ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ကေအိုင်အိုတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော် စတင်ကျင်းပ
ပေါက်ပေါက်/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် (၄၉) နှစ်မြောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အတွင်းရှိ ကေအိုင်အို တပ်မဟာ (၁) ၌ ယနေ့ စတင်ကျင်းပသည်။

ဧရာဝတီမြစ်ဆုံ အထက်ပိုင်း၊ မေခနှင့်မလိမြစ်အကြား ကေအိုင်အိုတပ်မဟာ (၁) ဌာနချုပ်ရှိရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွန်းလကျေးရွာတွင် မနောပွဲဖြင့် ယနေ့နံနက်ပိုင်းက စတင်ခဲ့ပြီး တော်လှန်ရေးနေ့တွင် စစ်ရေးပြ ချီတက်အခမ်းအနားနှင့် လူထုစည်းဝေးပွဲများ ကျင်းပရန်ရှိသည်ဟု ကေအိုင်အို ဆက်ဆံရေးရုံးနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “ဒီမြစ်ကြီးနားကလည်း သွားကြတယ်။ နီးစပ် နီးစပ်ရာတွေပေါ့။ ယဉ်ကျေးမှုအဖွဲ့တွေကိုလည်း ဖိတ်ထားတယ်။ မီးရထားသံလမ်းရိုး တလျှောက်ကလည်း တက်ကြမယ်။ မြစ်ကြီးနားကနေ မိုင် (၃ဝ) ကျော်လောက် ဝေးတယ်။ မော်တော်ကားလမ်း ပေါက်တယ်။ မြစ်ကြီးနားကနေ အထက် (၁ဝ) မိုင်ကျော်ရင် ကတ္တရာလမ်းမရှိဘူး။ လမ်းတော့ သိပ်မကောင်းဘူး” ဟု ပြောသည်။

ယမန်နှစ်က (၄၈) နှစ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့ အခမ်းအနားကို ကေအိုင်အို ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ရဟန်းသံဃာတော်များ၊ ကချင်ပြည်နယ်အတွင်းမှ ဒေသခံ တိုင်းရင်းသားများအပါအဝင် တရုတ်ပြည်ဘက်မှ ကချင်တိုင်းရင်းသားများ စုစုပေါင်း လူအင်အား (၁ဝ,ဝဝဝ) ဝန်းကျင်အထိ တက်ရောက်ခဲ့သည်။

ယခုနှစ်တွင် ကေအိုင်အိုဌာနချုပ်ရှိရာ တရုတ်နယ်စပ်နှင့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းသည့် ပြည်တွင်းတွင် တော်လှန်ရေးပွဲလုပ်နေသဖြင့် အခြား အပစ်ခတ်ရပ်အဖွဲ့များနှင့် တရုတ်ပြည်ဘက်မှ ကချင်တိုင်းရင်းသား ဧည့်သည်များ တက်ရောက်ရန် အခက်ခဲရှိနိုင်သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “ကားတော့ စီစဉ်ပေးတယ်။ ဒါပေမယ့် နယ်စပ်ဖြတ်ကျော်သွားရမယ့် တရုတ်ဘက်က လူတွေတော့ ခက်သွားမယ်။ လိုင်ဇာနဲ့ အခြားတပ်ရင်းတွေမှာတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် တော်လှန်ရေးပွဲတော့ လုပ်မှာပေါ့။ မနှစ်ကလို ဒီမှာတော့ မလုပ်တော့ဘူး။ ငြိမ်းချမ်းရေးယူတဲ့ ဖေဖော်ဝါရီ (၂၄) ရက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲလည်း လုပ်ဖို့ရှိတယ်။ အဲဒါက မြစ်ကြီးနားမြို့နယ်ထဲလောက် ကျမယ်၊ ကေအိုင်အေ တပ်ရင်း (၁၁) ဘက်မှာ မနောပွဲလုပ်ဖို့ ရှိသေးတယ်” ဟု ပြောသည်။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ဇော်တူး၊ ဇော်ဆိုင်း စသည့် ကချင်ကျောင်းသားလူငယ်များက ဦးဆောင်ကာ ကချင်တိုင်းရင်းသားတို့၏ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအား လက်နက်ကိုင်တော်လှန်သည်ကို အစွဲပြု၍ ဖေဖော်ဝါရီ (၅) ရက်နေ့ကို ကေအိုင်အိုတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း ဖြစ်သည်။

ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်တွင် နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ယမန်နှစ်၊ ဧပြီမှစ၍ အခြားသော အပစ်ရပ်အဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းပြောဆိုမှု ခံနေရပြီး ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အရ တန်းတူညီမျှရေးကို နအဖဘက်က လက်ခံလျှင် လက်နက်ကိုင်တော်လှန်ရေးစွန့်သွားမည်ဟု ကေအိုင်အိုဘက်က ပြောဆိုထားခဲ့သည်။

ယခုနှစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲအား ဖေဖော်ဝါရီ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ကျင်းပသွားရန်ရှိသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook