ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့
စိုးမိုး/ ၉ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

အင်တာနက်ဆိုင် လိုင်စင်ကြေးနှင့် လစဉ်ကြေးများကို ဆိုင်ဖွင့်လှစ်မှုများသည့် ရန်ကုန်မြို့တွင်း မြို့နယ်များ မပါဝင်ဘဲ ဆိုင်နည်းပါးသည့် ရန်ကုန်တိုင်း (၇) မြို့နယ်နှင့် နယ်မြို့များကိုသာ ကွက်ကြား လျှော့ချပေးကြောင်း သိရသည်။

အင်တာနက်ဆိုင် လိုင်စင်ကြေး ကောက်ခံခွင့် ရရှိထားသည့် မြန်မာအင်ဖိုတက်ခ်ျက ယခင် အင်တာနက်ဆိုင်ဖွင့်ခွင့် လိုင်စင်ကြေး (၅) သိန်း၊ လစဉ်ကြေး (၅) သောင်းကျပ်မှ လိုင်စင်ကြေး (၂) သိန်း၊ လစဉ်ကြေး (၂) သောင်းကျပ်သို့ ဆိုင်အားလုံး တပြေးညီ မဟုတ်ဘဲ လျှော့ချပေးခြင်းဖြစ်သည်။

“မြို့ထဲဆိုင်တွေ မပါဘူး။ လစဉ်ကြေးက (၆) လတခါ ပေးရတယ်။ (၃) သိန်း။ စည်ပင်ခွန်က တနှစ်ကို (၂) သောင်းခွဲ။ အမြတ်ခွန်နဲ့ ၀င်ငွေခွန် ပေးရသေးတယ်” ဟု လသာမြို့နယ်မှ အင်တာနက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အင်တာနက်ဆိုင်များမှာ အင်တာနက် ကော်နက်ရှင် မကောင်းခြင်း၊ လျှပ်စစ်မီးမရခြင်း၊ ဆိုင်ဖွင့်လှစ်မှု များပြားလာခြင်းတို့ကြောင့် အင်တာနက် အသုံးပြုခကို အပြိုင်အဆိုင် လျှော့ချလာရသည့်အတွက် စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ ဆိုင်ဖြုတ်သိမ်း အလုပ်ရပ်နားလိုက်ရသည့် ဆိုင်များပင်ရှိလာကြောင်း ၎င်းက ပြောသည်။

ယခု လိုင်စင်ကြေး လျှော့ပေးသည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်တို့နှင့် နယ်ဒေသ အားလုံးပါဝင်ကြောင်း သိရသည်။

အင်တာနက် ကော်နက်ရှင် မကောင်းခြင်း၊ လျှပ်စစ်မရခြင်း၊ အင်တာနက် အသုံးပြုမှုကြောင့် အီလက်ထရောနစ် ဥပဒေဖြင့် ဖမ်းဆီး ထောင်ချနေခြင်းတို့ကြောင့် ယခုကဲ့သို့ လိုင်စင်ကြေး လျှော့ချပေးရုံ တခုတည်းဖြင့် နယ်ဒေသတို့တွင် အင်တာနက်ဆိုင်များ ထပ်တိုးဖွင့်လှစ်နိုင်ခြေ မရှိကြောင်း မြန်မာ ကွန်ပျူတာပညာရှင်အသင်း အမှုဆောင်တဦးက သုံးသပ်သည်။

အင်တာနက်ဆိုင်များ ဖွင့်လှစ်ခွင့် လိုင်စင်အပါအ၀င် လစဉ်ကြေးကို မြန်မာ အင်ဖိုတက်ခ်ျမှ မှန်မှန်ကောက်ခံနေသော်လည်း အင်တာနက်ဆိုင်များအား ၀န်ဆောင်မှုပေးခြင်း၊ လူတန်းစားအားလုံး အင်တာနက် အသုံးပြုနိုင်ရေးအတွက် ၀န်ဆောင်ခ လျှော့ပေးခြင်းတို့ မရှိသည့်အပြင် အင်တာနက် ကော်နက်ရှင်များလည်း ကောင်းမွန်ခြင်း မရှိကြောင်း အဆိုပါ
အမှုဆောင်ဖြစ်သူက ပြောဆိုသည်။

၎င်းက “ဟိုဟာဒီဟာတွေ လုပ်ပေးမယ် ဘာညာနဲ့ လိုင်စင်ကြေးရအောင် လုပ်ခွင့် လူကြီးတွေဆီ တောင်းပြီး ငွေပဲထိုင်ကောက်နေတာ။ ဘာနဲ့ တူလဲဆိုတော့ လူစည်ကားရာ ဈေးဘာညာတွေမှာ စစ်မှုထမ်းဟောင်းတွေ ကား၊ ဆိုင်ကယ် အအပ်ခံသလိုပဲ။ လာသမျှ ကောက်တယ်၊ ပျောက်ရင် သူတို့နဲ့မဆိုင်ဘူး။ ဘာမှလဲ service မပေးဘူး” ဟု ဆိုသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook