ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

အင်တာနက်နှေးကွေးမှု ရက်ကြာလာ၍ လုပ်ငန်းများထိခိုက်
NEJ/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ရန်ကုန်တွင် အင်တာနက် နှေးကွေးမှု ကြာရှည်လာသည့်အတွက် အင်တာနက်ကို မဖြစ်မနေအားကိုးနေရသော လုပ်ငန်းများစွာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“အဓိကကတော့ နိုင်ငံခြားနဲ့ချိတ်ပြီးလုပ်ရတဲ့ အလုပ်မျိုးတွေ ဒုက္ခရောက်မှာ။ လေယာဉ်လက်မှတ်အေးဂျင့်တွေ၊ နိုင်ငံခြား အလုပ်အေးဂျင့်တွေ ပြီးတော့ ကျနော်တို့လို အင်တာနက်ဆိုင်တွေပေါ့။ အခု ဒီနေ့နဲ့ဆို (၂) ရက်ရှိပြီ။ လိုင်းတော်တော်ကျနေတာ။ ဆိုင်မှာ ဂိမ်းဆော့တဲ့သူပဲ အားကိုးနေရတယ်” ဟု ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တခုတွင် အင်တာနက်ဆိုင် ဖွင့်ထားသူတဦးက ယနေ့ပြောကြားသည်။

အင်တာနက်မြန်နှုန်း ယခုကဲ့သို့ နှေးကွေးကျဆင်းမှုမှာ ပြီးခဲ့သည့် ဇန်န၀ါရီ နောက်ဆုံးပတ်က စတင်ဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပိုမိုဆိုးဝါးလာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသတင်းဂျာနယ်တခုတွင် ဘာသာပြန်လုပ်နေသူတဦးက “ကျနော် အင်တာနက် သတင်းတွေကို ဘာသာပြန်လုပ် ရတာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းရင် ဘာမှလုပ်လို့မရတော့ဘူး။ ခုလိုမျိုးဖြစ်နေရင် အခက်အခဲရှိတယ်။ ဆိုက်တခုကို ဖွင့်ရင် အနည်းဆုံး မိနစ် (၂၀) ဗျာ။ ဖွင့်တာရရင် အဆင်ပြေပြီလို့ ပြောလို့မရသေးဘူး။ ကြည့်ရင်းနဲ့ ကျသွားရော၊ စိတ်ညစ်ရတယ်” ဟု ပြောသည်။

အင်တာနက်ဆက်သွယ်မှု နှေးနေသည့်အတွက် နိုင်ငံရပ်ခြားတွင် နေထိုင်သော မိသားစုများနှင့် အင်တာနက်မှတဆင့် ဆက် သွယ်ကြသော မိသားစုများအနေဖြင့်လည်း အခက်တွေ့ရကြောင်း သိရသည်။

“အင်တာနက် ကွန်နက်ရှင် ရမယ် မရတော့ မသိဘူး။ မီးပျက်တာက များတော့လည်း လူတယောက် ရှိနေလည်း မီးစက်က မောင်းထားရတယ်။ ကဲ တွက်ကြည့်ပါတော့။ တဂါလန်ကို (၃,၂၀၀) ကျပ်လေ။ မီးပျက်ချိန်က များနေတာလေ” ဟု အနော် ရထာလမ်းပေါ် ရှိ အင်တာနက်ဆိုင်တဆိုင်မှ တာဝန်ခံက ပြောသည်။

ကွန်နက်ရှင် နှေးကွေးလေးလံနေရခြင်းမှာ BMF Server ပြုပြင်နေခြင်းကြောင့်ဖြစ်ကြောင်း သိရသော်လည်း မည်သည့်အတွက် ကြောင့် ပြုပြင်သည်ကိုမူ သိရှိရခြင်းမရှိကြောင်း ဆိုင်ဘာများက သိရသည်။

“ကျနော်တို့က မေးတယ်။ ဘာ့ကြောင့် ကွန်နက်ရှင် နှေးတာကိုပေါ့။ သူတို့ပြောပြချက်အရ ပြင်နေတယ်လို့ သိရတယ်။ ဘယ်တော့ ရမယ် မရဘူးဆိုတာတော့ သေသေချာချာ မပြောဘူး။ သူတို့ကိုယ်တိုင်ကလည်း မသိတာလို့ ပြောပါတယ်။ ဒါဆိုရင် ဘယ်လိုသုံးရင်ရလဲဆိုတော့လည်း မပြောတတ်သေးပါတဲ့။ ကျမတို့ ဆိုင်ဘာက MPT ရော၊ တယ်လီပို့ရော (၂) ခုလုံး လိုင်းယူ ထားတာ ဖြစ်တဲ့အတွက် တခုမရ တခုပေါ့လေ။ ဒါပေမယ့် အများစုက တယ်လီပို့ကိုပဲ ယူထားတာဖြစ်တဲ့အတွက် အများစု ဆိုင်ဘာတွေ မရကြဘူး။ ဒါနဲ့ပဲ စီးပွားရေး လုပ်နေသူတွေအတွက်ကတော့ ဘယ်လိုလုပ်ကိုက်တော့မလဲ။ တချို့ဆိုင်တွေ ပိတ်ထားရတယ်” ဟု ဘားလမ်းရှိ အင်တာနက်ဆိုင်တဆိုင်မှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက်လိုင်း ဝယ်ယူသုံးစွဲသူ (၆) သောင်းနီးပါးရှိကာ ရန်ကုန်တွင် ဆိုင်ဘာ စုစုပေါင်း (၄၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန၏ တရားဝင်စာရင်းများအရ သိရသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo