ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

မြ၀တီမြို့မှာ လောင်းကစားဝိုင်းကြီးတွေ များလာ
NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၈
line

 


မြဝတီခရိုင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီမြို့တွင် ဘာသာရေးကို အကြောင်းပြ၍ ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားပွဲမျိုးစုံကို ပြုလုပ်လာခဲ့သည်မှာ (၁၅) ရက်ခန့်ရှိပြီး ရာဇ၀တ်မှုများ သိသိသာသာ များလာသည်ဟု မြို့ခံများက ပြောသည်။

မြဝတီမြို့အမှတ် (၃) ရပ်ကွက်ရှိ ဓမ္မရန်အောင် ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန်နှင့် ဘုရားတည်၊ ကျောင်း ဆောက်ရန် အလှူငွေရရှိရေးအတွက် ဒေသခံအာဏာပိုင်များက (အာဝါဒေး) ပွဲပြုလုပ်ရန် ပြီးခဲ့သည့် (၁၅) ရက်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ညစဉ် သောင်းနှင့်ချီသည့် လောင်းကစားသမားများ ပွဲတော်တွင်း လာရောက်ကာ လောင်းကစားပြုလုပ်ကြသည်။

မြဝတီမြို့ခံတဦးက “ဒီနေ့ပါဆို (၁၅) ရက်ရှိပြီ။ ဓမ္မရန်အောင်ကျောင်းအတွက် အလှူငွေလိုတော့ ခရိုင်လူကြီးတွေ က နားလည်မှုနဲ့ (အာဝါဒေး) ပွဲ ကျင်းပခွင့် တလပေးတယ်။ မြန်မာဇာတ်အဖွဲ့ (၅) ဖွဲ့၊ တဖွဲ့ကို (၃) ညနှုန်းနဲ့ ကတာ အခုဆိုရင် (၁၅) ရက်ရှိပြီ၊ လောင်းကစားကတော့ အစုံပဲ။ အနီထောင်၊ ကာလာခွဲ၊ အန်ဂလုံ၊ ရွှေဘောလုံး၊ ကွန်ပျူတာဆယ်ဆ ကစားနည်း မျိုးစုံပဲ။ နိုင်တဲ့လူရှိသလို ရှုံးတဲ့လူလည်းအများကြီးပဲ။ တချို့ဆို ပွဲလာတာ ဆိုင်ကယ်နဲ့လာတယ်၊ ပြန်တော့ ဆိုင်ကယ် မပါတော့ဘူး။ ကစားတာရှုံးလို့ သူများကို ပေးလိုက်ရတယ်။ ပွဲလုံခြုံ ရေးကိုတော့ ဒီကေဘီအေက တာဝန်ယူပေးတယ်။ အကျိုးဆက်ကတော့ မြဝတီနယ်မှာ ဂျပိုးသူခိုးတွေ များလာ တယ်။ အာဏာပိုင်တွေကိုယ်တိုင်က ခွင့်ပြုတော့ ဘယ်သူမှမပြောရဲဘူး” ဟု ပြောသည်။

အဆိုပါကစားဝိုင်းများသို့ လူကြီးလူငယ်၊ ကျားမ မရွေး လာရောက်ကစားကြပြီး ကျောင်းသူကျောင်းသားများ လည်း လူကြီးများနည်းတူ လာရောက်ကစားကြသောကြောင့် မိဘအများစုမှာ သားသမီးများအတွက် ရတက် မအေး ဖြစ်ကြရသည်ကို မြဝတီကမ်းနားတွင် စက်လှေမောင်းသူတဦးက “ပွဲက လဝက်လောက်ရှိပြီ။ ကလေး တွေလည်း ပြောမရဆိုမရနဲ့ တချို့ဆို အိမ်ကပစ္စည်းခိုးရောင်းပြီး သွားကစားတာတွေလည်း အများကြီးပဲ။ တခု သေချာတာကတော့ မြဝတီမှာ ဒီလိုပွဲမျိုးလုပ်ရင် သူခိုးပေါမယ်၊ စက်ဘီးပျောက်မယ်၊ ဆိုင်ကယ်ပျောက်မယ်၊ ဒါကတော့ ပုံမှန်ပဲ။ ကျနော့်သားဆိုရင် ဘယ်လိုမှပြောလို့မရဘူး ညတိုင်းသွားတယ်။ ဒီလိုပွဲမျိုးကတော့ မလုပ် စေချင်ဘူး” ဟု ပြောသည်။

ဓမ္မရန်အောင်ကျောင်းတွင် ကျင်းပပြုလုပ်သည့် အာဝါဒေးပွဲတော်နှင့်ပတ်သက်၍ မြဝတီခရိုင် သံဃနာယက ဥက္ကဋ္ဌ ကိုးနဝင်းကျောင်းဆရာတော် ဦးဇောတိပါလက “ဓမ္မရန်အောင်ကျောင်းမှာ ပွဲလုပ်တာတော့သိတယ်။ ဘာပွဲလည်းတော့ ဘုန်းကြီးလည်း မသိသေးဘူး။ ဘုန်းကြီးလည်း အခုမှ ခရီးသွားရာက ပြန်ရောက်တယ်” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

ဒေသခံအာဏာပိုင်များက အာဝါဒေးပွဲများကို မြဝတီမြို့တွင်း ကျင်းပခွင့်မပြုဘဲ မြဝတီမြို့ပြင်ရှိ ဒီကေဘီအေအခြေချရာ စခန်းများနှင့် ၎င်းတို့ ကြီးစိုးရာ နေရာဒေသများတွင်သာ ကျင်းပကြသော်လည်း ယခုကျင်းပသည့်ပွဲသည် မြဝတီမြို့၏ အမှတ် (၃) ရပ်ကွက်ထဲတွင် ကျင်းပခွင့်ပြုသဖြင့် ဒေသခံများကြားတွင် အာဏာပိုင်များ၏ လုပ်ရပ်ကို နားမလည်ဖြစ်ကြရသည်ဟု မြို့ခံတဦးက ဆိုသည်။

လောင်းကစားဝိုင်းတဝိုင်းလျှင် တညတာဝိုင်းကြေးအဖြစ် (၁) သိန်းမှ (၅) သိန်းအထိ ပွဲတော်ကျင်းပရေးအဖွဲ့သို့ အလှူငွေပေးဆောင်ရသည်။ လောင်းကစားဝိုင်းကြီးများမှာ (၁၀) ဝိုင်းခန့်ရှိပြီး ဝိုင်းအသေးများမှာလည်း အများ အပြားရှိသည်။

အာဝါဒေးပွဲတွင် လာရောက်ကပြသည့် မြန်မာဇာတ်သဘင်အဖွဲ့တခုမှ မင်းသားကြီးတဦးက “ကျနော်တို့ ကရင်ပြည်နယ်မှာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကစပြီး မြန်မာဇာတ်အဖွဲ့နဲ့ ကရင်ဇာတ်အဖွဲ့တွေ အားလုံးပေါင်း အဖွဲ့ (၁၅) လောက် ရှိတယ်။ ဒါကလည်း ဒီကေဘီအေပေါ်ပြီးတဲ့နောက်မှာ သူတို့ကို လောင်းကစားပွဲတွေ လုပ်ခွင့်ပေး တော့ ဟန်ပြအနေနဲ့ ဇာတ်အဖွဲ့ကို မိုးအလင်းကပြခိုင်းတယ်။ ကရင်ပြည်နယ်တကြောမှာ ဒီကေဘီအေက သူတို့ ရန်ပုံငွေရဖို့ အာဝါဒေးပွဲလုပ်တော့ အာဝါဒေးပွဲတွေရဲ့ တောင်းဆိုချက်အရ ဇာတ်အဖွဲ့တွေလည်း များလာတာဖြစ် တယ်။ ကျနော်တို့ဇာတ်ကို မိုးအလင်းကပေမယ့် ကြည့်တဲ့လူတွေကတော့ ကြက်ဝိုင်းသာသာလောက်ပဲရှိတယ်။ ညကြေးတော့ အပြည့်ပေးပါတယ်။ ဖေတော့၊ မောင်တော့နဲ့ပဲ မိုးလင်းအောင် ဟန်ပြကပေးရတာပဲရှိတယ်။ အဓိက လောင်းကစားပွဲဖြစ်ဖို့ ကျနော်တို့က အဖြည့်ခံတွေပါ” ဟု ပြောသည်။

အဆိုပါ မင်းသားကြီးကပင် လာမည့် (၂၇) နေ့တွင်ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် လည်း ဒီကေဘီအေအဖွဲ့က ၎င်းတို့ဇာတ်အား ကပြရန် ငှားရမ်းထားပြီး အာဝါဒေးပွဲနှင့်အတူ အနည်းဆုံး (၅) ည ကပြရန်ရှိသည်ဟု ဆက်လက်ပြောကြားသည်။

လောင်းကစားနှင့် ပျော်ပွဲရွှင်ပွဲကို အခြေခံသည့် အာဝါဒေးပွဲကို ဒီကေဘီအေအဖွဲ့စတင်ပေါ်ပေါက်သည့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်တောရွာများတွင် ရန်ပုံငွေပွဲ အဖြစ် နေရာဒေသအနှံ့ ကျင်းပကြသဖြင့် အာဝါဒေးနှင့် ဒီကေဘီအေသည် ဖွားဖက်တော်ဖြစ်သည်ဟု ကရင်ပြည် နယ်မှ အထင်ကရ ကရင်ဘုန်းတော်ကြီးတပါးက မိန့်ကြားခဲ့ဖူးသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook