ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရတနာပုံ သတင်းစာဝန်ထမ်းများ အလုပ်ပြုတ်
စိုးမိုး/ ၂၁ ဒီဇင်ဘာ ၂၀၀၉

line

 

ဆူပူမှုဖြင့် ဒီမိုကရေစီရနိုင်ဟု ဖော်ပြလိုက်သည့် မန္တလေး ရတနာပုံသတင်းစာ တာဝန်ခံ အယ်ဒီတာအပါအ၀င် ထုတ်လုပ်မှုတွင် ပါဝင်သူအားလုံးကို အလုပ်ထုတ်လိုက်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ဝေသည့် ရတနာပုံ နေ့စဉ်သတင်းစာတွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရ အာဘော် ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စာသားကို မှားယွင်းဖော်ပြခြင်းကြောင့် ယင်းသို့ အလုပ်မှ ထုတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး စည်ပင်သာယာ အကြီးတန်းအရာရှိက အတည်ပြုပြောကြားသည်။

ယင်းသို့ မှားယွင်းဖော်ပြလိုက်ပြီး နောက်တရက် နိုဝင်ဘာ (၁၄) ရက်တွင် သတင်းစာ ထုတ်ဝေမှုကို ရပ်နားကာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်သည်။

သတင်းစာ တာဝန်ခံအယ်ဒီတာ အပါအ၀င် တာဝန်ရှိသူများကို စစ်ဆေးခဲ့သော်လည်း မှားယွင်းရသည့် အကြောင်းရင်း မပေါ်ပေါက်ခြင်းကြောင့် ၀န်ထမ်းအားလုံးကို အလုပ်မှ ထုတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါအရာရှိက ပြောသည်။
၎င်းက “တရုံးလုံး ပြုတ်တယ်” ဟု ပြောကြားသည်။

မန္တလေးတွင် နေ့စဉ်ထုတ်သတင်းစာ မန္တလေး နေ့စဉ်သတင်းစာကို စည်ပင်သာယာကော်မတီက ထုတ်ဝေပြီး ရတနာပုံ နေ့စဉ် သတင်းစာကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ဝေနေခြင်းဖြစ်ကာ ရတနာပုံသတင်းစာက စောင်ရေ ပိုများသည်။

“ရတနာပုံက ကြော်ငြာပိုရတယ်။ သတင်းက အတူတူပါပဲ။ စည်ပင်နဲ့ တပ်နဲ့က ဦးစီးထုတ်တာ တပ်က ကြော်ငြာပိုရတယ်။ စောင်ရေ နည်းနည်းလေး ပိုများတယ်” ဟု အဆိုပါ စည်ပင်ဝန်ထမ်းက ပြောသည်။


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook