ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရုရှမှ တိုက်လေယာဉ် ရောင်းမည့်သတင်း ပြည်သူများစိတ်ဝင်စား
မျိုးချစ်သူ/ ၂၉ ဒီဇင်ဘာ ၂၀၀၉

line

 

မြန်မာနိုင်ငံသို့ ရုရှနိုင်ငံမှ အမ်အိုင်ဂျီ (၂၉) အမျိုးအစား တိုက်လေယာဉ်များ ရောင်းချပေးပို့သွားရန် ရှိသည်ဟူသည့်သတင်းကို ရန်ကုန်ပြည်သူတို့ အလွန်စိတ်ဝင်စားနေကြကြောင်း ရန်ကုန်မြို့ သတင်းရပ်ကွက်များမှ သိရသည်။

အဆိုပါသတင်းကို ပြည်ပမီဒီယာများက အကျယ်တ၀င့် ဖော်ပြခဲ့ကြရာ ယခုအခါ မြန်မာတနိုင်ငံလုံးက သိရှိသွားပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။

၎င်းက “သတင်းက ပြည်ပမီဒီယာတွေကပဲ မြန်မာပြည်သူတွေသိရတာ များတာကိုး။ အစိုးရက ရုရှနဲ့ အဆင်ပြေနေတဲ့အတွက် စစ်နဲ့ပတ်သက်တာတွေကို ၀ယ်ယူစုဆောင်းနေတယ်ဆိုတာ ဘယ်လို သဘောထားတွေလဲ။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ မြန်မာပြည်မှာက လုပ်စရာတွေ အများကြီး။ ပြည်သူတွေအတွက် အစိုးရက မငဲ့ညှာပဲ မလိုအပ်တဲ့ လေယာဉ်တွေကို ဘာရည်ရွယ်ချက်နဲ့ ၀ယ်တာလဲဆိုတာ ကျနော်တို့ သဘောပေါက်တယ်။ ဒီအတွက် ပြည်သူတွေကိုယ်စား စိတ်မကောင်း ဖြစ်ရတယ်” ဟု ပြောသည်။

ရုရှနိုင်ငံက တန်ဖိုးငွေအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၅၇၀) ခန့်ရှိ အမ်အိုင်ဂျီ (၂၉) အမျိုးအစား တိုက်လေယာဉ် အစီး (၂၀) ကို မြန်မာနိုင်ငံသို့ တင်ပို့ရန် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း Kommersant သတင်းစာကို ကိုးကားပြီး ဒီဇင်ဘာ (၂၃) ရက် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ထိုသို့ ရုရှမှ တိုက်လေယာဉ်များတင်ပို့မည့်သတင်းကို မြန်မာပြည်သူများ စိတ်ဝင်တစားရှိနေချိန်တွင်ပင် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်၌ သာကေတမြို့နယ်အတွင်းနေ ပြည်သူများက စစ်လေယာဉ် (၁၀) စီးကျော်ခန့် ပျံသန်းသွားကြသည်ကို တွေ့မြင်လိုက် ရကြောင်း မျက်မြင်များက ပြောသည်။

“လေယာဉ်အသံက အကြီးကြီးပဲ။ ညနေ (၆) နာရီကျော်နေပြီ၊ မှောင်နေပြီ။ ဒါနဲ့ လူတွေထွက်ကြည့်ကြတာ။ လေယာဉ်တွေ (၁၀) စီးကျော်လောက်ရှိတယ်။ ရုပ်ရှင်ထဲက စစ်တိုက်တဲ့ လေယာဉ်တွေလိုပဲ။ တချို့က ဘယ်လိုတွေ ဖြစ်မလဲဆိုပြီးတော့ လန့်သွား ကြတယ်။ ဘယ်က လာပြီးတော့ ဗုံးတွေများ ကြဲမလဲလို့ပေါ့လေ” ဟု ရန်ကုန် သာကေတမြို့နယ် ရှုခင်းသာ လမ်းမပေါ် နေထိုင်သူများက ပြောသည်။

ရန်ကုန်မြို့၏ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တဦးက အစိုးရအနေဖြင့် ထိုက်လေယာဉ်များ ၀ယ်သည့်အပေါ် “ဒါက သူတို့ကောင်းစားရေးကိုပဲ လုပ်တာဗျ။ အစိုးရအနေနဲ့ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးရမလဲ ဆိုတာကို မတွေးတာ ပေါ်လွင်တယ်။ ရန်ကုန်က လူတွေက စစ်လေယာဉ် ၀ယ်တဲ့အပေါ်မှာ ဆန္ဒပြချင်တဲ့ထိ ဖြစ်ပေါ်နေကြတယ်။ ဒါပေမယ့် သူတို့က ပြည်သူတွေအသက်ကို လုံးဝတန်ဖိုးမထားဘူး။ တိရစ္ဆာန်တကောင်လိုပဲ သဘောထားတယ်။ ဒါကို သိတဲ့လူတွေက အချင်းချင်း ပြန်ပြီး စိတ်ကို ဖြေသိမ့်ပေးကြတယ်။ အမှန်ဆိုရင် ပြည်သူတွေက ဒီလေယာဉ်ဝယ်တဲ့အပေါ် မကျေနပ်ကြဘူး” ဟု ပြောသည်။


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook