ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား
တက်လူ/ ၉ ဖေဖော်ဝါရီ ၂ဝ၁ဝ

line

 

မီးလောင်ပြင်မြေနေရာကို စနစ်တကျ မြေကွက်သတ်မှတ်ခြင်းမရှိဘဲ နဂိုမူလအတိုင်း ပြန်လည်နေရာချပေးခြင်းသည် နောက်ထပ်မီးဘေး အန္တရာယ်အတွက် စိုးရိမ်ရကြောင်း မီးသတ်အရာရှိတဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၂၅) ရက်၌ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၃) စုမှ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသူများကို မီးလောင်ပြင်နေရာတွင်ပင် ပြန်လည်နေရာချထားရန်ရှိကြောင်း အဆိုပါရပ်ကွက် ကြံ့ဖွံ့ရုံး၏ ပြောဆိုချက်အပေါ် ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိတဦးက ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “အဲဒီနေရာမှာပဲ နေရာ ပြန်ချပေးမယ်ဆိုရင် နောင်လည်း မီးဘေးအန္တရယ်တွေအတွက် စိတ်မချရဘူး။ လမ်းတွေက ကျဉ်းတယ်။ အဲဒီနေရာကို လမ်းတွေ ပြန်ချဲ့၊ ပြီးတော့ စနစ်တကျ မြေကွက်တွေ ပြန်သတ်မှတ်၊ ပြီးတော့မှ နေရာ ပြန်ချပေး သင့်တယ်” ဟု ပြောသည်။

အဆိုပါ မီးလောင်မှုသည် ငါးထပ်ကြီး (ငါးတောင်ရပ်ကွက်) ရှိ အိမ်အမှတ် (၁၄၂) မှ အိမ်ရှင် ဦးခင်စိုးမိသားစု နေထိုင်သော (၁၀) ပေ (၁၅) ပေ သွပ်မိုး ပျဉ်ထောင်အိမ်မှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ခြင်းဖြစ်ပြီး မီးသတ်ကားများ အလွယ်တကူ ၀င်ရောက်နိုင်ရန် လမ်းမရှိသည့်အတွက် မီးလောင်မှုမှာ အခြားနေအိမ်များသို့ မိနစ်ပိုင်းအတွင်း ကူးစက်ရာမှ နေအိမ် (၁၃) လုံး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

မီးဘေးသင့်ခံခဲ့ရသူတဦးက “ရှင်းရှင်းပြောရရင် အဲဒီနေ့က မီးစလောင်တဲ့အိမ်ကနေ ကျမတို့အိမ်ဘက်ကို ကူးလာတာဟာ မီး သတ်ကားတွေက ၀င်လို့မရတဲ့အတွက် မီးကူးတာပါ။ အဲဒီတော့ ခုလည်း အဲဒီနေရာမှာပဲ ပြန်နေရမယ်ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ ဖြစ်မိပါတယ်။ ကျမတို့လို လက်လုပ်လက်စား မိသားစုတွေအနေနဲ့တော့ တခြားတနေရာကို ပြောင်းဖို့ဆိုတာလည်း မလွယ်တဲ့ကိစ္စပါ” ဟု ပြောသည်။

မီးလောင်မှုကြောင့် နေစရာမဲ့ဖြစ်သွားသော အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၉၆) ဦးကို ယခုလောလောဆယ်တွင် ငါးထပ်ကြီး ဘုရားလမ်းရှိ တိုင်းရင်းဆေးရုံ အနောက်ဘက်ရှိ ခန်းမတခုတွင်ထားကြောင်း ယင်းနေရာသို့ သွားရောက်လှူဒါန်းခဲ့သည့် ဗဟန်းဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့်လက မရမ်းကုန်းမြို့နယ်အတွင်းရှိသော ကျူးကျော်နေအိမ်များကို ရန်ကုန်မြို့တော်ဝန်က ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာမြို့နယ်တွင် ပြန်လည်နေရာချထားပေးခဲ့ကြောင်း ပြည်တွင်းသတင်းဂျာနယ်များက ဖော်ပြကြသည်။

ရန်ကုန်စည်ပင်အရာထမ်းတဦး၏ ပြောပြချက်အရ ယင်းသို့ နေအိမ်များ ကျူးကျော်ဆောက်လုပ်နေထိုင်မှုမှာ မြို့အင်္ဂါရပ်ကို များစွာ ထိခိုက်သည့်အတွက် ယင်းသို့ ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီလို နေစရာ ထိုင်စရာမရှိလို့ မြေအလွတ်တွေ့တဲ့နေရာမှာ ကျူးကျော်ဆောက်လုပ်နေထိုင်သူတွေကို မြို့အင်္ဂါနဲ့မညီဘူးလို့ ပြောတယ်ဆိုရင် အခုလည်း ငါးထပ်ကြီး (ငါးတောင်ရပ်ကွက်) ကို လာကြည့်စေချင်တယ်။ မြို့အင်္ဂါရပ်နဲ့ ညီလား၊ မညီလား ဆိုတာကို” ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

ယင်းမီးလောင်မှုဖြစ်ပွားရာ ဗဟန်းမြို့နယ် ငါးထပ်ကြီး ငါးတောင်ရပ်ကွက်သည် ဆိုက်ကားများသာ ၀င်နိုင်သော လမ်းကျဉ်း ပေါများခြင်း၊ လမ်းသား မညီညာခြင်း၊ ယာဉ်ကြီးများ မ၀င်နိုင်ခြင်းတို့အပြင် နေအိမ်များမှာလည်း တအိမ်နှင့်တအိမ် ပူးကပ်ကာ သွပ်မိုးပျဉ်ကာ၊ သွပ်မိုးထရံကာ အိမ်များသာဖြစ်ကြသောကြောင့် မီးလောင်မှုဖြစ်ပွားရန် အလွန်လွယ်ကူကြောင်း အဆိုပါရပ်ကွက်တွင်း နေသူများက ပြောသည်။

ဗဟိုမီးသတ်ဦးစီးက ထုတ်ပြန်သော စာရင်းများအရ ၂၀၀၉ ခုနှစ်အတွင်း နိုင်ငံတ၀န်းမီးလောင်မှု (၇၁၄) ကြိမ် ရှိခဲ့ပြီး လျှပ်စစ်မီးမှ ဖြစ်ပွားသည့် မီးလောင်မှုပေါင်း (၁၄၇) ကြိမ် ရှိကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိတွင် မီးလောင်မှုအကြိမ်ပေါင်းမှာ (၁၀၉၆) ကြိမ် ရှိကြောင်း သိရသည်။


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook