ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မကြေညာသည့် သွင်းကုန်ဈေးနှုန်းသစ်များကြောင့်
နယ်စပ်ကုန်သည်များ အခက်တွေ့

ခိုင်လင်း/ ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

သတ်မှတ်ဈေးနှုန်းအပြောင်းအလဲနှင့် ၀န်ကြီးဌာနထောက်ခံစာများကြောင့် နယ်စပ်ကုန်သွယ်ရေး (နကသ) မှတဆင့် သွင်းကုန်လိုင်စင်လျှောက်သူများသည် ကုန်သွယ်မှု ကမောက်ကမများ ကြုံတွေ့နေရသည်။

မကြာသေးမီရက်ပိုင်းကစ၍ သွင်းကုန်ပစ္စည်းတန်ဖိုးများကို ကြိုတင်ကြေညာခြင်းမရှိဘဲ တိုးမြှင့်ထားသဖြင့် နေပြည်တော်ရှိ နကသရုံးချုပ်၌ လိုင်စင်လျှောက်မှသာ ဈေးနှုန်းအပြောင်းအလဲရှိနေမှန်းသိရ၍ မိမိတို့တွင် ရှိနေသည့် ပြည်ပပို့ကုန်မှရငွေ (Earning) များဖြင့် ပြန်လည် ညှိနှိုင်းပြင်ဆင်နေရ၍ အချိန်ကြန့်ကြာမှုများ ဖြစ်နေရသည်ဟု တရုတ်-မြန်မာနယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “ပစ္စည်းတခုကို ဘယ်ဈေးနဲ့ သွင်းရမယ်ဆိုတာ ဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ EICC (ပို့ကုန်သွင်းကုန် ထိန်းချုပ်ရေး ကော်မတီ) နဲ့ နကသတို့က သတ်မှတ်ထားတယ်။ အဲဒီကုန်ဈေးနှုန်းစာရင်းကို Data Base လို့ခေါ်တယ်။ အဲဒီထဲက ကုန်ဈေးနှုန်းတွေအားလုံး တက်လိုက်တဲ့ခါကျတော့ လိုင်စင်သွားလျှောက်တဲ့ခါ ကိုယ့်မှာရှိတဲ့ အန်နင်တွေနဲ့ မကိုက်တော့ဘူး။ လျှော့သင့်တဲ့ဟာ လျှော့နဲ့ ပြန်ပြီး ပြင်ဆင်ရတယ်၊ တခါတလေ ကိုယ်က ကြိုဝယ်ထားပြီး လိုင်စင်လျှောက်ရတာလည်းရှိတော့ လုပ်ထားတာ ကမောက်ကမ ဖြစ်ကုန်တယ်။ အရင်က လိုင်စင်လျှောက်ရင် (၃) ရက်လောက်ပဲ ကြာတယ်၊ အခု (၁ဝ) ရက်လောက် ကြာသွားတယ်” ဟု ပြောသည်။

မော်တော်ကားအပါအဝင် သွင်းကုန်ပစ္စည်းအတော်များများ ဝန်ကြီးဌာန၏ ထောက်ခံစာ ရယူစရာ မလိုတော့ဘဲ လိုင်စင် လျှောက်နေရချိန်တွင် အမှတ် (၁) စက်မှုဝန်ကြီးဌာန၏ ထောက်ခံစာများကို ရက်သတ္တ တပတ်ကြာ စောင့်ဆိုင်းပြီး ယူနေရဆဲ ဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ပိတ်စတို့၊ စက်ဘီးအပိုပစ္စည်းတို့ သွင်းမယ်ဆိုရင် စက်မှု (၁) ရဲ့ ထောက်ခံစာ ယူရတုန်းပဲ။ မော်တော်ကားတောင် ဝန်ကြီးဌာနထောက်ခံစာ ယူစရာမလိုတော့တဲ့အချိန်မှာ သူ့ဆီမှာ ထောက်ခံစာယူရတယ်။ ကိုယ်သွင်းမယ့်ပစ္စည်းဟာ သူတို့ဝန်ကြီးဌာနက မထုတ်လုပ်နိုင်လို့ သွင်းတဲ့အပေါ်မှာ ကန့်ကွက်စရာမရှိကြောင်း ဆိုတဲ့ ထောက်ခံစာ။ အဲဒီမှာ အရာရှိထောက်ခံစာရဖို့ (၇) ရက် (၁) ပတ်လောက်စောင့်ရတယ်။ ဒါကလည်း သူတို့စက်မှု (၁) ကထွက်တဲ့ ပစ္စည်းတွေ ဝယ်ပြီးမှ ထောက်ခံစာ ရေးပေးတယ်” ဟု ပြောသည်။

၂ဝဝ၂ ခုနှစ် ဝန်းကျင်မှစ၍ အမှတ် (၁) စက်မှုဝန်ကြီးဌာန၏ ထောက်ခံစာကို ယနေ့အချိန်ထိ ယူနေရပြီး ထောက်ခံစာရရှိရန် ဆွေးမြေ့ပြီး ရောင်းမထွက်တော့သည့် ပိတ်စများ၊ မင်ယိုပြီး လူသုံးနည်းသည့် ဘောပင်များ၊ အရည်အသွေးညံ့သည့် တီရှပ်များကို အနည်းဆုံး ကျပ် (၅) သိန်းမှ သိန်း (၂ဝ) ဖိုးအထိ ဝယ်ပေးနေရသည်ဟု အဆိုပါ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။

ကုန်သွယ်မှု မြန်ဆန်ချောမွေ့ရေးအတွက် မလိုလားအပ်သည့် စည်းကမ်းများအား ရုပ်သိမ်းသင့်ကြောင်းနှင့် လိုင်စင်လျှောက်ရာတွင်လည်းကောင်း၊ ကုန်သွယ်ရေးစခန်းများ၌ အစစ်ဆေးခံယူရာတွင်လည်းကောင်း တင်းကျပ်သည့် စည်းကမ်းများထားရှိပါက တရားဝင် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေပြီး မှောင်ခိုကုန်သွယ်ရေးကို တွန်းပို့နေသကဲ့သို့ ဖြစ်နေသည်ဟု ကုန်သည်များက ဝေဖန်နေကြသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook