ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ
ဝီရ/ ၈ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

ကမ္ဘာ့အံ့ဖွယ် သမိုင်းဝင် ကျိုက်ထီးရိုးစေတီ၏ တောင်တော်တဝှမ်းတွင် ရေခန်းခြောက်မှုဒဏ် ဆိုးကျိုးများနှင့် စတင်ရင်ဆိုင်နေရပြီး သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုလည်း အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဓိကအကြောင်းရင်းမှာ ဘုရားတောင်ပေါ်တွင် လူသူနေထိုင်မှု ထူထပ်လာပြီး မလိုလားအပ်သော အမှိုက်သရိုက် များပြားလာခြင်းကြောင့် ဖြစ်ရကြောင်း ကျိုက်ထီးရိုး ရင်ပြင်တော် ဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “အဓိကက သစ်တော ပြုန်းတီးလာတာရယ်၊ လူနေထိုင်တာ များလာပြီး ပလတ်စတစ်လို အမှိုက်တွေ များလာတဲ့အတွက် တောင်ကြားက စမ်းချောင်းလေး တွေကအစ ရေနည်းပါးလာတာ တွေ့ရတယ်။ ဒီနှစ် ဘုရားဖူးတွေကလည်း များလာတော့ ရင်ပြင်ပေါ်မှာ ရေမလုံလောက်တာနဲ့ ရင်ဆိုင်ရတာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၊ ဇန်နဝါရီလများက ဘုရားဖူး လာရောက်လည်ပတ်မှုမှာ တရက်လျှင် ဦးရေ (၅) သောင်းကျော်အထိ များပြားလာပြီး ထိုအချိန်မှစ၍ ရင်ပြင်ပေါ်၌ ရေလုံလောက်မှု မရှိတော့ကြောင်း ဂေါပကအဖွဲ့ဝင်က ဆိုသည်။

ပင်လယ်ရေ မျက်နှာပြင်ထက် (၃,၆၂၅) ပေ (၁,၁၀၀) ကီလိုမီတာခန့်မြင့်သော ကျိုက်ထီးရိုး ရင်ပြင်ပေါ် အဆောက်အဦများ အတွက် သုံးစွဲရေကို တောင်ခြေရှိ မိုးဘောချောင်းငယ်ကို (၄) နေရာပိုင်းဖြတ်ကာ လောပိတရေအားလျှပ်စစ်စက်ရုံမှ အချိန်ပိုင်းဖြင့် လျှပ်စစ်ပေးဝေနေချိန်၌သာ ရေဆွဲတင်နေရကြောင်း သိရသည်။

“မီးက တနေ့ကို ပုံမှန် (၈) နာရီနဲ့ (၁၀) နာရီလောက်ပေးရင် ရေဆွဲတင်တာ လုံလောက်တာပေါ့။ တခါတလေ မီးက မမှန်တော့ အခက်အခဲဖြစ်တာပေါ့။ ဒီပွင့်လင်းရာသီမှာ တခါတလေ မီးသတ်ရုံလှောင်ကန်ထဲက ရေကိုတောင် သုံးနေရတဲ့အခြေအနေ ရှိလာတယ်။ ချောင်းရေကလည်း နည်းလာနေတယ်။ ဒါကြောင့် လာမယ့် နွေရာသီကုန်ဆုံးတဲ့အထိ ရေမပြတ်ဖို့အတွက် ရင်ပြင်ပေါ်မှာ သိုလှောင်ကန်တွေ ဆောက်ဖို့ရှိပါတယ်။ ဒါမှ မပူပန်ရတော့ဘူးပေါ့” ဟု ဂေါပကအဖွဲ့ဝင်က ဆက်လက် ပြောကြားသည်။

မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တည်ရှိသော ကျိုက်ထီးရိုးစေတီတော်၏ ရင်ပြင်ပေါ်တခုတည်း၌ တည်းခိုခန်းနှင့် ထမင်းဆိုင်အပါအဝင် ကုန်စုံဆိုင်ပေါင်း (၈၀) ခန့်ရှိသည်။

သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုကို ထိန်းသိမ်းစောင့်ရှောက်သွားရေးအတွက် ကျိုက်ထီးရိုး တောင်တော်တခုလုံးကို ပလတ်စတစ် ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်သွားရန်လည်း စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်းလျက်ရှိပြီး ရိုးရာပစ္စည်းများ အတွက် သစ်၊ ဝါး စသည်တို့ကို ထိုတောင်ပေါ်မှ ခုတ်ထွင်းခြင်း လုံးဝမပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

စေတီတော်၏ အနောက်ဘက် ကျီးကန်းပါးစပ် လိုဏ်ဂူတည်ရှိရာ အောက်ဘက် အများသုံးနေသည့် ရေတံခွန်ကိုလည်း ပိတ်ပင်ထားကြောင်း မကြာသေးမီက ရောက်ရှိခဲ့သူတဦးက ပြောသည်။

၎င်းက “ရေတံခွန်မှာလည်း ရေမရှိတော့ဘူး။ ခါတိုင်းဆို အဲဒီနားမှာရှိတဲ့ ဘုန်းကြီးကျောင်းရောက်တာနဲ့ ရေတံခွန်အထိ မဆင်းနိုင်တဲ့လူတွေက စမ်းချောင်းလေးတွေမှာ ရေဆင်းချိုးလို့ရသေးတယ်။ အခုတော့ ကွာခြားသွားပြီ။ ဒါကြောင့် ရေမကူးဖို့ တားမြစ်ထားတာ ထင်တယ်။ အခုဆို ကျိုက်ထီးရိုးပေါ်မှာ ရေသန့်တဘူးကို ကျပ် (၁,၀၀၀) အထိ ပေးဝယ်ရတဲ့နေရာလည်း ရှိလာတယ်” ဟု ဆိုသည်။

ဘုရားဖူး လာရောက်မှု များပြားနေဆဲဖြစ်သည့် ယခုကာလတွင် ရင်ပြင်ပေါ်ရှိ တည်းခိုခန်း၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်တန်းများသို့ ရေပေးဝေမှု ချွတ်ယွင်းလာခြင်းကြောင့် ဘုရားဖူးများ ရေမလုံလောက်မှု အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရသည်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo