ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကိုးကန့်တပ်ဖွဲ့အကျဉ်းထောင် ထောင်ခါ
ဒေသအတွင်း စစ်ရေးပြင်ဆင်မှုများ ရှိနေ
ခိုင်လင်း / ၁၄ သြဂုတ် ၂၀၀၉
line

 

ရှမ်းပြည်အရှေ့မြောက်ပိုင်းအခြေစိုက် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့က ၎င်းဒေသအတွင်း ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ကိုးကန့်တပ်ဖွဲ့၏ အကျဉ်းထောင်အတွင်း ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးလိုက်သဖြင့် ဒေသအတွင်း စစ်ဖြစ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာနေသည်။

ကိုးကန့်ဒေသအတွင်း ပြစ်မှုတခုခု ကျူးလွန်၍ ကိုးကန့်တပ်ဖွဲ့၏ အချုပ်ထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူအားလုံးကို ယခုလ (၁၂) ရက်က ပြန်လွှတ်ပေးလိုက်ပြီး လွှတ်ပေးသူများထဲမှ တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်စစ်မှုထမ်းခိုင်းနေသည်ဟု ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့မှ ကုန်သည်တဦးက ပြောသည်။

“လောက်ကိုင်မြို့မှာက နအဖစစ်သားတွေလည်း ရှိတယ်၊ ကိုးကန့်စစ်သားတွေလည်း ရှိနေတယ်။ ဆိုတော့ နှစ်ဖက် ပြန်တိုက်ကြပြီဆိုရင် ဒီမြို့ထဲမှာကို တိုက်ပွဲဖြစ်နိုင်တယ်။ တရုတ်ဘက်က အလုပ်လာလုပ်တဲ့သူတွေ အချို့ပြန်နေကြပြီ။ ဟိုတနေ့ ပစ်မယ်၊ ခတ်မယ် ဖြစ်တဲ့နေ့ကတည်းက ပြေးသွားတာလည်းရှိတယ်။ အခုဒီလို ဖြစ်နေတော့ ပိုပြီး သတိထားလာ ရတယ်” ဟု ၎င်းက ပြောသည်။

ယခုလ (၈) ရက်တွင် ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်မှ ဂိုဒေါင်အား လောက်ကိုင်မြို့ရှိ နအဖစစ်သား၊ ရဲနှင့် မူးယစ်အဖွဲ့ အင်အား (၇၀) ကျော်ဖြင့် စစ်ဆေးရန် သွားရောက်စဉ် ကိုးကန့်တပ်ဖွဲ့က လမ်းခုလတ်မှ ၀ိုင်းဝန်းပိတ်ဆို့ တားဆီးထားသဖြင့် နှစ်ဖက် ပစ်ခတ်လုနီးပါးအထိ အခြေအနေတင်းမာသွားခဲ့သည်။

အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်မြို့သို့ လာရောက်ကာ ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တောင်းပန်ရာ ထွက်မတွေ့သဖြင့် နှစ်ဖက်အကြား တင်းမာမှု ကြီးထွားလာနေပြီး တရုတ်ဘက်က အာဏာပိုင်များကလည်း လာရောက် စေ့စပ်ပေးမှုများ လုပ်ခဲ့ရသည်ဟု ကိုးကန့်ခေါင်းဆောင်များနှင့် နီးစပ်သည့် ကုန်သည်က ပြောသည်။

ကိုးကန့်နယ်မြေအတွင်း နအဖတပ်နှင့် ကိုးကန့်တပ်ဖွဲ့ကြား ပြဿနာတက်ပြီးနောက်ပိုင်း ကိုးကန့်နယ်မြေအနီးရှိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ တပ်မဟာ (၄) နယ်မြေတွင် အရေးပေါ်တပ်လှန့်ထားသကဲ့သို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အနေဖြင့်လည်း ၀ဒေသမြောက်ပိုင်း၊ ကိုးကန့်နယ်မြေနားအထိ ၀တပ်များ ရွှေ့ပြောင်းချထားကာ စစ်ရေးအသင့်အနေအထား ပြင်ထားသည်ဟု အဆိုပါအဖွဲ့များနှင့် နီးစပ်သည့် တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “အခုကတော့ ၀င်လာရင် ပစ်ဆိုပြီး တပ်လှန့်ထားတယ်။ နအဖဘက်က တိုက်တော့ မတိုက်သေးဘူး။ လူထုတွေ အထိတ်တလန့်ဖြစ်အောင်၊ ဒေသမတည်မငြိမ်ဖြစ်အောင် ခြောက်လှန့်တာ။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တွေထဲက စည်းရုံးလို့ရတဲ့သူ စည်းရုံးမယ်၊ ၀ယ်လို့ရတဲ့သူ ၀ယ်မယ်၊ သပ်လျှိုဖြိုခွဲမယ်၊ ဒီလိုပဲ လုပ်မယ်လို့ မြင်တယ်။ တရုတ်ဘက်ကလည်း နယ်စပ်မှာ တိုက်ပွဲဖြစ်မှာကို မလိုလားဘူး။ ဟိုတနေ့က ကိုးကန့်နယ်မှာ ဖြစ်သွားတဲ့ကိစ္စမှာ သူ့ဒေသထဲ လူတွေဝင်ပြေးလာတာနဲ့ ပတ်သက်လို့ လင်ချန်းခရိုင် အာဏာပိုင်တွေ လောက်ကိုင်အထိ ဆင်းလာပြီး ရမခတိုင်းမှူးကို ကန့်ကွက်တာတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။

ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်မြို့တွင် နအဖစစ်တပ်ဘက်မှ အမြောက်တပ်ခွဲတခုပါဝင်သည့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) တခု ဖွင့်လှစ်ထားသကဲ့သို့ ကိုးကန့်တပ်ဖွဲ့ဌာနချုပ်လည်း တည်ရှိနေသဖြင့် အဆိုပါဒေသသည် နအဖစစ်သားများနှင့် ကိုးကန့်တပ်ဖွဲ့ဝင်များ နီးနီးကပ်ကပ်ရှိနေသည့် နယ်မြေတခုဖြစ်သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook