ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်တော့မည်
ဝီရ/ ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံသို့ သွယ်တန်းနေသော ပိုက်လိုင်း (၂) လိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို တရုတ်နိုင်ငံသို့ မကြာမီ တင်သွင်းတော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်မှ ၀ယ်ယူမည့် ရေနံကို ရခိုင်ပြည်နယ် ပင်လယ်ဆိပ်ကမ်းရှိ သိုလှောင်ကန်များမှတဆင့် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ဖြတ်၍ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနိုင်ရန် ပိုက်လိုင်း သွယ်တန်းရေး လုပ်ငန်းများနှင့် သိုလှောင်ကန်များ ဆောက်လုပ်ရေး စီမံကိန်းများကို ၂၀၁၀ ခု ပွင့်လင်းရာသီတွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းပိုက်လိုင်း (၂) လိုင်းအနက် (၁) လိုင်းကို ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ လုပ်ကွက် A1 နှင့် A3 မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ဝယ်ယူထားသော တရုတ်နိုင်ငံသို့ တင်သွင်းရာ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုဝင်းအောင်က ပြောသည်။

“တရုတ်က နအဖစစ်အစိုးရကနေ နှစ်စဉ် ဝယ်ယူထားတဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၂) ဘီလီယံကို အဲဒီပိုက်လိုင်းကနေ စတင်သွင်းမှာ ဖြစ်တယ်။ ကျောက်ဖြူဒေသက ပဒေးကျွန်းပေါ်မှာ ကုဗမီတာ (၆) သိန်းဆန့်တဲ့ သိုလှောင်ကန်ကြီးတွေ ဆောက်တာ ပြီးတော့မယ်။ ပိုက်လိုင်းသွယ်တာလည်း စတင်နေပြီ။ အဲဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အများကြီး ရင်ဆိုင်နေရတယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခေတ္တသိုလှောင်ရာ ပဒေးကျွန်းပေါ်ရှိ ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၆၀၀) ခန့်ကို ဖယ်ရှားခိုင်းခဲ့ပြီး ပိုက်လိုင်းသွယ်တန်းရာ ကုန်းပိုင်းတလျှောက် လယ်မြေအိမ်ခြေများကိုလည်း လျော်ကြေးတစုံတရာ ပေးဆောင်ခြင်းမရှိသေးဘဲ နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း ကိုဝင်းအောင်က ပြောသည်။

၎င်းက “နအဖက ဒီသဘာဝဓာတ်ငွေ့ကနေ တိုင်းပြည်ဝင်ငွေရဲ့ (၅၀) ရာခိုင်နှုန်းလောက် ရရှိနေပြီး သူတို့ရဲ့ စစ်လက်နက် ဝယ်ယူတဲ့နေရာမှာပဲ သုံးစွဲနေတယ်။ ဒီစီမံကိန်း ထပ်ဖြစ်လာရင် အမေရိကန်ဒေါ်လာ ဘီလီယံချီ ထပ်ရဦးမယ်။ ပြည်သူ့ကောင်းကျိုးအတွက်မလုပ်ဘဲ စစ်အာဏာရှင်သက်ဆိုးရှည်ရေးမှာသာ ဒီဝင်ငွေတွေကို သုံးနေတဲ့ အစိုးရလက်ထက်မှာ ဒီစီမံကိန်းကြီး ရပ်တန့်သွားအောင် နိုင်ငံတကာကလည်း ၀ိုင်းဝန်းကူညီကြပါ။ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကွယ်အကာပေးနိုင်မယ့် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတဲ့အချိန်ကျမှ ဒီလိုစီမံကိန်းတွေ စတင်လုပ်သင့်တယ်” ဟု တောင်းဆိုလိုက်သည်။

ပိုက်လိုင်းများ သွယ်တန်းရာတွင် ဒေဝူးနှင့် ဟွန်ဒိုင်းကုမ္ပဏီတို့က တာဝန်ယူပြီး ရေနံပိုက်လိုင်းသည် မလက္ကာရေလက်ကြားမှ သယ်ယူရမည့် ခရီးရှည်ထက် သက်သာကာ တနှစ်လျှင် ရေနံစိမ်းတန်ချိန် (၁၂) သန်းအထိ တင်သွင်းနိုင်ကြောင်း ယမန်နေ့
ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရောင်းရငွေ တခုတည်းအတွက် နှစ်ပေါင်း (၃၀) အတွင်း အမေရိကန်ဒေါ်လာ (၂၉) ဘီလီယံ ရရှိမည်ဖြစ်သည်ဟု သိရသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook