ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အောင်လံမှ လယ်သမားများ ပြစ်ဒဏ်လျှော့ လွှတ်မိန့်ကျ
စိုးမိုး/ ၁၈ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

စစ်အစိုးရ သိမ်းဆည်းခဲ့သည့် လယ်ယာမြေ ပြန်လည်ရရှိရန် အိုင်အယ်အိုနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သော မကွေးတိုင်း အောင်လံမြို့မှ လယ်သမား (၁၁) ဦးကို စစ်အစိုးရက ပိုင်နက်ကျူးလွန်မှု အကျိုးဖျက်ဆီးမှုတို့ဖြင့် ပြစ်ဒဏ်ချထားရာမှ (၁၀) ဦးကို မူလပြစ်ဒဏ်ကို လျှော့ပြီး လွှတ်မိန့်တရပ် တရားရုံးက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

သရက်ထောင်တွင် မူလ ထောင်ဒဏ် အနည်းဆုံး (၉) လမှ အများဆုံး (၄) နှစ်ခွဲအထိ အကျဉ်းကျခံနေရသည့် လယ်သမား (၁၁) ဦးမှ (၁၀) ဦးကို ထောင်ဒဏ် (၄) လ ပြစ်ဒဏ် ပြောင်းလဲချမှတ်လိုက်ပြီး ပြစ်ဒဏ်ရက်စေ့သည့် ယမန်နေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က လွှတ်မိန့်ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

“တရားရုံးက လွှတ်မိန့်ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် လွှတ်မိန့်က ထောင်ကို မရောက်သေးတော့ လွှတ်ဝရမ်းရောက်မှ ထောင်က ထုတ်ပေးမှာကိုး။ ဒီနေ့ ရောက်မယ်ဆိုရင် သရက်ထောင်က ဒီနေ့ ထုတ်ပေးမယ်။ ဒီနေ့ မရောက်ရင်တော့ ထုတ်ပေးစရာမရှိဘူးပေါ့” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောကြားသည်။

စစ်တပ် အကျိုးစီးပွားဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၂၀၀၈ ခုနှစ်တွင် အောင်လံဒေသခံများထံမှ လယ်ယာဧက (၂,၀၀၀) ကို သိမ်းယူပြီး ကြံစိုက်ခဲ့သည့်အတွက် ကာယကံရှင်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) သို့ တိုင်ကြားခဲ့သည်။

၂၀၀၉ ခုနှစ် မတ်လတွင် စစ်အစိုးရ တရားရုံးက ပိုင်ရှင်တောင်သူများကို လယ်ယာများ ပြန်လည် လုပ်ပိုင်ခွင့်ပေးခဲ့သည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် လယ်ပိုင်ရှင် လယ်သမားများက မိမိပိုင် လယ်ယာတွင် ကျူးကျော် စိုက်ပျိုးထားသော ကြံခင်းများကို ရှင်းလင်းပြီး လယ်ယာ ပြန်လည်လုပ်ကိုင်ခြင်းကြောင့် ကြံခင်းစိုက်ပျိုးသူ စီးပွားရေး ဦးပိုင်လီမိတက်က အဆိုပါ လယ်သမားတို့ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် စစ်အစိုးရ တရားရုံးသို့ တိုင်ကြားခဲ့သည်။

ထို့နောက် စစ်အစိုးရ မကွေးတိုင်းတရားရုံးက အောက်တိုဘာလ (၁၆) ရက်နေ့တွင် အဆိုပါ လယ်သမား (၁၁) ဦးကို ထောင်ဒဏ် (၉) လမှ (၄) နှစ်ခွဲအထိ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။

“အခု လွှတ်ဝရမ်းက တရားဥပဒေအရ ဆီလျော်မှုရှိတယ်။ တရားရုံးက (၄) လကို ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်တယ်ဆိုပြီး လွှတ်ဝရမ်း ထုတ်လိုက်တာကိုး။ မအေးဝင်းတယောက်တော့ ကျန်လိမ့်မယ်။ သူက (၄) နှစ်နဲ့ (၉) လဆိုတော့” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောကြားသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook