ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း စမ်းသပ်ရန် အခက်တွေ့
စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉

line

 

မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ယခုလအတွင်း လျှပ်စစ် စမ်းသပ်ထုတ်လွှတ်ရန် အခက်တွေ့နေကြောင်း သိရသည်။

မန္တလေးမြို့ အရှေ့တောင်ဘက် (၃၁) မိုင်အကွာရှိ ရဲ-ယမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး လျှပ်စစ်စက်ရုံမှ ယခုလအတွင်း လျှပ်စစ် စတင်စမ်းသပ် ထုတ်လွှတ်မည်ဟု သတင်းထုတ်ပြန် ကြေညာထားသော်လည်း မြစ်အောက်ပိုင်း ရေလွှတ်နယ်မြေများ ထိခိုက်နိုင်မှု အနေအထားနှင့် တာဘိုင် ခံနိုင်ရည်အားကို စောင့်ကြည့်နေရသောကြောင့် စမ်းသပ်ရန် အချိန်ယူပြင်ဆင်နေရကြောင်း သိရသည်။

“အပေါ်ဘက်က ရေထုအင်အားက များနေပြီ။ စက်တလုံးစမ်းရင် (၄) နာရီတခါ ရေပြန်လွှတ်ရမယ်။ အခုဟာက ရေလွှတ်ရင် ထိခိုက်နိုင်မှုအနေအထားကို တွက်ချက်ရသေးတယ်။ အရေးပေါ်အစီအစဉ် ဆွေးနွေးနေကြတယ်” ဟု ရဲရွာ ရေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်း အမှတ် (၂) မှ အင်ဂျင်နီယာတဦးက ပြောသည်။

မြစ်ငယ်မြစ်ကို ပြီးခဲ့သည့် နိုဝင်ဘာ လလယ်ခန့်ကတည်းက ပိတ်ထားခဲ့ပြီး ရေအားလျှပ်စစ် ထုတ်လွှတ်မည့် တာဘိုင် (၄) လုံးမှ (၁) လုံးကို ယခုလအတွင်း စမ်းသပ်လည်ပတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းအောက်ဘက် မြစ်ငယ်မြစ်ကြောင်းသည် ရေထရက်မှာပင် လက်ရှိ မူလ ရေမျက်နှာပြင်ထက် (၄) ပုံ (၃) ပုံလျော့ကျနေကြောင်း ဒေသခံများထံမှ သိရသည်။

စက်စတင် စမ်းသပ်လည်ပတ်ပါက သိုလှောင်ထားသည့် ရေထုကို ပြန်လည်လွှတ်ရမည်ဖြစ်ရာ မြစ်ငယ်မြစ်အတွင်း သွားလာနေသည့် လှေ၊ သင်္ဘောများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ အန္တရာယ် ကင်းရှင်းစေရန် ရေစတင်မလွှတ်မီ စီမံကိန်း (၆) မိုင်ပတ်လည်မှ ကြားနိုင်သည့် အသံဖြင့် သတိပေးချက်ထုတ်ပြန်မည်ဟု တည်ဆောက်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

“(၄) နာရီတခါ ရေလွှတ်မယ်ဆိုပေမယ့် စလွှတ်တဲ့ရေက အင်တိုက်အားတိုက် ကျလာမယ်လို့ ယူဆတယ်။ ဘာတွေဖြစ်လာမလဲ ကတော့ တကယ်လွှတ်ချလိုက်မှပဲ သိမယ်” ဟု မြစ်ငယ်ဒေသခံတဦးက ပြောသည်။

ယခုနှစ်မကုန်မီ စတင်ထုတ်လွှတ်ရန် စစ်အစိုးရက ဖိအားပေးနေပြီး ပညာရှင်များဘက်ကမူ ရေစီးအား အနည်းဆုံးအချိန်ထိ စောင့်ဆိုင်းလိုကြကြောင်း ရေအားလျှပ်စစ်တည်ဆောက်ရေးလုပ်ငန်း အမှတ် (၂) မှ အင်ဂျင်နီယာက ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် စက် (၄) ခုစလုံး လည်ပတ်နိုင်ရန် သတ်မှတ်တည်ဆောက်နေသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် အလျား (၂,၂၆၄) ပေ၊ အမြင့် (၄၃၃) ပေရှိ ကွန်ကရစ်ရေလှောင်တမံမှ လျှပ်စစ်အား မဂ္ဂါဝပ် (၇၉ဝ) ထုတ်နိုင်မည်ဖြစ်သည်။

ယခု စမ်းသပ်ထုတ်လွှတ်ရန် ပြင်ဆင်နေသည့် တာဘိုင်တလုံးမှထွက်ရှိမည့် လျှပ်စစ်ကို ပြည်တွင်းဖြန့်ဖြူးမည် ဆိုသော်လည်း ကျန်ရှိသည့်တာဘိုင် (၃) လုံးမှ ထွက်ရှိမှုကို မည်သို့ စီမံခန့်ခွဲမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အစိုးရက ရဲရွာ ရေအားလျှပ်စစ်စက်ရုံသည် နိုင်ငံ၏လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု မျှော်လင့်ထားပြီး ၂၀၁၀ ပြည့်နှစ်အမီ လျှပ်စစ်ထုတ်လုပ်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook