ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ယာဉ်အပိုပစ္စည်း အခွန်စည်းကြပ်ရာတွင် ပြင်ပဒေါ်လာပေါက်ဈေးသတ်မှတ်
ခိုင်လင်း/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ပြည်ပမှတင်သွင်းနေရသည့် ယာဉ်အမျိုးမျိုးနှင့် စက်ယန္တရားများ၏ အပိုပစ္စည်းများအား အခွန်စည်းကြပ်ရာတွင် ယခင် တဒေါ်လာ ကျပ် (၄၅ဝ) အစား ယမန်နေ့ကစ၍ ပြင်ပပေါက်ဈေးအတိုင်း ပြောင်းလဲသတ်မှတ်လိုက်သည်။

ကုန်သွယ်လုပ်ငန်းခွန်၊ အမြတ်ခွန်နှင့် အကောက်ခွန် ဟုဆိုကာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဒေါ်လာငွေဖြင့် အခွန်စည်းကြပ်ပြီး တဒေါ်လာ (၄၅ဝ) ကျပ်နှုန်းသတ်မှတ်ကာ ကျပ်ငွေဖြင့် အခွန်ပေးဆောင်နေခဲ့ရာမှ လက်ရှိ ပြင်ပပေါက်ဈေးအတိုင်း ပေးဆောင်ရန် သတ်မှတ်လိုက်သည်ဟု သွင်းကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ဇိမ်ခံကား၊ လိုက်ထရပ်ကား၊ ကုန်တင်ကား၊ မြေထိုးစက်အားလုံးပေါ့၊ ယာဉ်အားလုံးရဲ့ အပိုပစ္စည်းတွေကို ပြင်ပပေါက်ဈေးအတိုင်း သတ်မှတ်လိုက်တာ။ ကားဘက်ထရီတို့၊ တာယာတို့၊ မီးသီးတို့၊ မှန်တို့ အပိုပစ္စည်းတွေ အားလုံး ပြင်ပပေါက်ဈေးအတိုင်း အခွန်ဆောင်ရမယ်။ မနေ့က ရန်ကုန်ဆိပ်ကမ်းကနေ စသတ်မှတ်လိုက်တယ်” ဟု ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ မော်တော်ယာဉ်များတင်သွင်းခွင့်ကို ပို့ကုန်မှရရှိငွေ (Earning) ရှိသည့် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်ချပေးခဲ့ပြီး အခွန်စည်းကြပ်ရာ၌ ကျပ် (၄၅ဝ) အစား ပြင်ပပေါက်ဈေးဖြင့် အခွန်ဆောင်ကြရာမှ ယခုကဲ့သို့ ယာဉ်အပိုပစ္စည်းများကိုလည်း အလားတူ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။

၎င်းက “နှစ်စကတော့ ယာဉ်သီးသန့်ပဲ ပြင်ပပေါက်ဈေးနဲ့ ပေးဆောင်ရတယ်။ အခုက အပိုပစ္စည်းတွေကို အရင်က (၄၅ဝ)၊ အခုက (၁,ဝဝဝ) ကျော်ဆိုတော့ (၁) ဆကျော် အခွန်တက်လာတာပေါ့။ သတ်မှတ်ထားတဲ့ အခွန်ရာခိုင်နှုန်းတွေက မပြောင်းဘူး။ အရင်အတိုင်းပဲ။ ဒါပေမယ့် ဒေါ်လာတန်ဖိုးကို ဈေးမြင့်လိုက်တာဆိုတော့ အခွန်တိုးကောက်သလိုဖြစ်နေတာ” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေး (နကသ) မှတဆင့် သွင်းကုန်ပစ္စည်းများ တင်သွင်းရာတွင်လည်း နေပြည်တော်ရှိ နကသရုံးချုပ်က သတ်မှတ်ထားသည့် ယခင်ကုန်ဈေးနှုန်းများကို မကြာသေးမီက တိုးမြှင့်သတ်မှတ်လိုက်သည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သည်တဦးက ပြောသည်။

၎င်းက “ကုန်ပစ္စည်းတန်ဖိုးတွေကို ဈေးမြှင့်လိုက်တာ။ လိုင်စင်လျှောက်တဲ့ခါ ကိုယ်သွင်းလာမယ့်ပစ္စည်းရဲ့ တန်ဖိုးကို နေပြည်တော်က သတ်မှတ်ထားတယ်။ အဲဒီဈေးနှုန်းအချက်အလက်တွေကို Data Base လို့ ခေါ်တယ်။ အဲဒီထဲမှာ ဖော်ပြထားတဲ့ သွင်းကုန်ပစ္စည်းတွေ အားလုံးကို ဈေးမြှင့်လိုက်တာ။ သဘောက ပစ္စည်းတခု ဒေါ်လာ (၇ဝ) တန်တယ်ဆိုပြီး သတ်မှတ်ထားတယ်၊ အဲဒါကို (၇၅) ဒေါ်လာဆိုပြီး သတ်မှတ်လိုက်တာ။ တဖက်နိုင်ငံထဲမှာ ဈေးတက်လို့ လိုက်တက်တာ မဟုတ်ဘူး။ နေပြည်တော်က နေရင်းထိုင်ရင်း လိုက်တက်နေတာ။ ကုန်သည်က ပိုအခွန်ဆောင်ရတာပေါ့ဗျာ” ဟု ပြောသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo