ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ /ဧပြီလ(၆) ရက်၊ ၂၀၀၉

line

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဝေါ်လေခီး အရပ်ရှိ တပ်ရင်း (၂၀၁) တပ်စခန်းကို သိမ်းပိုက်နိုင်ရန် အတွက် ယနေ့ နံနက် (၆) နာရီမှ စတင်ကာ နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ် များဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာအဝေးရှိ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) စခန်းကို နအဖ ခမရ (၃၅၆) နှင့် ဒီကေဘီအေ တပ်ရင်း (၉၀၇) ပူးပေါင်းအဖွဲ့မှ အပြင်းအထန် ထိုးစစ်သော်လည်း မိမိဘက်မှ ကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်လျက်ရှိသည်ဟု တပ်ရင်း (၂၀၁) ၏ ဒု-တပ်ရင်းမှူး ဗိုလ်ကြီးဘူးဖော်က ပြောသည်။

၎င်းက “ဒီနေ့ မနက် (၆) နာရီကနေ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တယ်။ အခုအခြေအနေကတော့ တင်းမာနေ တုန်းပဲ။ တိုက်ပွဲအနေအထားကိုတော့ အခု ပြောလို့မရသေးဘူး၊ ကျနော်တို့ကတော့ ခုခံကာကွယ်စစ်နဲ့ ကြံ့ကြံ့ခံရင် ဆိုင်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီးတဦးက “ဒီကိစ္စ ဒီလိုဖြစ်ရတာက နောက်ကျော ကနေ ဓားနဲ့အထိုးခံရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒီကိစ္စကို သစ္စာဖောက် လမ်းပြဦးဆောင်မှုနဲ့ တိုက်တာ ဖြစ်တယ်။ အခုလာတိုက်တဲ့ အဖွဲ့က တယောက် မိုင်းထိသွားတယ်။ လမ်းပြလား ဒီကေဘီအေလားတော့ မသိဘူး။ နအဖ ခမရ (၃၅၆) ကတော့ အနောက်ကနေ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ထိပ်တိုက်တက်လာတာကတော့ ဒီကေဘီအေပဲ” ဟု ပြောသည်။

မဲဆောက်မှ ကရင်ဓမ္မဆရာကြီးတဦးကလည်း “ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတဲ့လူတွေ သူများမြှောက်ပေးတိုင်း လုပ်တယ်။ နောက်ဆိုရင် ကရင်လူမျိုးတွေဟာ အရင် နအဖ စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှ မြပတိုင်ရွာမှာ ပြောခဲ့သလို နောက်ကို ဆိုရင် ကရင်မြင်ချင်ရင် ပြတိုက်ထဲမှာပဲ သွားကြည့်ရတော့မယ်ဆိုတဲ့ ကိန်းဆိုက်တော့မယ်၊ ကရင်တွေ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကိုယ့်အခြေအနေကို ကိုယ်သိဖို့လိုတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ ရှေ့တန်းကာကင်းစခန်းတခု ကို နအဖ တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပြီး ယနေ့နံနက်တွင် တပ်ရင်း ဌာနချုပ်စခန်းအား ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင် တိုက်ပွဲအခြေအနေမှာ ပုံမှန်ကြိုကြားတိုက်ခိုက်မှုများရှိသော်လည်း နှစ်ဖက်အခြေအနေမှာ ဆိုးဆိုးရွားရွားအနေအထားများ မရှိသေးကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်ပွားရာဒေသ၏ ထိုင်းဘက်ခြမ်းတွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားပြီး တပ်လှန့်ထားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook