ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ကရင်ဒုက္ခသည်များအား ဌာနေပြန်ပို့မှု ပို့သူတွင် တာဝန်ရှိဟု ကေအန်ယူ ပြောကြား
ရဲရင့် / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အကျပ်ကိုင်ပြီး ပြန်ပို့သည့်အတွက် ဆိုးဝါးသောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက အဓမ္မပြန်ပို့သည့် အဖွဲ့ကသာ လုံးဝတာဝန်ယူရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယနေ့ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်ကို ထိုင်းအာဏာပိုင်များက မနက်ဖြန်တွင်ပြန်ပို့မည့် ကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဖေဖော်ဝါရီ (၄) ရက် နေ့စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “အခုပြန်ပို့မယ့် အစီအစဉ်က ဒုက္ခသည်တွေရဲ့ဆန္ဒမပါဘဲ အတင်းအဓမ္မ ပြန်ပို့မယ့် အနေအထားဖြစ်နေတာကြောင့် ကေအန်ယူက ထုတ်ပြန်ထားတဲ့ အရင် ၂၀၀၀ ခုနှစ် ကြေညာချက်အတိုင်းပဲ။ အခုလည်း ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့မယ့်ကိစ္စကို ကေအန်ယူက လုံးဝလက်မခံနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

နိုင်ငံတကာမီဒီယာအချို့တွင် ဒုက္ခသည်ပြန်ပို့ရေးနှင့်ပတ်သက်၍ ဒီကေဘီအေနှင့် ကေအန်ယူ ပါဝင်ပတ်သက်မှုရှိသည့် သဘောမျိုး ရေးသားထုတ်လွှင့်ကြကြောင်း၊ အဆိုပါသတင်းထုတ်လွှင့်မှုများမှာ မဟုတ်မှန်ကြောင်း၊ ကေအန်ယူသည် အဖွဲ့ပေါ်လစီအတိုင်း ရပ်တည်ကြောင်းနှင့် အများသိရှိနိုင်ရန်အတွက် မိမိတို့သဘောထားကို ထပ်မံတင်ပြပြီး ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

၂၀၀၀ ခုနှစ်က ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ကေအန်ယူက ထုတ်ပြန်ထားသည့် သဘောထားကြေညာချက်များထဲတွင် မြန်မာပြည်အတွင်း နိုင်ငံရေးအရ ပြေလည်မှုနှင့် စစ်မှန်သောငြိမ်းချမ်းရေး မရရှိသေးသရွေ့ ဒုက္ခသည်များကို နေရင်းရပ်ရွာသို့ လည်းကောင်း၊ နအဖနှင့်၎င်းတို့၏ လက်အောက်ခံတခုခု၏ တပ်စခန်းတွင်လည်းကောင်း အဓမ္မပြန်လည်ပို့ဆောင်မှုများကို ကေအန်ယူက ကန့်ကွက်သည်ဟု ကြေညာထားသည်။

လုံခြုံမှု စားဝတ်နေရေးအတွက် ယူအန်အိပ်ခ်ျစီအာ၊ အန်ဂျီအိုနှင့် သက်ဆိုင်ရာနိုင်ငံ၏ အာဏာပိုင်များက ဒုက္ခသည်များကို စောင့်ရှောက်ရန်တာဝန်ရှိပြီး အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အတင်းအကျပ်ပြန်ပို့သည့်အတွက် ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက ပြန်ပို့သည့်အဖွဲ့ကသာ တာဝန်ယူရမည်ဟုလည်း ပါရှိသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က မနက်ဖြန် ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင်ကာ မြန်မာဘက်သို့ အပြီးပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “မနက်ဖြန် (၇) နာရီကစပြီး ဒေသလုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က နောင်ဘိုးစခန်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃၀) ကို အရင်စပို့မှာဖြစ်တယ်။ မပြန်ချင်လည်း အတင်းမောင်း ပြန်တော့ ဒုက္ခသည်တွေလည်း ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo