ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ခိုးကူးခွေအရောင်းဆိုင်များကို လိုင်စင်လုပ်ပေးရန် စီစဉ်
ဝီရ / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ခိုးကူးခွေဟု အများခေါ်သည့် ပြည်တွင်းပြည်ပ ဆင်ဆာမဲ့ စီဒီ၊ ဗွီစီဒီ၊ ဒီဗွီဒီအချပ်မျိုးစုံတို့ကို တရားမဝင် ရောင်းချနေသည့် လမ်းဘေးအရောင်းဆိုင်များကို တရားဝင် ရောင်းချခွင့်လိုင်စင်များ ပြုလုပ်ပေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးဝင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ကော်ပီခွေ ဈေးကွက် လျှော့ချနိုင်ဖို့အတွက် စီစဉ်တာဖြစ်တယ်။ ကော်ပီခွေတွေရဲ့ နေရာကို အခွေအစစ်နဲ့ ဖြန့်ချိရေးဘက်ကလည်း ဈေးလျှော့ချပြီး အဲဒီဆိုင်တွေကို ရောင်းစေမှာပေါ့။ ဒီနည်းလမ်းက Copy ခွေတွေကို တိုက်နိုင်ဖို့ နောက်ဆုံးနည်းလမ်းတလမ်းအဖြစ် တွေ့ရှိထားတာကို အကောင်အထည်ဖော်တာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် စည်ပင်သာယာရေး ကော်မတီဝင်တို့ ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ဆုံပြီး ယင်းကဲ့သို့ စီစဉ်သွားရန် သဘောတူခဲ့ကြခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်ကို ရန်ကုန်တိုင်းအတွင်း၌ စတင်အကောင်ထည်ဖော်သွားမည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်တွင်းထုတ် ဗွီဒီယို၊ သီချင်း ဗွီစီဒီအချပ် ရောင်းအား တက်လာမည်မှန်သော်လည်း လမ်းဘေးဆိုင်များသို့ ရောင်းချမည့် ဈေးနှုန်းကို ထပ်လျှော့ချရသည့်အပေါ် ဖြန့်ချိရေး ကိုယ်စားလှယ်အချို့နှင့် သဘောတူညီမှု ရရှိရန် လိုအပ်သေးကြောင်း အဆိုပါ ဂီတအစည်းအရုံးဝင်က ရှင်းပြသည်။

ဂီတနှင့်ဆိုင်သည့် ဖြန်ချိရေးကိုယ်စားလှယ်အများစုက ယင်းအစီအစဉ်ကို ကြိုဆိုကြသော်လည်း ဗွီဒီယိုထုတ်လုပ်သူအချို့က လက်မခံကြချေ။

ရန်ကုန်မြို့မှ ဗွီဒီယိုထုတ်လုပ်ရေးနှင့် ဖြန်ချိရေးကိုယ်စားလှယ်တဦးက “ဒီကိစ္စက တပြည်လုံးအနေနဲ့မလုပ်ဘဲ ဒီလိုကွက်လုပ်လို့ အောင်မြင်မှာ မဟုတ်ဘူး။ ခိုးကူးခွေရောင်းတဲ့သူထဲမှာ ကျနော်တို့လို မူရင်းဖြန့်ချိရေးသမားတချို့လည်း ပါဝင်ပတ်သက်နေတာ လူတိုင်းရိပ်မိတယ်။ ဥပဒေကြောင်းအရ ထိရောက်တဲ့အရေးယူမှုတွေ မလုပ်ဘဲနဲ့ တလွဲလျှောက်လုပ်နေရင် အားလုံး ထမင်းအိုးကွဲကုန်မှာ” ဟု ပြောကြားသည်။

ယခု အစီအစဉ်သစ်သည် စီဒီ၊ ဗွီစီဒီ၊ ဒီဗွီဒီအချပ်တို့၏ အရည်အသွေးအပေါ် မူတည်ပြီး လမ်းဘေးရောင်းချသည့်ဆိုင် ဈေးနှုန်းနှင့် မူရင်းဖြန့်ချိရေးဆိုင်များမှ အချပ် ဈေးနှုန်းတို့ အနည်းငယ် ကွာခြားနိုင်သော ထုတ်လုပ်ဖြန့်ချိမှု ပုံစံအသစ်တမျိုး ပေါ်ပေါက်လာ နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဥပမာ လမ်းဘေးဆိုင်အတွက် ဈေးသင့်တဲ့ ရိုးရိုးဗွီစီဒီနဲ့ဖြန့်သွားမယ်။ Quality ကောင်းတဲ့ ဗွီစီဒီနဲ့ မူရင်းဆိုင်တွေက ရောင်းမယ် ဆိုတဲ့ ပုံစံအသစ် ဖြစ်လာမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုတာကို ယုံလို့ လက်မခံနိုင်တာ” ဟု ထိုဗွီဒီယို ထုတ်/ဖြန့် ကိုယ်စားလှယ်က ဆိုသည်။

အခြေခံလူတန်းစားတို့ အားထားနေရသည့် ခိုးကူးခွေ ဈေးကွက်ကြောင့် မြန်မာနိုင်ငံ၏ ဗွီဒီယိုနှင့် ဂီတလောကတို့၏ ယန္တရားသည် ရပ်တန့်လုနီးပါး အဖြစ်များနှင့် ရင်ဆိုင်နေရပြီး ထိုပြဿနာကို ဖြေရှင်းနိုင်ရန် ခိုးကူးခွေတို့၏ ဈေးနှုန်းအတိုင်း မူရင်းခွေများကို ရောင်းချနိုင်မှ အောင်မြင်လိမ့်မည်ဟု ဂီတ ထုတ်လုပ်ဖြန့်ချိရေးတို့က ယူဆကြသည်။

ရန်ကုန်မြို့ပေါ်ရှိ မူရင်းဖြန့်ချိရေးဆိုင်များတွင် ကျပ်ငွေ (၁,၀၀၀ - ၁,၈၀၀) ကြား တင်ရောင်းသည့် မြန်မာဗွီစီဒီ၊ တေးသီချင်း (၁) ချပ်ကို မြို့ပေါ် လမ်းဘေးဆိုင်များတွင် ကြိုက်ရာ (၃) ခွေ (ဗွီစီဒီ ၃ ချပ်) ကို ကျပ် (၁,၀၀၀) ဖြင့် အလွယ်တကူ ဝယ်ယူနိုင်သည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook