ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

မြန်မာများအား သတ်ဖြတ်သူများကို ဖမ်းဝရမ်းထုတ်
ရဲရင့်/ ၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

မြန်မာနိုင်ငံသားများကို အုပ်စုလိုက်သတ်ဖြတ်မှုတွင် ဦးဆောင်သည့် ထိုင်းရဲအရာခံဗိုလ် (၁) ဦးနှင့် ထိုင်းနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၁) ဦး အပါအ၀င် (၆) ဦးကို ထိုင်းရဲက ယနေ့ ဖမ်းဝရမ်းထုတ်ပြီး လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က မဲဆောက်မှ တောလမ်းအတိုင်း ဘန်ကောက်သို့သွားမည့် မြန်မာနိုင်ငံသား (၁၂) ဦးပါအဖွဲ့မှ (၉) ဦးကို မဲဆောက်မြို့မှ (၈၄) ကီလိုမီတာအကွာအဝေးခန့် နေရာရှိ ထိုင်းရဲဂိတ်တွင် ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို ငွေဖြင့် လာရွေးခိုင်းရာ လာရောက်ခြင်းမရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဦးဆောင်၍ ဒေသခံရွာသား (၅) ဦး ပူးပေါင်းပါဝင်ကာ မြန်မာ (၉) ဦးအား ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်း၌ ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းအမှတ် (၆) ရဲတိုင်းမှူးက ပြောသည်။

ရဲတပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရ မြန်မာများအား အုပ်စုလိုက်သတ်ဖြတ်မှုကို ဦးဆောင်သူမှာ ရဲအရာခံဗိုလ် စုံချိုင်းပင်ကယောက် ဖြစ်ပြီး ပူးပေါင်းပါဝင်သူများမှာ ဒေသခံ ထိုင်းနိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား (၁) ဦးဖြစ်ကြောင်း သိရသည်။

မြန်မာများအား ပစ်သတ်ပြီး ရက်ပိုင်းအတွင်း အဆိုပါ ရဲဂိတ်၏ ရဲကင်းမှူး ဖြစ်သူက မိမိကိုယ်မိမိ ဆွဲကြိုးချ အဆုံးစီရင်သွားသည် ဟုလည်း ရဲတိုင်းမှူးက ပြောသည်။

ဦးဆောင်သူ သေဆုံးသွားသဖြင့် ပူးပေါင်းပါဝင်သူ (၅) ဦးကို ယနေ့တွင် ထိုင်းရဲက ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးရာ အဆိုပါ လူ (၅) ဦးမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ယူဆရကြောင်း ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ဒေသခံသတင်းထောက်များကို ပြောကြားသည်။

အဆိုပါဒေသတွင် အမှတ် (၆) ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွှတ်ထားသည့် ရဲတပ်ကြပ်တဦးကိုလည်း ယမန်နေ့ညက အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က အမ် (၁၆) သေနတ်အမျိုးအစားများဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ရဲတပ်ကြပ် သေဆုံးမှုသည် မြန်မာများ သေဆုံးမှုနှင့် ပတ်သက်၍ ဆက်စပ်မှုရှိမရှိကို ဆက်လက်စုံစမ်းနေကြောင်း အမှတ် (၆) ရဲတိုင်းမှူးက ပြောကြားသည်။

အသတ်ခံရသည့်မြန်မာ (၉) ဦးထဲတွင် အလောင်း (၇) လောင်းသာရှာဖွေတွေ့ရှိပြီး ကျန် (၂) ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo