဲ့ အကွေ့အချိုးကြီးမှာ ပြည်သူလူထုကြီး ချီတက် တိုက်ပွဲဝင်တော့မယ့်အခါမှာ ပြည်သူလူထုကြီးရဲ့ ရှေ့ကနေပြီးတော့ ပြည်သူလူထုကြီးနဲ့ လူထုရဲ့ ရှေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရဲရဲရင့်ရင့် ခေါင်းဆောင်ပြီးတော့ အတူ ချီတက်ပါ။ လမ်းညွှန်မှုပေးပါ။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဟာ သူတို့ကို ရွေးထားပြီး ဖြစ်တယ်။

ပြည်ထောင်စုအရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့အပေါ်
ပြည်ထောင်စုသားများ၏ သဘောထားအမြင်များ
(၁၁-၂-၀၈)
ပြည်ထောင်စုသားတိုင်းသည် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရရမှာပေါ့ကွာ။ ဘာသာရေးတင်မကဘူး နိုင်ငံရေးပါ ယုံကြည်ခွင့်ရှိရမယ်။ တိုင်းရင်းသားတွေအနေနဲ့ ဘယ်သူမဆို ဘယ်လူမျိုးစုမဆို လွတ်လပ်စွာယုံကြည်နိုင်ရမယ်၊ လွတ်လပ်စွာ ကိုးကွယ်နိုင်ရမယ်။ လူတိုင်း အခွင့်အရေး အရေးအတူရှိရမှာပေါ့။ ဗမာမို့ ဒါမှမဟုတ် လူမျိုးမတူလို့ အဲသလိုမရှိရဘူးလေ။ အားလုံး အတူတူ လွတ်လပ်စွာ ယုံကြည်ခွင့် လွတ်လပ်စွာကိုးကွယ်ခွင့် အဲ့ဒါရရမယ်။

ဘန်ကောက်တွင်လာရောက်ဖျော်ဖြေသွားသည့် သီးလေးသီးအငြိမ့် အဖွဲ့သားများနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းချက (၁၄-၁-၀၈)
ကျနော်တို့က ပြည်တွင်းမှာ ဖျော်ဖြေရင်လည်း လွတ်လွတ်လပ်လပ်ပဲဖျော်ဖြေတာပဲ။ ကျနော်တို့ လွတ်လွတ်လပ်လပ်ဖျော်ဖြေတယ် ကျန်တဲ့ဟာတွေသိပ်ပြီးတော့မစဉ်းစားဘူး။ ကျနော်တို့ အဓိကကတော့ ပြည်သူတွေရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်လေးတွေ တင်ပြချက်လေး
တွေကို ပြည်သူ့ကိုယ်စား ဟာသလေးတွေနှောပြီး တင်ပြတယ်။ အဲဒီအတွက် ဟိုမှာလည်း လွတ်လပ်တယ်လို့ ကျနော်တို့ထင်တယ် ဒီမှာလည်းလွတ်လပ်တယ် အတူတူပါပဲဗျာ။

အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်၍ အန်အယ်လ်ဒီပါတီဝင်ဟောင်း နော်အုန်းလှနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက် (၂၇-၁၁-၀၇)
အဖမ်းခံထားရတဲ့ အမျိုးသမီးတော်တော်များများဟာ ကျန်းမာရေးမကောင်းကြဘူး။ သူတို့
အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိပါဘူး။ ဒေါ်စန်းစန်းနုဆိုရင် ကျိုက္ကဆံကနေပြီး
တော့ တပ်ရင်း (၅) ကို ပြောင်းတဲ့အချိန်မှာ တော်တော်လေးကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရတယ်။ ဖမ်းတုန်းကအကောင်းပဲ ပြန်လာတော့ လူကတော်တော်လေးကို ပိန်ချုံးပြီးတော့ ခြေရော၊ လက်တွေရောဖောနေတယ်။ တယောက်ဆိုရင် ဗိုက်ခွဲထားတာပေါ့နော်၊ အဲဒါကို ဖမ်းတဲ့အချိန်
မှာ မြို့တော်ခန်းမရှေ့မှာအကန်ခံရတယ်။ အဲဒါ ချုပ်ရိုးမှာ ပြည်တွေတွယ်နေတယ်။ သူ့ရဲ့ အခြေအနေတော်တော်ဆိုးတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ချုပ်မှ
သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးပဉ္စင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

(၂၁-၉-၀၇)
အဲဒီကော်မတီကနေ စပြီးတော့ အလုပ်လုပ်မှာ၊  ဒါ သံဃာ့တပ်ပေါင်းစုရဲ့ ရှေ့ဆက်လုပ်မယ့်အလုပ် တွေပဲ။ လူထုအတွက် အရေးကြီးဆုံးလိုအပ်ချက်က ဘာလဲဆိုတော့ သံဃာထု တခုတည်းနဲ့ လွတ်မြောက်ရေးအတွက် မဖြစ်နိုင်ဘူးဆိုတာ ဦးပဉ္စင်းတို့ သုံးသပ်မိတယ်။ ဆုံးဖြတ်ကြတယ်။ သံဃာထုဆိုတာ သန်း (၅၀) ကျော် လူထု လူတန်းစားရဲ့ အလွှာတလွှာလေးသာဖြစ်တယ်။ ဒီတော့ကျန်တဲ့ လူထုလူတန်းစား အလွှာတွေ ပါဖို့အတွက် လူထုအားလုံးကို တပ်ပေါင်းစုဖွဲ့စည်း ပေးမှဖြစ်မယ်ဆိုပြီးတော့  လူထုတပ်ပေါင်းစု ဖြစ်မြောက်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းပြီး
တော့ သံဃာ့တပ်ပေါင်းစုရဲ့ ရှေ့ဆက်လုပ်ငန်းတွေအဖြစ် လုပ်ဆောင်...
စစ်အစိုးရအာဏာပိုင်များက ပိုက်စိပ်တိုက်ရှာဖွေနေသည့်
၈၈ မျိုးဆက်ကျောင်းသူ မမီးမီးနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်

(၄-၉-၀၇)
အမှန်တရားကိုဖော်ထုတ်ဖို့အတွက် ရဲရဲဝံ့ဝံ့အသင့်ရှိနေကြပါပြီလို့ ကျမယုံကြည်ပါတယ်။
အခု ပြည်သူတွေဟာ တိုင်းပြည်နေရာအနှံ့အပြားမှာ လမ်းမပေါ်ကို ထွက်လာကြပါပြီ။ အဲဒီ ထွက်လာတဲ့ပြည်သူတွေဟာ ကျမတို့ ဦးဆောင်ဦးရွက်ပြုလို့ထွက်လာတယ်လို့ ကျမတို့က လုံးဝမသတ်မှတ်ပါဘူး...
ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်သည့် All Ethnic International Open
University (AEIOU) တိုင်းရင်းသားများပွင့်လင်းတက္ကသိုလ်မှ ပါမောက္ခချုပ်
ဒေါက်တာရိုစီ (ဒေါ်တင်ရီ) နှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း။

(၂၇-၇-၀၇)
ပြည်တွင်းထဲက အခွင့်အရေးမရရှာတဲ့ တက္ကသိုလ်ကို ဆက်မတက် နိုင်တဲ့ ကျောင်းသားတွေက တိုးတက်တဲ့အမြင်သစ်လေးတွေ ရချင်လို့ လာတက်ချင်ပါတယ်ဆိုတဲ့ ဆန္ဒလည်း ဖော်ပြလာတယ်။ နောက် ပြည်တွင်းထဲကပဲ ပရဟိတ္တ လူမှုရေးတွေအတွက် စိတ်ဆန္ဒ ပြင်းပြသူတွေ...
စစ်အစိုးရ၏အမျိုးသားညီလာခံကို ကျောခိုင်းစွန့်ခွာလာခဲ့ကြသော ညီလာခံကိုယ်စားလှယ်အချို့၏ ညီလာခံအပေါ်သဘောထားအမြင်ကို ခေတ်ပြိုင်မှ မေးမြန်းစုစည်းတင်ပြလိုက်ပါသည်။
(၁၇-၇-၀၇)
လူထုလက်ထဲ အာဏာရလုရခင်ကာလမှာ အဲဒီလူထုကို ရက်ရက်စက်စက်သတ်ဖြတ် ချေမှုန်းပြီး အဲဒီအာဏာကို အတင်းလုယူခဲ့တဲ့ အစိုးရ။ အာဏာသိမ်းအစိုးရ။ စစ်အုပ်စု အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို တဆံချည်မလျှော့စတမ်း...
(၆၂) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်

(၂၆-၃-၀၇)
ယခုလက်ရှိ နအဖဗိုလ်ချုပ်များကလည်း (ဗိုလ်နေ၀င်းတုန်းကလို) ဟန်ဆောင်လိုခြင်းပင် မရှိတော့ပါ။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်သည့် စစ်တပ်အမျိုးအစားကို သူတို့လိုလားခြင်းမရှိပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်အရည်အချင်း တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသည့်စေတနာ စတာများနှင့်လည်း မယှဉ်ပြိုင် မလိုလားနိုင်ကြသဖြင့် ဗိုလ်ချုပ်အမည်ကို မှေးမှိန်ဖျောက်ဖျက်လာ ....
ကမ္ဘာနှင့်မြန်မာ့ငြိမ်းချမ်းရေးအတွက်ခရီးရှည်လမ်းလျှောက်ဆန္ဒပြခဲ့သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့်အတူ လမ်းလျှောက်ခဲ့သူ ထိုင်းနိုင်ငံသူ 'A'  နှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းချက်။
(၂၁-၃-၀၇)
ငြိမ်းချမ်းရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ တည်ဆောက်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ သိရှိ နားလည်ခဲ့ကြပါတယ်။ ကျမတို့ဟာ ကိုယ့်ကိုယ်ကို ပိုပြီးသည်းခံနိုင်အောင်၊ စိတ်ကိုပိုတည်ငြိမ်အောင် လေ့ကျင့်ကြရမှာဖြစ်သလို စွန့်လွှတ်ဖို့အတွက်လည်း အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ ထိုင်းနိုင်ငံသား တယောက်အနေနဲ့ ပြောရမယ်ဆိုရင် ထိုင်းတာဝန်ရှိသူတွေရဲ့ လူထုအပေါ်မှာထားတဲ့ ....
ဖေဖော်ဝါရီ (၂၂) ရက် ရန်ကုန်သိမ်ကြီးဈေး ဆန္ဒပြပွဲအား ဦးဆောင်ခဲ့သော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကော်မတီ (MDC) မှ အဖမ်းမခံရသေးသော အဖွဲ့ဝင်နှစ်ဦးနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်
လမ်းပေါ်မှာလည်း လူတွေကပြည့်နေပါတယ်။ သိမ်ကြီးဈေးတံတားပေါ်မှာလည်း လူတွေကပြည့်နေ ပါတယ်။  ကျနော်တို့ရဲ့ ပြောနေတဲ့ဟာကို လူတွေက လက်ခုပ်လက်ဝါးတီးပြီး အားပေးပါတယ်။ ကျနော်တို့ဆီကိုလည်း အခြားဘေးကလူတွေက ၀င်လာပြီးတော့ ဆိုင်းဘုတ်တွေပြေးကိုင်ပြီးတော့ ကျနော်တို့နဲ့ ပါဝင်ဆင်နွှဲ...
မိုက်ခရိုဆော့ဖ်တ် ဘီလ်ဂိတ်စ်တဖြစ်လဲ ရက်ရောသူအလှူရှင် ပရဟိတသမားကြီး ဘီလ်ဂိတ်စ်
ကေတူးတီ
ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်မှာ အင်တာနက် အကြီးအကျယ် မဖြစ်ထွန်းလာခင်ထိကတော့ နည်းပညာက ပညာရေးပေါ် တကယ့်တကယ်သက်ရောက်မှုမရှိခဲ့ဘူးဗျ။ သင်ယူတယ်ဆိုတာ အများအားဖြင့်တော့ စိတ်ခွန်အား လှုံ့ဆော်မှုအတွက် အခြေခံအမြင် ပတ်ဝန်းကျင်ဖန်တည်း ပေးတာပါပဲ။ ကိစ္စရပ်တွေကို ခင်ဗျား ဘာကြောင့်သင်ယူသင့်တယ်ဆိုတဲ့ ...
မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျေအေစီဘီအေ) မှ
တာဝန်ခံ ဦးမိုးကြိုးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း
အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီ အေအိုင် ဒီအက်စ် ပညာပေးလုပ်ငန်းတွေဟာ လူထုနဲ့ပိုပြီး နီးစပ်သင့်တယ်။ ကလေး စာစောင်သင်တန်းကျောင်းကလေးတကျောင်းရှိခြင်းဟာ ကလေးမိဘများ ဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပညာပေးဆွေးနွေးပွဲတွေကို သူတို့ဘ၀နဲ့နီးစပ်စေတယ်။ ဆိုလိုတာက အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲတွေနဲ့ အေအိုင်ဒီအက်စ် ပညာပေးဆွေးနွေးပွဲတွေကို မဲဆောက်မှာသာမက မယ်ရမတ်၊ ဖုတ်ဖ၊ အုန်းဖန်စတဲ့ တပ်ခ်ခရိုင်တွင်းမှာရှိတဲ့ မြန်မာလူထုကို ဆွေးနွေးဟောပြောမယ်၊ ...
၂၀၀၆ ခုနှစ်အတွင်း ဆရာကြီး ဦးတင်မိုး ခေတ်ပြိုင်ဂျာနယ်တိုက်သို့ ရောက်ရှိခဲ့စဉ်က
ဝိုင်းတော်သားများနှင့် လက်ဆုံကျခဲ့သော ပြောကြားချက်များမှ
ထုတ်နုတ်တင်ပြပါသည်။

“ဦးဝင်းတင်က ခင်ဗျားဗျာ၊ ဘာပဲဖြစ်ဖြစ်ဝင်လုပ်ပါတဲ့။ ကိုယ်က ကိစ္စမရှိပါဘူးလို့၊ အရေးကြီးတာက ကျနော် ပါတီဝင်ရေးမ၀င်ရေး အရေးမကြီးပါဘူး၊ အဲဒါတွေက ပညတ်တွေပဲလို့ဆိုတော့ ဦးဝင်းတင်က သဘောကျပြီးရယ်တယ်။ ကဗျာဆရာဗျာ စကားလုံး တကယ်ရွေးတတ်တယ်တဲ့။ ပညတ်တွေပဲလို့ အရေးကြီးတာက ကျနော်ဘာလုပ်ပေးနေလဲ၊ ဒါအရေးကြီးတာပဲလို့၊ လိုတဲ့နေရာမှာ ကျနော်လုပ်ပေး မယ်။ လိုတဲ့အခါမှာ ကျနော်လုပ်ပေးမယ်လို့ပြောလိုက်တယ်။”
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိသည့်ကိစ္စနှင့်ဆက်စပ်၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ
yebaw_pothanchaung ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်
ကျနော်ပြောချင်တာက တကယ့်လက်တွေ့လုပ်ငန်းတွေပေါင်းတဲ့ တပ်ပေါင်းစုပေါ်ဖို့လိုတယ်။ တကယ့်လက်တွေ့လုပ်ငန်းဆိုတာ ပြည်တွင်းကို အဓိက အခြေခံထားတဲ့ဟာ။ ပြည်တွင်းကပါရမယ်ဆိုတော့ မြေပေါ်နည်းနဲ့လုပ် လို့မရဘူး။ မြေအောက်နည်းနဲ့လုပ်မှရမယ်။ အဲဒါကြောင့် အကြံပေးမိတာပါ။ ပြည်ပမှာရှိတဲ့ တပ်ပေါင်းစုအမျိုးမျိုးကို ဆန့်ကျင်တာလည်းမဟုတ်ဘူး။
သူတို့ကို အပြစ်ပြောတာလည်းမဟုတ်ဘူး...
အမျိုးသမီးကွန်ဒုံးသင်တန်း ဦးဆောင်ဖွင့်လှစ်သူ ဆရာမ နော်ဒါးနှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း
၁၉-၁၂-၀၇
nawdar_home နောက်ပြီးတော့ တချို့နေရာတွေမှာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာစောင်တွေ သူတို့ဆီကိုရောက်တာမတွေ့ဘူး။ ကျန်းမာရေးဌာနတွေကိုလည်း သူတို့ လက်လှမ်းမမှီကြဘူး။ မျိုးပွားခြင်းဆိုင်ရာ အသိ ပညာဗဟုသုတတွေ မရှိတဲ့အတွက် သူတို့ကိုယ်သူတို့မရည်ရွယ်ဘဲ ကိုယ်ဝန်ရတာတို့၊
ကိုယ်ဝန်ဖျက်ချတာတို့၊ လိင်ကတဆင့်ကူး စက်တဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ကာလသားရောဂါတွေကို ထိထိရောက်ရောက်..
ကလေးစစ်သားဟောင်းများ၏ ဘ၀အခြေအနေနှင့်ပတ်သက်၍ လူ့အခွင့်အရေးပညာပေးဌာန-မြန်မာနိုင်ငံ (HREIB) ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်
aungmyomin_home အခုလောလောဆယ် တချို့ကလေးတွေကို လုံခြုံတဲ့နေရာမှာ တခြားကလေးတွေနဲ့ အတူတူထားကြည့်တယ်။ အဲဒီကလေးတွေမှာ ဘာဖြစ်လာလဲဆိုတော့ ခုနတုန်းက အတိတ်ကအကြမ်းဖက်မှုတွေကြောင့်  သူတို့မှာ အခြားကလေးနဲ့လည်း ရောရောဝင်ဝင်နေလို့မရဘူး။
သူတို့ကိုယ်သူတို့ သိမ်ငယ်နေတယ်။ တချို့ကျရင်တော့ အရမ်းကြီးကို အကြမ်းဖက်လိုတဲ့စိတ်နဲ့ပဲ ...
ဦးကျော်ကို (အေဘီအက်စ်ဒီအက်ဖ် အထွေထွေအတွင်းရေးမှူး) နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်
kokyawko_home အရင်တုန်းကတော့ ပုဂ္ဂိုလ်ရေးဘက်ကို တိမ်းညွတ်မှုရှိတဲ့ ဂိုဏ်းဂဏဆန်တဲ့ စည်းလုံးညီညွတ်မှုမျိုးတွေ များခဲ့တာပေါ့။ ဒါပေမယ့် အခုတော့ ဒီမိုကရေစီ အပြောင်းအလဲနဲ့ လိုက်လျောညီထွေရှိမယ့် အဖွဲ့အစည်းပုံသဏ္ဌာန် ဆန်တဲ့ကိစ္စတွေ လုပ်လာရင်းနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေ၊ ဂိုဏ်းဂဏကိစ္စတွေ နောက်ရောက်လာတယ်။ ဒါပေမယ့် တကယ်ပြီးပြည့်စုံတဲ့ အဖွဲ့အစည်း ပုံသဏ္ဌာန်တော့ မဆန်သေးပါဘူး...

vote
nargis
vote_ksh
to writer
marmarhome
ludu
tv
music
video
september
fonts
ကြော်ငြာကဏ္ဍ

KPP_ads

burma

fbppn

dotkhit

rdjournal

aryonethit

alinpyakyelsin

 

Opentracker.net: Website Statistics