ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြင်းခြံမှ နိုင်ငံရေးအကျဉ်းသားအချို့ပျောက်ဆုံး
စိုးမိုး/ ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

မြင်းခြံမြို့နယ်မှ ဒေါက်တာဝင့်သူ အမှုတွဲတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စီရင်ချက်ချပြီး မည်သည့်ထောင်တွင် ထားသည်ကို မိသားစုက စုံစမ်းမရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မြင်းခြံနှင့် ကျောက်ပန်းတောင်း မြို့နယ်တို့မှ မတရားအသင်း၊ အီလက်ထရောနစ် အက်ဥပဒေတို့ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများထဲမှ အချို့မှာ စီရင်ချက်ချပြီး (၁) လကျော်အထိ မည်သည့်ထောင်တွင် ထိန်းသိမ်းထားသည်ကို မသိရှိရခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်ကတော့ ဒေါက်တာဝင့်သူ အမှုတွဲက (၂) ယောက်ကတော့ မြစ်ကြီးနားထောင်ရောက်တယ်။ မြင်းခြံက အဖွဲ့တွေ ဘယ်ထောင်ရောက်နေမှန်း မသိဘူး။ အိုးဘိုထောင်ကလည်း မပြောဘူး။ မိသားစု သွားမေးရင်လည်း ဟိုလိုလို သည်လိုလိုပဲ ပြောတယ်” ဟု ထောင်ဒဏ် (၃၅) နှစ် စီရင်ချက်ချခံရသူ ကိုသန်းထိုက်အောင်၏အဒေါ်က ပြောကြားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း မြင်းခြံမြို့က ဒေါက်တာဝင့်သူ အပါအ၀င် (၉) ဦးကို သံဃာ့သမဂ္ဂီ ဖွဲ့စည်းမှု ပြုလုပ်သည် ဆိုကာ စွဲချက်တင်ခဲ့ပြီး အီလက်ထရောနစ် အက်ဥပဒေ၊ ပုံနှိပ် အက်ဥပဒေ စသည်တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို မန္တလေးတိုင်း အိုးဘိုထောင်တွင် ထိန်းသိမ်းထားခဲ့ပြီး အိုးဘိုထောင်တွင်ပင် ရုံးထုတ် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ သို့သော် အိုးဘိုထောင်ကလည်း မည်သည့်ထောင်သို့ ပြောင်းရွှေ့သည် ဆိုသည်ကို မပြောကြားဟု သိရသည်။

မြင်းခြံမြို့မှ ကိုသန်းထိုက်အောင် အပါအ၀င် ဖမ်းဆီး တရားစွဲဆိုခံရသူ (၉) ဦးအား အနည်းဆုံးထောင်ဒဏ် (၁၄) နှစ်မှ အများဆုံး (၇၁) နှစ်အထိ အသီးသီးချမှတ်ထားခြင်းဖြစ်သည်။

ထိုသူများထဲမှ (၃) ဦးကိုသာ မည်သည့်ထောင်တွင် ထားကြောင်း သိရှိရသေးပြီး ကိုသန်းထိုက်အောင် အပါအ၀င် အခြားသူများကို လိုက်လံ စုံစမ်းမေးမြန်းနေရဆဲဖြစ်ကြောင်း သိရသည်။

“မိသားစုက ရုံးထုတ်တာတွေ ဘာတွေ ၀င်လို့ မရဘူး။ အဲတော့ ရှေ့နေနဲ့ပဲ လွှဲထားရတယ်။ စီရင်ချက်က ဒီဇင်ဘာ (၃၀) ချတယ်။ မိသားစုတွေကို ဘယ်ထောင်မှာ ထားတယ်ဆိုတာလည်း မပြောဘူး။ သတင်းလည်း မထုတ်ဘူး” ဟု ကိုသန်းထိုက်အောင်၏ အဒေါ်ဖြစ်သူ မငြိမ်းက ပြောကြားသည်။

အကျဉ်းဦးစီးဌာနမှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသဖြင့် အကျဉ်းသားမိသားစုများအနေဖြင့် နီးစပ်ရာ အကျဉ်းထောင် အသိုင်းအ၀ိုင်းတွင် လိုက်လံမေးမြန်း စုံစမ်းနေရကြောင်း သိရသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook