ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး
ပေါက်ပေါက်/ ၉ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

အပစ်ရပ် ရှမ်းပြည်တပ်မတော်မှ ခေါင်းဆောင်များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်နေသည့် စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုလ (၆) ရက်တွင် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၌ တွေ့ဆုံခဲ့ပြီး ပြည်သူ့စစ် အသွင်ပြောင်းရေး အတွက် ထပ်မံဖိအားပေး ပြောဆိုခဲ့သည်။

ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖတို့ (၂) ဦးနှင့် တွေ့ဆုံရာတွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြည်သူ့စစ်အသွင်ပြောင်းရေးအတွက် ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ကြောင်း ရှမ်းခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့် ပြောတဲ့သဘောကတော့ အသွင်ပြောင်းတာ ပြတ်ပြတ်သားသားလုပ်၊ ဒီလမကုန်ခင် အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင်တော့ ပြန်ပြီး စစ်တိုက်ကြတာပေါ့ ပုံစံမျိုးအထိ ပြောနေတယ်။ အခုတခေါက် သူတို့တွေ့တာ ဗိုလ်ရဲမြင့်က တင်းတင်းမာမာနဲ့ ပြောခဲ့တယ်” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့ကျေးရွာတွင် အခြေစိုက်ထားသည့် ရှမ်းပြည်တပ်မတော်အား ပြည်သူ့စစ် အသွင် ပြောင်းရန် နအဖက ယမန်နှစ်၊ ဧပြီလကုန်ပိုင်းက စတင်ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်းတွင် တပ်ဖွဲ့အတွင်း တပ်မှူး၊ တပ်သားများက ပြည်သူ့စစ်အသွင်ပြောင်းရေးကို လက်မခံနိုင်ဘဲ ဖြစ်နေကြသည်။

သို့အတွက် ရှမ်းတပ်ဖွဲ့ခေါင်းဆောင်များက အောက်ခြေတပ်မှူး၊ တပ်သားများအား လိုက်လံဖြေရှင်း၊ ဖျောင်းဖျနေရသကဲ့သို့ နအဖဘက်ကလည်း အသွင်ပြောင်းရေးအတွက် တစိုက်မတ်မတ် ပြောဆိုနေရာ ယခု နောက်ဆုံး ရာဇသံပေးသည်အထိ ပြောဆိုလာခြင်းဖြစ်သည်။

နအဖက အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်တွင် အခြေစိုက်ထားသည့် အပစ်ရပ်အဖွဲ့အား နယ်ခြားစောင့်တပ်အဖြစ်လည်းကောင်း၊ နယ်စပ်နှင့်ဝေးသည့် ရှမ်းပြည်တပ်မတော်ကဲ့သို့သော အဖွဲ့အား ပြည်သူ့စစ်အဖြစ်လည်းကောင်း အသွင်ပြောင်းဖွဲ့စည်းရန် ဖိအားပေး ပြောဆိုနေခြင်းဖြစ်သည်။

အသွင်မပြောင်းသေးသည့်အဖွဲ့အား စစ်ရေးအရ တိုက်ရိုက်တိုက်ခိုက်ရန်ဆိုသည်မှာ နအဖအနေဖြင့် လွယ်လင့်တကူလုပ်၍ မရဘဲ အခက်အခဲများရှိနေသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်လက်မခံလို့ တိုက်ရတာထက် ဘိန်းကိစ္စတို့၊ ဘာတို့နဲ့ အကြောင်းပြပြီး လုပ်နိုင် ပါတယ်။ ဒါပေမယ့် လုပ်လို့မရဘူးဖြစ်နေတယ်။ သူတိုက်လို့မရတဲ့ခါကျတော့ တိုင်းရင်းသားတွေအပေါ် သွေးခွဲသပ်လျှိုတာတို့၊ ဦးမင်းအိမ်လုပ်ကြံခံရတဲ့ကိစ္စကို ဝအဖွဲ့က လုပ်တဲ့ပုံမျိုး လုပ်လာတယ်။ အခုပြဿနာက နိုင်ငံရေးပြဿနာဖြစ်ပေမယ့် ဗမာစစ်ဗိုလ်တစုရဲ့ လုပ်ဆောင်မှုတွေကြောင့် တိမ်းစောင်းမှုဟာ အမျိုးသားရေးအထိ ဦးတည်သွားနေတယ်။ အပစ်ရပ်တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံက သွေးစည်းညီညွတ်ပြီး နအဖကို ရင်ဆိုင်ဖို့ ပြင်တာဟာ ကောင်းတဲ့လက္ခဏာ ဆိုပေမယ့် လူမျိုးရေးပြဿနာအတွက် မီးပွားဖြစ်နိုင်ပါတယ်။ ဒါဟာ နအဖမှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။

၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်တွင် နဝတကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် ရှမ်းတပ်ဖွဲ့ ကိုယ်စားလှယ်အကြား လားရှိုးမြို့၌ ငြိမ်းချမ်းရေးယူရန် ဆွေးနွေးစဉ်က နောင်တက်လာမည့်အစိုးရဖြင့်သာ နိုင်ငံရေးဆွေးနွေး မည်ဆိုသည့် သဘောတူညီချက်အရ ယခုအခါတွင် အသွင်ပြောင်းရေးကိစ္စကို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တပ်မှူးနှင့် အောက်ခြေအဆင့်က လက်မခံနိုင်ဘဲ ဖြစ်နေသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook