ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တေးရေးဆရာများ မူပိုင်ခွင့်တောင်းဆို
အက်ဖ်အမ်လွှင့် သီချင်းများအတွက် ငွေမရသေး

မျိုးဝင်းဇော်/ ၁၆ ဒီဇင်ဘာ ၂၀၀၉

line

 

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၂) ရက်နေ့က စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊ သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ဝင်းမင်းထွေး စသည့်တေးရေးဆရာများက စီးပွားရေးအသွင်ဆောင်သည့် စင်တင်တေးဂီတပွဲမျိုး ပြည်တွင်းပြည်ပ၌ ပြုလုပ်ပါက ၎င်းတို့ ရေးစပ်ထားသည့် သီချင်းများကို သီဆိုပါက မူပိုင်ခွင့်ကြေး ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သို့သော် လက်ရှိ အက်ဖ်အမ် ရေဒီယိုတို့မှ ထုတ်လွှင့်နေသည့် သီချင်းများအတွက်ပင် သီချင်းရေးသူအနေဖြင့် မူပိုင်ခွင့်ငွေ လက်ခံမရရှိသေးကြောင်း အမည်မဖော်လိုသူ တေးရေးဆရာတဦးက ပြောသည်။

၎င်းက “ကျနော်ရေးတဲ့ သီချင်းတွေကို စီးတီးအက်ဖ်အမ်ကလည်း လွှင့်တယ်၊ နောက် မန္တလေး အက်ဖ်အမ်ကလည်း လွှင့်တယ်။ အားလုံးသိတဲ့အတိုင်း စီးတီးအက်ဖ်အမ်က ရန်ကုန်မြို့တော် စည်ပင်က စစ်ဗိုလ်တွေလုပ်တာ မူပိုင်ခ လုံးဝမပေးဘူး။ မန္တလေး အက်ဖ်အမ်ကတော့ ပေးမယ်ဆိုပြီး ဂျာနယ်တွေမှာ ရေးထားတာနဲ့ သူတို့ဆီသွားတယ်။ သူတို့က ဂီတအစည်းအရုံးကို ကျပ် သိန်း (၂ဝဝ) Deposit တင်ထားတယ်၊ အဲဒီမှာပဲ သွားထုတ်ယူပါလို့ ပြောတယ်။ ဒါနဲ့ ဂီတ အစည်းအရုံးကိုသွားတော့ ၂ဝဝ၈ ခုနှစ်အတွက် (၄) လစာပဲ ရောက်သေးတယ်၊ နောက် တေးရေး ဘယ်သူအတွက် ဆိုပြီး သီးသန့်စာရင်းလုပ်ထားတာ မရှိဘူး။ ကိုယ့်ဘာသာကိုယ်ရှာ၊ ပြီးရင် တင်ပြပြီး ထုတ်ယူနိုင်တယ်လို့ပြောတယ်။ ကျနော်လည်း နယ်က လာတာဆိုတော့ အချိန်ကုန် မခံနိုင်တာနဲ့ မရှာရသေးတော့ လုံးဝ မထုတ်ရသေးဘူး” ဟု ပြောသည်။

မန္တလေး အက်ဖ်အမ်က ငွေကျပ်သိန်း (၂ဝဝ) Deposit တင်ထားသည်မှာ မှန်ကြောင်း၊ အဆိုပါငွေများထဲမှ မူပိုင်ခွင့် ကျသင့်ငွေများကို ၎င်းတို့ဆီက အသုံးပြုထားသည့် သီချင်းစာရင်း လာမှ ထုတ်ယူရမည်ဖြစ်ကြောင်း၊ ယခု လောလောဆယ် ၂ဝဝ၉ ခုနှစ် ဧပြီလအထိသာ စာရင်းပို့ထားပြီး ယခု ဒီဇင်ဘာလအထိ (၈) လစာလုံးလုံး ရောက်မလာသေး၍ မည်သူမှ ထုတ်မယူနိုင်သေးကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

၂ဝဝ၈ စက်တင်ဘာမှ ၂ဝဝ၉ ဧပြီလအထိ ယခု စာရင်းရောက်ရှိနေသည့် တေးဆိုသူအချို့မှာမူ လာရောက် ထုတ်ယူသွားပြီ ဖြစ်ကြောင်း၊ တေးရေး၊ တီးဝိုင်း၊ အသံသွင်းသူများမှာမူ စာရင်းသီးသန့် မရှိ၍ ကိုယ့်ဘာသာ စာရင်းကို လာကြည့်၊ ရွေးချယ်၊ တင်ပြပြီးမှသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ အချို့နာမည်ကြီး တေးရေးတို့မှာမူ ၂ဝဝ၈ ဒီဇင်ဘာအထိ ထုတ်ယူပြီးကြောင်း၊ ၂ဝဝ၉ တနှစ်လုံးအတွက်ကိုမူ မည်သည့်တေးရေးမှ ထုတ်မယူနိုင်သေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံ တေးဂီတ ထုတ်လုပ်ရေးနယ်ပယ်တွင် တေးဂီတ အယ်လ်ဘမ်တချပ် ထုတ်လုပ်လိုက်ပြီးသည့်နောက် ခိုးကူးများက နေ့ချင်းညချင်း မြန်မာပြည်အနှံ့ ကူးယူရောင်းချကြခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများ အရှုံးပေါ်ပြီး တေးဂီတဈေးကွက် ပျက်သလောက် ဖြစ်နေသည်။

တခါတရံ ပြည်တွင်းပြည်ပ စင်မြင့်ဂီတ ဖျော်ဖြေပွဲရှိမှသာ တေးဆိုသူများ ဝင်ငွေရကြပြီး တေးသီချင်းရေးသူများမှာ ဝင်ငွေ မရကြပေ။

ယခုနောက်ပိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲ ရည်ရွယ်ချက်ဖြင့် အလိုတော်ရိ သူဌေးများကို စစ်အစိုးရက အက်ဖ်အမ် ရေဒီယို အသံလွှင့်ဌာနများ ထူထောင်ရန် ညွှန်ကြားခဲ့သည့်အတွက် မန္တလေးအက်ဖ်အမ်၊ ရွှေအက်ဖ်အမ်၊ ပုဂံအက်ဖ်အမ်၊ ချယ်ရီအက်ဖ်အမ်၊ ပတ္တမြားအက်ဖ်အမ် စသဖြင့် ပေါ်ပေါက်လာသည်။

အဆိုပါ အက်ဖ်အမ် အသံလွှင့်ဌာနများသည် လောလောဆယ် မြန်မာတေးသီချင်းများကိုသာ အဓိကထုတ်လွှင့်နေပြီး ထုတ်လွှင့်သည့်သီချင်းများအတွက် တေးဆိုသူ၊ တေးရေးသူ၊ တီးဝိုင်းနှင့် အသံသွင်းသူတို့ကို မူပိုင်ခ ပေးမည်ဟု ကြေညာထားသည်။

သို့သော် သီချင်းဆိုသူများသာ မန္တလေးအက်ဖ်အမ်က ပြီးခဲ့သည့် (၈) လ ရှေ့ပိုင်းက ထုတ်လွှင့်ခဲ့သည့် သီချင်းများအတွက် မူပိုင်ခရရှိပြီး တေးရေးသူအပါအဝင် အခြားသူတို့မှာမူ မူပိုင်ခ ငွေကြေး မရရှိကြသေးပေ။

မြန်မာပြည်တွင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ရေးဆွဲနေပြီး ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရကလည်း အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်နှင့် ပတ်သက်၍ လုံးဝ အကာအကွယ်ပေးခြင်းမရှိကြောင်း ပြည်သူများက ပြောဆိုနေကြသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook