ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ /ဧပြီလ(၂၀) ရက်၊ ၂၀၀၉

line

 

ပြီးခဲ့သည့်ရန်ကုန်သင်္ကြန်သည် ယခင် သင်္ကြန်များနှင့် နှိုင်းယှဉ်ပါက စည်ကားမှု လျော့နည်းလာကြောင်း နာမည်ကြီး အဆိုတော် အနဂ္ဂ၊ ယုန်လေးနှင့် လူငယ်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီ (၁၇) ရက်နေ့ MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် အဆိုပါ နာမည်ကြီး အဆိုတော်များနှင့် လူငယ် အယောက် (၂ဝ) ကျော် ပါဝင်သည့် စကားဝိုင်းတွင် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

ယခုနှစ်သင်္ကြန်သည် အင်းလျားကန် ပတ်လည်၌သာ စည်ကားပြီး အခြားနေရာများတွင် ခြောက်ကပ်နေကြောင်း၊ ယခင်က ရှိခဲ့သည့် အလှပြယာဉ်များလည်း ပျောက်ကွယ်ကုန်ပြီ ဖြစ်ကြောင်း ပြောဆိုသွားကြသည်။

သင်္ကြန် ရေကစားမဏ္ဍပ်ဆောက်လုပ်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ချုပ်ကိုင်ထားကြောင်း ၊ ယခုနှစ် ရန်ကုန်တွင် ရေပေးဝေရေးနှင့် ပတ်သက်၍ အခက်အခဲများစွာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မိုးမကျခင် ရေပြတ်လတ်ပြီး ရေပေးဝေမှု ရပ်တန့်သွားမည်ကို ရန်ကုန်မြို့တော်ဝန် အပါအဝင် အာဏာပိုင်များက အလွန်စိုးရိမ်နေကြသည့်အတွက် စည်ပင်က ထိန်းချုပ်ထားသည့် ဂျိုးဖြူရေပိုက်မှ ဖောက်ပြီး မဏ္ဍပ်အနည်းငယ် ကိုသာ ခွင့်ပြုမိန့် ချပေးခဲ့၍ မြို့တွင်း၌ မဏ္ဍပ်အနည်းငယ်သာ ရှိခဲ့ကြောင်း ၎င်းကပြောသည်။

အင်းလျားကန်ရေကို စုပ်ယူရေကစားနိုင်သည့် အင်းလျားကန်ဘောင် နံဘေး ကမ္ဘာအေး ဘုရားလမ်းတလျှောက် တွင်သာ မဏ္ဍပ်ကြီးများကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါ လမ်းနှစ်ကြောင်းဖြင့် အင်းလျားကန်ဘောင် ပတ်ဝန်းကျင်တွင် သာ လူများ သောင်းနှင့်ချီ စည်ကားနေခဲ့ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “ဒီနှစ် တရက် ကားနဲ့ ထွက်လည်တယ်။ မြို့ထဲမှာ မဏ္ဍပ်တွေကနည်း၊ ပက်တဲ့ ရေပိုက်တွေက သေးသေးလေးနဲ့ ရေမစိုတော့ အဲဒီမဏ္ဍပ် သေးသေးလေးမှာ ရေပက်ခံဖို့ကိုပဲ ကားတွေအများကြီးတန်းစီ စောင့်ကြ ရတယ်။ နောက် ထုံးစံအတိုင်း အင်းလျားလမ်းဘက်ကို သွားကြတယ်၊ ဒီနှစ်သင်္ကြန်ကိုတော့ ရန်ကုန်သင်္ကြန်လို့ မခေါ်ဘဲ အင်းလျားသင်္ကြန်လို့ပဲ ခေါ်သင့်တယ်။ အကြောင်းကတော့ အဲဒီတနေရာပဲ မဏ္ဍပ်ကြီးတွေရှိပြီး ရေဖောဖောသီသီပက်လို့။ မြို့လယ်မြို့နယ်တွေ အပါအဝင် ဆင်ခြေဖုန်းက လူတွေအားလုံးကလည်း တခြား ဘယ်မှာမှ မစည်ကားတဲ့အတွက် ဒီအင်းလျားကန်ဘောင်ကိုပဲ ဦးတည်လာကြလို့” ဟု ပြောသည်။

ယခုကဲ့သို့ သင်္ကြန်မစည်ကားခြင်းသည် ရေပြဿနာ အပါအဝင် စစ်အစိုးရ၏ အမျိုးမျိုးသော ကန့်သတ်ချုပ်ချယ်မှု၊ ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး အဆင်မပြေမှု စသည်တို့ကြောင့်လည်း ပါဝင်ကြောင်း ရန်ကုန်မြို့ခံများက ဝေဖန်ကြသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook