ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

အပစ်ခတ်ရပ်စဲရေး ဆက်ထိန်းသွားလိုကြောင်း မွန်ပြည်သစ် ပြောကြား
ဝီရ/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့်နောက်ပိုင်း နအဖစစ်အစိုးရနှင့် တင်းမာမှု ပိုများလာခဲ့ပြီး ရရှိထားသည့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားရန် နအဖစစ်အစိုးရ၌ တာဝန်ရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က “နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတာကြောင့် နအဖနဲ့ ကျနော်တို့ပါတီအကြားမှာ တင်းမာမှုတွေ ပိုများလာတယ်။ ဒါပေမယ့် စစ်ရေးအရ ဖိအားပေးတာမျိုး ရှိခဲ့ရင်တော့ ကျနော်တို့ဘက်ကလည်း ပြန်ကာကွယ်ရလိမ့်မယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ဘက်က စဖျက်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် ဒါကို ထိန်းသိမ်းသွားဖို့က နအဖဘက်မှာလည်း တာဝန်ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတို့၏ လိုလားချက်အတိုင်း ပြန်လည်ပြင်ဆင်သုံးသပ်ခြင်းမရှိဘဲ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပခဲ့ပါက လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမည်မဟုတ်၍ ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ထောမွန်က ပြောကြားလိုက်သည်။

မွန်ပြည်သစ်ပါတီသည် နအဖစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်မှာ လာမည့် ဇွန်လတွင် (၁၅) နှစ် ပြည့်မည်ဖြစ်သည်။

မွန်ပြည်သစ်ပါတီက ဦးဆောင်၍ ဘုရားသုံးဆူမြို့အနီး ဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပခဲ့သည့် မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ နိုင်ထောမွန် အပါအဝင် ထိုင်းနိုင်ငံမှ မွန်ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်ခဲ့သည့် မွန်အမျိုးသားနေ့အခမ်းအနားများကို ပြည်ပရောက် မွန်အဖွဲ့အစည်းတို့ကလည်း ကျင်းပခဲ့ကြပြီး ပြည်တွင်းရှိ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့က ဦးဆောင်သည့် ဗဟိုအခမ်းအနားကို မွန်ပြည်နယ် ရေးမြို့နယ်ရှိ လမိုင်းမြို့တွင် အလားတူ ကျင်းပခဲ့ကြသည်။

မွန်ဘုရင် သမလ၊ ဝိမလ ညီနောင်တို့ ဟံသာဝတီ နေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆၊ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo