ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ပို့ကုန်မှရသည့် ဒေါ်လာငွေဈေးနှုန်း၊ ပုံမှန်ထက်မြင့်တက်
ခိုင်လင်း/ ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

မကြာသေးမီရက်ပိုင်းမှစ၍ ပို့ကုန်မှရသည့် ဒေါ်လာ (အန်နင်) ငွေဈေးနှုန်းမှာ ရိုးရိုးဒေါ်လာနှင့် ဈေးကွာဟမှု ကျပ် (၉ဝ) ဝန်းကျင် ရှိနေပြီး အမြတ်ခွန်ပါ ထည့်တွက်ပါက ကျပ် (၁၄ဝ) ဝန်းကျင်အထိ ဈေးပေါက်နေသည်။

ယခင်က အန်နင်ဒေါ်လာဈေးနှင့် ပြင်ပဒေါ်လာပေါက်ဈေးမှာ ပုံမှန်အားဖြင့် ကျပ် (၃ဝ၊ ၄ဝ) ဝန်းကျင်သာ ကွာဟမှုရှိနေပြီး ယခုအခါ အန်နင်ဈေးမှာ ပုံမှန်ထက် မြင့်တက်နေသည်ဟု တရုတ်-မြန်မာ နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “အခုဒေါ်လာဈေးက (၁,ဝ၂ဝ) ရှိတယ်။ အန်နင်က (၁,၁၁ဝ) ရှိတယ်။ (၉ဝ) လောက် ဟသွားတယ်။ အဲဒီမှာ ကုမ္ပဏီတွေက (၅ဝ) ထည့်ပေါင်းရသေးတယ်။ အမြတ်ခွန် တနှစ်ရှင်းတမ်းအတွက် တဒေါ်လာ ကျပ် (၅ဝ) ရှိတယ်။ ဆိုတော့ ကျပ် (၁၄ဝ) ကျော်လောက် ခုန်သွားတယ်။ ပုံမှန်ထက် ခုန်တက်သွားတယ်” ဟု ပြောသည်။

ဓာတ်ဆီ၊ ဒီဇယ်နှင့် မော်တော်ကားများကို အန်နင်ဖြင့် သွင်းခွင့်ပြုနေသဖြင့် ဈေးကွက်တွင် အန်နင်ဝယ်လိုအား မြင့်တက်လာ၍ ယခုကဲ့သို့ ဈေးကောင်းလာခြင်းလည်းဖြစ်ပြီး ရိုးရိုးသွင်းကုန်လုပ်ငန်းရှင်များကလည်း ဈေးမြင့်ဖြင့်ဝယ်ပြီး ကုန်စည်သွင်းနေရ သဖြင့် ကုန်ဈေးနှုန်းများပါ တက်လာရကြောင်း အဆိုပါကုန်သည်က ပြောသည်။

၎င်းက “ဆီတွေက အရင်က အက်ဖ်အီးစီနဲ့ သွားရင်သွား၊ ဒါမှမဟုတ်လည်း စွမ်းအင်နဲ့ အကျိုးတူ သွားရင်သွား၊ အခုတော့ အန်နင်နဲ့ သွားရမယ်ဆိုတော့ အခုလို ဈေးခုန်သွားတာပေါ့။ ဦးတေဇနဲ့ ဦးပိုင်တို့က အဓိက ဆီတွေ၊ စားအုန်းဆီတွေ၊ မော်တော်ကားတွေ အဓိက သွင်းနေတာ။ သူတို့က အန်နင် လိုက်ဝယ်တာတွေလည်း ရှိတယ်၊ အရင်ကတော့ အဲလိုမရှိတော့ ကွာဟာမှုက သိပ်မကြီးဘူး။ အခုတော့ Demand (ဈေးကွက်တောင်းဆိုမှု) အရ သွင်းကုန်သမားတွေလည်း ဈေးမြင့်ပေး ဝယ်နေရတော့ ကုန်ပစ္စည်းအပေါ် ဈေးတက်ရမှာပဲ။ နောက်ဆုံး စားသုံးသူ လူထုပဲ အဲဒီအတွက် ခံရတယ်” ဟု ပြောသည်။

အက်ဖ်အီးစီမှာလည်း ၁၉၉ဝ ကျော်ကာလ စတင်ထုတ်ဝေကတည်းကစ၍ ဒေါ်လာငွေဈေးအောက်တွင်သာ ရှိနေရာမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက်မှစ၍ ဒေါ်လာဈေးထက် (၁ဝ) ကျပ်ဝန်းကျင်အထိ မြင့်တက်နေသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook