ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

အိမ်မဲလယ်သမားများ ပုဂ္ဂလိက မြေသြဇာဖိုးမပေးနိုင်
မြင့်မိုးဇော်/ ၂၄ ဒီဇင်ဘာ ၂၀၀၈
line

 


ရွှေသီးနှံဓာတ်မြေသြဇာရောင်းချရေးကုမ္ပဏီက အာဏာပိုင်များနှင့်ပူးပေါင်းကာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ်တွင်းရှိ လယ်သမားများထံမှ ဓာတ်မြေသြဇာဖိုးငွေ အဓမ္မ လိုက်လံကောက်ခံနေခြင်းကြောင့် လယ်သမားများ အခက်ခဲနှင့် ကြုံနေကြရကြောင်း စုံးစမ်းသိရသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးစိုက်ပျိုးချိန်က ရွှေသီးနှံဓာတ်မြေသြဇာရောင်းချရေးကုမ္ပဏီမှ ၎င်းတို့ကုမ္ပဏီမှထုပ်လုပ်သည့် ဓာတ်မြေသြဇာများအား ဧရာဝတီတိုင်း အိမ်မဲမြို့နယ်အတွင်းရှိ တိုက်နယ်များမှ ရွာများဖြစ်ကြသော သီးကွင်းကျေးရွာအုပ်စု၊ တပေါင်းကျေးရွာအုပ်စုတို့မှ လယ်သမားများအား ရွှေသီးနှံကုမ္ပဏီတာဝန်ခံ ဦးမြကြီးက ၎င်းတို့ကုမ္ပဏီက ထုပ်လုပ်သော ဓာတ်မြေသြဇာများကို လယ်သမားများအား စမ်းသပ်သုံးကြည့်စေခဲ့သည်။ သီးနှံအထွက်တိုးရန် အာမခံသည့်အပြင် အထွက်မတိုးပါက ဓာတ်မြေသြဇာဖိုး ပေးရန်မလိုဆိုသည့် အာမခံချက်ဖြင့် လယ်သမားများအား ရောင်းချခဲ့သည်ဟု လယ်သမားများက ပြောသည်။

ယခုအခါ သီးနှံများမှာ အထွက်နှုန်းတိုးမလာဘဲ ကျဆင်းခဲ့သောကြောင့် လယ်သမားများအနေဖြင့် ၎င်းတို့ဝယ်ယူထားသော ဓာတ်မြေသြဇာတန်ဖိုးငွေကို ပေးသွင်းနိုင်ခြင်းမရှိကြောင်း ဒေသခံတဦးက ပြောသည်။

သို့သော် ၎င်းရွှေသီးနှံကုမ္ပဏီတာဝန်ခံဦးမြကြီးက ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းကာ တောင်သူ လယ်သမားများထံမှ ဓာတ်မြေသြဇာဖိုးငွေများကို အတင်းအဓမ္မလိုက်လံကောက်ခံခဲ့သဖြင့် လယ်သမားများ အခက်တွေ့နေရသည်။

အဆိုပါကိစ္စအား အတည်ပြုနိုင်ရေးအတွက် ရွှေသီးနှံကုမ္ပဏီတာဝန်ခံအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရဘဲဖြစ်ခဲ့သည်။ ထို့ကြောင့် အိမ်မဲမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်ကြီးအား မေးမြန်းခဲ့ရာ ၎င်းကိစ္စမှာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်သူ လယ်သမားများအနေဖြင့် အဆိုပါကိစ္စအား မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့လည်း အသိပေး တိုင်ကြားစာပို့ထားကြောင်း ပြောကြားခဲ့သည်။

ယခုအခါတွင် အိမ်မဲမြို့ နယ်အတွင်း တိုက်နယ်များမှ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့ဝယ်သူထားသည့် ဓာတ်မြေသြဇာဖိုး ကျသင့်ငွေများ ပေးသွင်းနိုင်ခြင်းမရှိသည့်အတွက် မည်သည့်နေ့တွင် အဖမ်းခံရတော့မည်လည်းဟု စိုးရိမ်နေကြကြောင်း သိရှိရသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo