ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဓာတ်ဆီနှင့် ဒီဇယ်ဆီများ မြန်မာဘက်သို့ နေ့စဉ် တရားမ၀င် တင်သွင်းနေ
ရဲရင့်/ ၂၉ ဒီဇင်ဘာ ၂၀၀၉

line

 

နယ်စပ်ဒေသတို့မှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများကို မြန်မာကုန်သည်များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် မြန်မာဘက်သို့ နေ့စဉ် လီတာ (၁) သိန်းခွဲခန့် တရားမ၀င် တင်သွင်းလျက်ရှိသည်။

မြန်မာကုန်သည်တဦးက “ရန်ကုန်မှာ အစိုးရသွင်းတာနဲ့ ဒီနယ်စပ်က သွင်းတာက ဈေးကအတော်ကို ကွာတယ်။ ထိုင်းဘက်က ဆီတွေကို (၂၂) ဘီးကားတွေနဲ့ နယ်စပ် ကမ်းနဖူးအထိ လာပို့တယ်။ တစီးကို ဆီလီတာ(၄) သောင်းပါတယ်။ တနေ့ သုံးလေးစီး ပုံမှန်ဝင်တယ်။ ထိုင်းဘက်ခြမ်း ထာ့အာဂိတ်ကနေ မြ၀တီဘက်မှာရှိတဲ့ (၉၉၉) ဒီကေဘီအေဂိတ်က ပိုက်သွယ်ပြီး မြန်မာဘက်ကို ပို့တာဖြစ်တယ်” ဟု ပြောသည်။

ထိုင်းဆီများကို ၀ယ်ယူရာတွင် ထိုင်းဘက်၌ ပြဿနာမရှိသော်လည်း မြန်မာဘက်ရှိ အာဏာပိုင်အဖွဲ့များနှင့် နားလည်မှုယူကာ ကားကြီးကားငယ်များဖြင့် မြန်မာနိုင်ငံအတွင်းပိုင်းသို့ လီတာ (၂၀၀) ဆံ့သည့် ဆီပေပါများ အသုံးပြုကာ သယ်ဆောင်ကြရသည်ဟု ၎င်းက ပြောသည်။

ယခင်က တနေ့လျှင် ကားတစီးစာ လီတာ (၄) သောင်းခန့်သာ တင်သွင်းနေရာမှ ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ဈေးကွက်လိုအပ်ချက်အရ နေ့စဉ် ဆီလီတာ (၁) သိန်းခွဲခန့် ပိုမိုတင်သွင်းရခြင်းဖြစ်သည်ဟု ဆီကုန်သည်တဦးက ပြောသည်။

၎င်းက “နယ်စပ်က ၀င်တဲ့ဆီက အစိုးရရောင်းတဲ့ဈေးနဲ့ ပိုပြီးသက်သာတယ်။ လိုချင်သလောက်လည်းရတော့ သူ့ဈေးကွက်က ခိုင်တယ်။ မြ၀တီကနေ အောက်ဆင်းတဲ့ အရပ်သားကား၊ အစိုးရကား ဘယ်ကားမဆို တနိုင်တပိုင်တော့ ယိုးဒယား ဆီကို အခကြေးငွေယူပြီး သယ်ကြတာပဲ။ စစ်တပ်ကကားတွေဆိုရင် ပုတ်ပြတ်နှုန်းနဲ့ကို သယ်တာ၊ ဒီကေဘီအေလည်း ဒီလိုပဲ” ဟု ပြောသည်။

ကရင်ပြည်နယ်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ တရားမ၀င် ရောင်းချနေသူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း နယ်စပ် မြ၀တီမှတဆင့် ဘားအံ-မော်လမြိုင်-ရန်ကုန်အထိ တရက်ခြားပြေးဆွဲနေသည့် ဆီတင်ကားများမှာ မည်သည့်အစစ်အဆေးမှမရှိဘဲ ပြေးဆွဲနေသည်ဟု ရွှေမြန်မာ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook