ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

(၁၀) တန်း ကျောင်းသားများ အခမဲ့ကျောင်းများကို အားထား
စိုးမိုး/ ၂၉ ဒီဇင်ဘာ ၂၀၀၉

line

 

ရန်ကုန်မြို့တော်တွင် နေထိုင်သည့် (၁၀) တန်းကျောင်းသား (၃) ပုံ (၂) ပုံမှာ သင်ကြားမှု စရိတ်ကြီးမြင့်မှုကြောင့် အခမဲ့ပညာသင် ကျောင်းများကိုသာ အားကိုးနေရကြောင်း သိရသည်။

တနှစ်စာ ကျောင်းစရိတ်အပြင် ကျူရှင်စရိတ်မှာ (၁၀) သိန်းမှ သိန်း (၃၀) အထိ ရှိနေသောကြောင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားအများစုမှာ အခမဲ့ပညာသင်ကျောင်းများ ဖွင့်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် အခမဲ့ပညာဒါန သင်တန်းများကို အဓိက အားထားနေရခြင်းဖြစ်သည်။

“ကျောင်းမှာက ထိရောက်တဲ့ သင်ကြားမှုမရှိဘူး။ ကလေးတိုင်း အပြင်ကျောင်းယူရတယ်။ ရန်ကုန်က ကလေး (၃) ပုံ (၁) ပုံ လောက်ပဲ ဒဂုံလိုကျောင်းမျိုး တက်နိုင်တယ်။ အပြင်ကျူရှင် ပိုက်ဆံပေးယူနိုင်တယ်။ ကျန်တဲ့ကလေးတွေ မယူနိုင်ဘူး” ဟု ပညာရေးသုတေသန အကြီးတန်းအရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး ပညာဒါန ကျောင်းအများအပြား ဖွင့်လှစ်ထားကာ ၀ါရင့်ဆရာဆရာမကြီးတို့က ပညာဒါနအဖြစ် အခမဲ့သင်ကြားပေးနေကြသည်။

“နာမည်ကြီး ဆရာကြီးတွေ၊ ဆရာမကြီးတွေက အနီးကပ်သင်တန်းပေးတာတွေ ဒီလထဲမှာ စပြီးရှိလာတယ်။ ဒေါက်တာဘိုင်အို တို့လို နာမည်ကြီး ဆရာကြီးတွေ အခမဲ့သင်တန်းတွေ ပေးလာတယ်။ အဲဒီမှာ လှည့်ပတ်ပြီး သွားတက်ပါတယ်” ဟု ရန်ကုန်မြို့ ၀ါးတရာကျေးရွာမှ (၁၀) တန်းကျောင်းသူတဦးက ပြောသည်။

(၁၀) တန်း ကျောင်းသားတယောက်လျှင် ကျောင်းစရိတ် ကျပ် (၁) သိန်းအထက်တွင် ရှိနေသော်လည်း အခြေခံပညာ ကျောင်းများက လုံလောက်သော သင်ကြားမှု မပေးနိုင်ဘဲ ကျောင်းသားတိုင်း ပြင်ပကျောင်းများကိုသာ အားထားနေကြခြင်း ဖြစ်သည်။

“ကျောင်းသားက စရိတ် (၂) ခု ကုန်သလို ဖြစ်နေတာ။ အရင်က ကျောင်းတက်စရာမလိုဘူး။ အပြင်ဖြေခွင့်ပြုတုန်းက ကျောင်းသားက ကျောင်းတက်ရင် ကျောင်းစရိတ်ပဲ ကုန်မယ်။ ကျူရှင်ယူရင် ကျူရှင်စရိတ်ပဲ ကုန်တယ်။ အခုက ကျောင်းက မတက်မနေရဆိုတော့ ကျူရှင်လည်း မယူလို့က မဖြစ်ဆိုတော့ စရိတ် (၂) ခါကုန်တယ်” ဟု ပညာရေးသုတေသန အကြီးတန်း အရာရှိက ပြောသည်။

ပညာသင်စရိတ် မတတ်နိုင်ခြင်း၊ လုံလောက်သည့် ပညာသင်ကြားချိန် မရှိခြင်းကြောင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ အထက်တန်းကျောင်းပေါင်း (၂,၀၀၀) ကျော်ရှိသည့်အနက် (၁၀) တန်းကျောင်းသား အောင်ချက် (၅၀) ရာခိုင်နှုန်းကျော်သော ကျောင်းပေါင်း (၇၀၀) ခန့်သာ ရှိတော့ကြောင်း သိရသည်။

(၁၀) တန်းအောင်ချက် ရာခိုင်နှုန်းသည် ပြင်ပဖြေများ ပိတ်ပင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး နှစ်စဉ် (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု ပညာရေးသုတေသနဌာနမှ သိရသည်။


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook